



unicode

မင်းသမီးချောလေးဆုမြတ်နိုး ဦးကတော့ ချစ်စရာ ကောင်းတဲ့ အပြုံးလေး တွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပြီး ချစ်စရာ ပုံစံလေးနဲလ ရိုက်ကူးထားတဲ့ ကြွေလောက်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုအားပေးတဲ့ပရိသတ် တွေရှေ့ချပြလေ့ရှိပါတယ်။ ကျော်ကျေ ာ်ကတော့ ပရိသတ်တွေကိုပျော်ရွှင်အောင်အမြဲစနောက် လေ့ရှိတဲ့အပြင် အခွီဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာ ထက်တက်ပေးလေ့ရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။

ကျော်ကျော် ဆုမြတ်နိုးဦး ညီထွဋ်ခေါင် တို့ သူငယ်ချင်းသုံးယောက် ကတော တစ်ယောက် နဲ့ တစ်ယောက် အမြဲစနောက် လေ့ရှိပေမယ့် မစိတ်မဆိုးကြဘဲ နှစ်အတော်ကြာခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းအရင်းကြီးပဲ ဖြစ်ပါတယ်။ကြော်ငြာ တွေကိုလည်း အတူရိုက်ကူး တဲ့အပြင်ဟာသဗီဒီယိုလေး တွေကိုလည်း အတူရိုက်ကူးလျက်ရှိနေတဲ့ သူတို့သူငယ်ချင်း၃ယောက်ကတော့ ရယ်မောစရာကောင်းတဲ့ Tiktok လေးတွေကိုလည်း ဆော့ကစားလေ့ရှိတာပဲဖြစ်ပါတယ်။

ဆုမြတ်နိုးဦး ကတော့ ယခုမှာ ကကွက်ဆန်း တွေနဲ့အမိုက်စားကပြနေတဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင်တို့ကြောင့် ဆက်မကနိုင်အောင် အူတက်အောင်ရယ် နေခဲ့ပါတယ်။ ကြည့်မိသူတိုင်းကို ပြုံးပျော်ရွှင် ခဲ့တဲ့ ကျော်ကျော်၊ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ရဲ့ ဗီဒီယိုဖိုင်လေး ဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်နဲ့ ညီထွဋ်ခေါင် တို့ကြောင့် အူတက်အာင်ရယ်နေတဲ့ ဆုမြတ်နိုးဦးရဲ့ Tiktok ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :Kyaw Naing Oo ‘ s Tiktok Acc