ဂီတလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိ ထားတဲ့ အဆိုတော် ရေဗက္ကာဝင်း ကတော့ လက်ရှိအခြေအနေတွေမှာ အလုပ်အကိုင် ရပ်နားထားရလို့ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ကို ဆက်တိုက် ပြုလုပ်နေပြီး တတ်နိုင်သလောက် ပါဝင်နေတာလည်း ဖြစ်ပါတယ်။ပြည်သူတစ်ယောက်အနေနဲ့ ကျရာတာဝန်ထမ်းနေတဲ့ ရေဗက္ကာဝင်း ကတော့ ဒီနေ့မှာလည်း အလှူရှင်တွေ နဲ့ စုပေါင်းကာ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ရန်ကုန်ကပြည်သူအချို့အတွက် စားသောက်ကုန်တွေလှူဒါန်းခဲ့ တဲ့ အပြင် ကချင်ပြည်နယ် စစ်ဘေးရှောင် ကလေးငယ်တွေ အတွက် အရုပ်များ လှူဒါန်းခဲ့ပါတယ်။

သူမရဲ့ အလှူနဲ့ ပတ်သက်ပြီးလည်း “ဒီနေ့ စေတနာရှင်များ ဖြစ်ကြတဲ့ LA မှ အန်တီသိန်းသိန်း ရီ၊ ကိုဂျွန် + မမိုးမိုး ၊ ကိုဆိုနီ + မမိုးမိုးညွုန့်၊ ဒေါ်အုန်းမြင့် ၊ Dr. လမင်းတာရာ + Dr. မိုးငယ်ငယ်၊ Dr. အောင်မျိုးသန့် + မဝေဝေလွင်၊ မသီတာ D Kitchen၊ မရီရီဝင်း၊ ကိုဇော်မိုးနိုင်၊ မဆင့်ဆင့်အောင် San Francisco မှ ကိုMilton Yang Nestle Myanmarတို့နဲ့ အတူ လိုအပ်နေတဲ့ ရန်ကုန်မှ ပြည်သူများအတွက် အိမ်ထောင်စု တစ်စုကို ပေါင်းရှည်ဆန် ၃ပြည် နေကြာဆီ ၁လီတာ ပဲကြာဇံ ပဲနီလေး ခေါက်ဆွဲခြောက်တစ်ပုံး Maggi စွယ်စုံသုံး ဟင်းခတ်မှုန့် တို့ကို စုပေါင်းလှူဒါန်း ခဲ့ပါတယ်။

ကျမအနုပညာသက်တမ်း(၁၇) နှစ်အတွင်း ပရိသတ်များမှ ချစ်ခင်မှုနဲ့ ပေးထားခဲ့တဲ့ အရုပ်တွေအားလုံးကို Shingni Nbat(အနုပညာပိုးသဘက်) မှတဆင့် ချစ်ခြင်းနဲ့ နွေးထွေးမှု လိုအပ်နေတဲ့ ကချင်ပြည်နယ်စစ်ရှောင်စခန်းမှ ကလေးများထံ လှူဒါန်းခဲ့ပါတယ်ရှင်”ရေးသားဖော်ပြထား ရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Rebecca Win

zaw gyi

ဂီတေလာကမွာ ေအာင္ျမင္မႈေတြအခိုင္အမာရရွိ ထားတဲ့ အဆိုေတာ္ ေရဗကၠာဝင္း ကေတာ့ လက္ရွိအေျခအေနေတြမွာ အလုပ္အကိုင္ ရပ္နားထားရလို႔ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ လႉဒါန္းမႈေတြ ကို ဆက္တိုက္ ျပဳလုပ္ေနၿပီး တတ္နိုင္သေလာက္ ပါဝင္ေနတာလည္း ျဖစ္ပါတယ္။ျပည္သူတစ္ေယာက္အေနနဲ႔ က်ရာတာဝန္ထမ္းေနတဲ့ ေရဗကၠာဝင္း ကေတာ့ ဒီေန႔မွာလည္း အလႉရွင္ေတြ နဲ႔ စုေပါင္းကာ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ရန္ကုန္ကျပည္သူအခ်ိဳ႕အတြက္ စားေသာက္ကုန္ေတြလႉဒါန္းခဲ့ တဲ့ အျပင္ ကခ်င္ျပည္နယ္ စစ္ေဘးေရွာင္ ကေလးငယ္ေတြ အတြက္ အ႐ုပ္မ်ား လႉဒါန္းခဲ့ပါတယ္။

သူမရဲ့ အလႉနဲ႔ ပတ္သက္ၿပီးလည္း “ဒီေန႔ ေစတနာရွင္မ်ား ျဖစ္ၾကတဲ့ LA မွ အန္တီသိန္းသိန္း ရီ၊ ကိုဂၽြန္ + မမိုးမိုး ၊ ကိုဆိုနီ + မမိုးမိုးညြဳန႔္၊ ေဒၚအုန္းျမင့္ ၊ Dr. လမင္းတာရာ + Dr. မိုးငယ္ငယ္၊ Dr. ေအာင္မ်ိဳးသန႔္ + မေဝေဝလြင္၊ မသီတာ D Kitchen၊ မရီရီဝင္း၊ ကိုေဇာ္မိုးနိုင္၊ မဆင့္ဆင့္ေအာင္ San Francisco မွ ကိုMilton Yang Nestle Myanmarတို႔နဲ႔ အတူ လိုအပ္ေနတဲ့ ရန္ကုန္မွ ျပည္သူမ်ားအတြက္ အိမ္ေထာင္စု တစ္စုကို ေပါင္းရွည္ဆန္ ၃ျပည္ ေနၾကာဆီ ၁လီတာ ပဲၾကာဇံ ပဲနီေလး ေခါက္ဆြဲေျခာက္တစ္ပုံး Maggi စြယ္စုံသုံး ဟင္းခတ္မႈန႔္ တို႔ကို စုေပါင္းလႉဒါန္း ခဲ့ပါတယ္။

က်မအႏုပညာသက္တမ္း(၁၇) ႏွစ္အတြင္း ပရိသတ္မ်ားမွ ခ်စ္ခင္မႈနဲ႔ ေပးထားခဲ့တဲ့ အ႐ုပ္ေတြအားလုံးကို Shingni Nbat(အႏုပညာပိုးသဘက္) မွတဆင့္ ခ်စ္ျခင္းနဲ႔ ေႏြးေထြးမႈ လိုအပ္ေနတဲ့ ကခ်င္ျပည္နယ္စစ္ေရွာင္စခန္းမွ ကေလးမ်ားထံ လႉဒါန္းခဲ့ပါတယ္ရွင္”ေရးသားေဖာ္ျပထား ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

Yuan – Cele Zone

Photo – Rebecca Win