Yin Khat Pan ( Writer – LLA )
unicode
အသက်​အရွယ်​နဲ့မလိုက်​​အောင်​ နုပျို​နေတဲ့ မင်းသမီး ​မေကဗျ ာက​တော့ Single Mom လို့​တောင် ​မထင်​ရ​အောင်​ လူငယ်​ဆန်​တဲ့ အလှပိုင်​ရှင်​ မင်းသမီးတစ်​​ယောက်​ပဲဖြစ်​ပါတယ်​။​​မေကဗျာကို ဇာတ်​လမ်းတွဲ​တွေထဲမှာလည်း သဘာဝကျတဲ့သရုပ်​​ဆောင်​မှု​တွေနဲ့ ​တွေ့ရသလို အခုအချိန်​မှာလည်း ​ဖေ့ဘွက်​​ပေ့ချ်​​တွေမှ တစ်​ဆင့် Live ​တွေမှာ မြင်​​တွေ့​နေရမှာပဲဖြစ်​ပါတယ်​။အနုပညာ လုပ်​ကိုင်​ရင်း သမီး​လေးနဲ့အတူ အခြားစီးပွား​ရေ းလုပ်​ငန်း​တွေကိုလည်း လုပ်​ကိုင်​​နေတဲ့ ​မေကဗျာတစ်​​ယောက်​ မကြာ​သေးခင်​ကမှ ရင်​သားအကျိတ်​ကိုခွဲစိတ်​မှုပြုလုပ်​ခဲ့ရပြီး သူမရဲ့အ​ခြေအ​နေကို ပရိသတ်​ကို ​ပြောပြ​ပေးခဲ့ပါတယ်​။
ခွဲစိတ်​ပြီး​နောက်​ပိုင်း ရင်​သားကင်​ဆာဖြစ်​နိုင်​​ခြေရှိမရှိ စစ်​​ဆေးပြီး​ နောက်​မှာ​တော့ Result က အားလုံ​ကောင်းတယ်​ လို့အ​ဖြေထွက်​လာ​ပေမယ့် 2လ​လောက်​ ဘရာမဝတ်​ရဘူးဆိုတဲ့အတွက်​ ​မေကဗျာ တစ်​​ယောက်​ အခက်​​တွေ့​နေတာပဲဖြစ်​ပါတယ်​။သူမက​တော့ ​ဆေးစစ်​ချက်​နဲ့ ပက်​သတ်​ပြီး “result အ​ဖြေကအားလုံး​ကောင်းပါတယ်​။ ဆရာမသမီးအလုပ်​ပြန်​လုပ်​လို့ရပြီလား​မေး​တော့ ရပြီ အကုန်​သာပြန်​လုပ်​တဲ့ ဒါ​ပေမဲ့ ဘရာ​တော့မဝတ်​နဲ့ဦးတဲ့ ၂လ​လောက်​ စမီးဘာဆက်​လုပ်​သင့်သလဲ “လို့ ပွင့်ပွင့်လင်းလင်း​ပြောပြထားတာပါ။ဆရာဝန်​​ပြောတဲ့ စကား​ကြောင့် ဘာလုပ်​ရမှန်းမသိဘဲ ဖြစ်​ခဲ့​ပေမယ့် ကင်​ဆာ ဖြစ်​နိုင်​​ခြေမရှိတဲ့အတွက်​ ရင်​​အေးရတာ​တော့အမှန်​ပါပဲ​နော်​။ပရိသတ်​ကြီးလည်း ​မေကဗျာရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေ စိတ်​​အေးရ ပြီဖြစ်​လို့ ဝမ်းသာကြ​နေမယ်​လို့ ထင်​ပါတယ်​။ အခုဆိုရင်​​တော့ မေကဗျာတစ်​​ယောက်​ သူ့ရဲ့ပုံမှန်​အလုပ်​​လေး​တွေကို ဆက်​လက် ​လုပ်​ကိုင်​​နေပြီပဲဖြစ်​ပါတယ်​။
Yin Khat Pan ( Writer – LLA )