ပရိတ်သတ်ကြီးရေ ပြီးခဲ့တဲ့ ရက်ပိုင်းက စကစ လုပ်ရပ်တွေကြောင့် တစ်ရွာလုံး မီးလောင်ပြာ ကျခဲ့ရတဲ့ ကင်းမရွာလေး ကတော့ လက်ရှိ အခြေအနေတွေမှာ အကူအညီတွေ တော်တော် များများ လိုအပ်နေတာ ဖြစ်ပါတယ်..။ပြည်သူတွေ ရဲ့ အသက် အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ ရတာကြောင့် ပရဟိတ အဖွဲ့အစည်းတွေနဲ့ စေတနာ ရှင်တွေက အကူအညီ ပေးနိုင်ဖို့လုပ်ဆောင် နေ ကြပြီး အဆိုတော် ထူးအယ်လင်း ကလည်း သူ့ ရဲ့ အဖွဲ့သားတွေ နဲ့ အတူ ကင်းမရွာ ကို ကိုယ်တိုင်သွားရောက် ခဲ့ပါတယ်..။

ကိုထူးအယ်လင်း ဟာ မီးလောင်ထား တဲ့ ရွာ ရဲ့ အခြေအနေတွေကို အခက်အခဲတွေ ကြားက ကိုယ်တိုင် ကိုယ်ကျ သွားရောက် ကြည့်ရှု့ရင်း ဒေသခံ ပြည်သူတွေအတွက် လိုအပ်တာလေးတွေကို ဖေးမကူညီ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။စားနပ် ရိက္ခာတွေ နဲ့ အခြား လိုအပ်တာတွေ လှူဒါန်းရင်း အကြမ်းဖက်မှု့ တွေကြောင့် ပြည်သူတွေ ကြုံတွေ့ ခံစားနေရတဲ့ ဒုက္ခ ဆင်းရဲတွေ အမြန်ဆုံး ငြိမ်းအေး အဆင်ပြေစေဖို့ ကိုလည်း စိတ် မကောင်းစွာ ဆုတောင်း ပေးထား ပါသေးတယ်..။

“အမြန် အဆင်ပြေကြ ပါစေဗျာ🙏ပံ့ပိုး ကူညီကြတဲ့ ခုနှစ်ရက် သားသမီး ရာဟု သားသမီးအပါ အလှုရှင်များ၏ ကောင်းမှု့ ကို သာဓု ခေါ်ဆို ကုသိုလ် အမျှရကြပါစေ🙏သာဓု သာဓု သာဓု🙏🙏🙏 ၁၉.၆.၂၀၂၁(စနေနေ့)..” ဆိုပြီး အလှူ ပုံရိပ်တွေ ကို ထူးအယ်လင်းက ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်..။အခုလို အဘက်ဘက်ကနေ အကူအညီတွေများစွာ လိုအပ်နေတဲ့ ကင်းမရွာပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးရင်း ဖေးမကူညီခဲ့တဲ့ ထူးအယ်လင်းတို့ စေတနာရှင်တွေရဲ့ အလှူတွေကတော့ တကယ်ကို ချီးကျူးသာဓုခေါ်စရာ ကောင်းလှပါတယ်..။

CRD: Htoo El Lynn FB

ZAWGYI




CRD: Htoo El Lynn FB