ကမၻာမေၾကဘူး သီခ်င္း ကေတာ့ ေတးေရး ဆရာ နိုင္ျမန္မာ က အေမရိကန္ ေရာ့ဂီတ ဝိုင္း “ကန္ဇာ့စ္” အဖြဲ႕ ရဲ့ နာမည္ေက်ာ္ Dust in the Wind သီခ်င္းသံစဥ္ကို ျမန္မာ စာသားသြင္း ေရးသားခဲ့ၿပီး ရွစ္ေလးလုံး ေရးေတာ္ ပုံမွ စတင္ကာ ျမန္မာနိုင္ငံ ၏ ဒီမိုကေရစီ တက္ႂကြ လႈပ္ရွားမႈ ျဖစ္စဥ္မ်ား တြင္ အေရးပါ ထင္ရွားလာခဲ့သည့္ သီခ်င္း တစ္ပုဒ္ပဲ ျဖစ္ပါတယ္။၂၀၂၁ ျမန္မာနိုင္ငံ စစ္အာဏာ သိမ္းခံရျခင္း ျဖစ္စဥ္တြင္ အာဏာရွင္ ကို ဆန႔္က်င္ရာ ၌ တေက်ာ့ ျပန္ေခတ္ စားလာခဲ့ေသာ သီခ်င္းလည္း ျဖစ္ပါတယ္။

အခုခါမွာ ေတာ့ကမၻာ မေၾကဘူး ဆိုတဲ့ သီခ်င္းကိုKorea က 안녕, 우린 라온이라고 해 ဆိုတဲ့youtube channelက ျပန္ဆို ေပးထား တာပါ။ၾကက္သီးေတြ ထလာ ၿပီး မ်က္ရည္ေတြ ပါက် ရပါတယ္😭အဲ့ထဲက ဆံပင္ ရွည္ရွည္ နဲ႔ Kwon Ji Ho ဆိုတဲ့တစ္ေယာက္ ကလည္း Save Myanmar.I really really don’t want any more sacrifices…cheer up,all of you will be able to achieve democracy!!ဆိုၿပီး မန႔္ထားေပးပါ ေသးတယ္။

0:18 စကၠန႔္မွာ ပါသည့္ ဓာတ္ပုံ သည္ စစ္အာဏာ သိမ္းမႈ ကို ေထာက္ခံသည့္ အဖြဲ႕၏ ပုံျဖစ္ပါသည္။ကၽြႏုပ္တို႔ တကယ့္ စိတ္ရင္း ျဖင့္ ဒီမိုကေရစီ လႈပ္ရွားမႈတြင္ ပါဝင္ သူမ်ားကို အားေပး ေထာက္ခံရန္ ျမန္မာနိုင္ငံ ၏ အေျခအေန ကို တိတိ က်က် ေဖာ္ျပလိုသည့္ သေဘာျဖင့္ အသုံးျပဳခဲ့ ျခင္းျဖစ္ပါသည္။ ပထမ ဗီဒီယိုဖိုင္တြင္ အနည္းငယ္ အဆင္ မေျပမႈ ရွိခဲ့ပါလၽွင္ နားလည္ ေပးပါရန္ ေမၽွာ္လင့္ပါသည္။ ကၽြႏု္ပ္တို႔ သည္ ျမန္မာနိုင္ငံ၏ ဒီမိုကေရစီ လႈပ္ရွားမႈ ကို အားေပးေထာက္ခံပါသည္ လို႔လည္းပရိသတ္ေတြ အထင္မမွားေအာင္ ရွင္းျပေပးထားပါတယ္။

Credit…..

UNICODE

ကမ္ဘာမကြေဘူး သီချင်း ကတော့ တေးရေး ဆရာ နိုင်မြန်မာ က အမေရိကန် ရော့ဂီတ ဝိုင်း “ကန်ဇာ့စ်” အဖွဲ့ ရဲ့ နာမည်ကျော် Dust in the Wind သီချင်းသံစဉ်ကို မြန်မာ စာသားသွင်း ရေးသားခဲ့ပြီး ရှစ်လေးလုံး ရေးတော် ပုံမှ စတင်ကာ မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားမှု ဖြစ်စဉ်များ တွင် အရေးပါ ထင်ရှားလာခဲ့သည့် သီချင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာ သိမ်းခံရခြင်း ဖြစ်စဉ်တွင် အာဏာရှင် ကို ဆန့်ကျင်ရာ ၌ တကျော့ ပြန်ခေတ် စားလာခဲ့သော သီချင်းလည်း ဖြစ်ပါတယ်။

အခုခါမှာ တော့ကမ္ဘာ မကြေဘူး ဆိုတဲ့ သီချင်းကိုKorea က 안녕, 우린 라온이라고 해 ဆိုတဲ့youtube channelက ပြန်ဆို ပေးထား တာပါ။ကြက်သီးတွေ ထလာ ပြီး မျက်ရည်တွေ ပါကျ ရပါတယ်😭အဲ့ထဲက ဆံပင် ရှည်ရှည် နဲ့ Kwon Ji Ho ဆိုတဲ့တစ်ယောက် ကလည်း Save Myanmar.I really really don’t want any more sacrifices…cheer up,all of you will be able to achieve democracy!!ဆိုပြီး မန့်ထားပေးပါ သေးတယ်။

0:18 စက္ကန့်မှာ ပါသည့် ဓာတ်ပုံ သည် စစ်အာဏာ သိမ်းမှု ကို ထောက်ခံသည့် အဖွဲ့၏ ပုံဖြစ်ပါသည်။ကျွနုပ်တို့ တကယ့် စိတ်ရင်း ဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင် သူများကို အားပေး ထောက်ခံရန် မြန်မာနိုင်ငံ ၏ အခြေအနေ ကို တိတိ ကျကျ ဖော်ပြလိုသည့် သဘောဖြင့် အသုံးပြုခဲ့ ခြင်းဖြစ်ပါသည်။ ပထမ ဗီဒီယိုဖိုင်တွင် အနည်းငယ် အဆင် မပြေမှု ရှိခဲ့ပါလျှင် နားလည် ပေးပါရန် မျှော်လင့်ပါသည်။ ကျွနု်ပ်တို့ သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှု ကို အားပေးထောက်ခံပါသည် လို့လည်းပရိသတ်တွေ အထင်မမှားအောင် ရှင်းပြပေးထားပါတယ်။

Credit…..