


Happy – Cele Zone

UNICODE

ကိုယ်ချစ်တဲ့သူ နဲ့ သွားချင်တဲ့ နေရာတိုင်း ကို အတူတူသွား နိုင်တာလည်း ကံကောင်းတာ ပါပဲ။ မြတ် ကတော့ သူမကို တန်ဖိုးထားပြီး သိပ်ချစ် တဲ့ Ah Boy နဲ့ဖူးစာ ဆုံ နိုင်ခဲ့တာကြောင့် အိမ်ထောင် ရှင်ဘဝမှာ လည်း အပျိုဘဝ တုန်းက တောက်ပမှု နဲ့ လှပမှုတွေ ဟာ လျော့ပါး မသွားဘဲ ပိုတောင် တိုးလာခဲ့ ပါသေးတယ်။ ချစ်သမီးလေး ကို လည်း ပိုင်ဆိုင် နိုင်ခဲ့ပြီး နွေးထွေးတဲ့ မိသားစု ဘဝလေး ဟာ မြင်သူတိုင်းအား ကျရလောက် အောင် သာယာ စိုပြေ နေခဲ့ပါတယ်။

လတ်တလော မှာ တော့ ကပ်ရောဂါ ဆိုးကြီးကြောင့် ခရီးတွေ ပြန်မထွက်နိုင် သေးဘဲ အိမ်ထဲ မှာပဲနေရတဲ့ ကာလတွေ များလာတဲ့ အခါ မြတ် တစ်ယောက် ခင်ပွန်းနဲ့အတူ သွားခဲ့ဖူးတဲ့ ခရီးတွေထဲ က အမှတ်တရပုံ လေးတွေကို သူမရဲ့ လူမှုကွန်ရက် ကနေတဆင့် အလွမ်း ပြေ ပြန်တင် ခဲ့ပါတယ်။ ကြည့်လိုက် တာနဲ့ နှစ်ယောက်သားဘယ်လောက် တောင်ပျော်ခဲ့တယ် ဆိုတာ မြင်သာ နေတဲ့ ပုံလေးတွေပါ။

ပျော်စရာ အမှတ်တ ရတွေဟာ ဘယ်အချိန် ကြည့်ကြည့် ပျော်ရွှင်မှုကို အ ပြည့်အဝ ပြန်ခံစားရပါတယ်။ မြတ်တို့ ရဲ့ ကြည်နူးစရာ ပုံလေးတွေ ဟာ သူမတို့နှစ်ယောက်ကြား မှာရှိတဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်နိုင်ခဲ့တာ တော့အမှန်ပါပဲ။ သူမတို့ရဲ့ အမှတ်တရ ပုံလေး တွေကို ” Covid ကြီး မရှိတော့ရင် အချစ်နဲ့ ခရီးတွေ ပြန်သွားချင်တယ် ခရီးပြန်ထွက် လို့ရရင် ဘယ်ကို အသွားချင် ဆုံးလဲ ???? မြတ်က တော့ Korea ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Myat Yadanar Kyaw