ပရိတ်သတ်ကြီးရေ…အဆိုတော် ထူးအယ်လင်း တစ်ယောက် လက်ရှိမှာ ပရဟိတ အလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင် ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ လတ်တလော အခြေအနေများကြောင့် စားဝတ်နေရေး ခက်ခဲေ နကြသော ပြည်သူများကိုကိုယ် တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက် ကလည်းကချင်ပြည်နယ်က စစ်ဘေးရှောင် စခန်းများသို့ စားနပ်ရိက္ခာများ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ညက ထူးအယ်လင်းရဲ့ လူမှုကွန်ယက် တွင် ရန်ကုန်ပြန်လာတဲ့ လမ်းမှာ ကားစစ်ခံရပြီး ဓားသုံးချောင် းမိသွားတဲ့သူ့ရဲ့အဖြစ်ကို ပြန်လည်ပြောပြလာတာ ဖြစ်ပါတယ်။ သူကတော့ ခေါင်လန်ဖူးဒေသတွင် သွားကူညီတုန်းကတောရှင်းဖို့အတွက် ဓားအရှည် သုံးချောင်းကို ပူတာအိုဈေးကနေ ဝယ်ထားတာ ဖြစ်ပြီး အကြောင်းကြောင်းကြောင့် ကားထဲကနေ မထုတ်ထားမိတာ ဖြစ်ပါတယ်။ မိသွား တဲ့အချိန်တွင် အကျိုးအကြောင်း ရှင်းပြလိုက်တာကြောင့် ကံကောင်းထောက်မစွာ ပြန်လွှတ်ပေးခဲ့ တာကိုလည်း အခုလို ပြောပြထားတာ ဖြစ်ပါတယ်။

” ခေါင်လန်ဖူးဒေသ သွားကူညီ တုန်းက တောရှင်းဖို့ ဓားရှည်သုံးချောင်းကို ပူတာအို ဈေးကဝယ်ထားပြီး အလှူ ကိစ္စပြီးတော့ ရန်ကုန်အပြန် ဓားသုံးချောင်းကိုမေ့ပြီး ကားထဲထည့်ထားပြီး မထုတ်မိတာ ဂိတ်ကစစ်တော့ ၁၉/င နဲ့ ငြိတေ ာ့မလို့ ကံကောင်းထောက်မစွာနဲ့ပဲ အကြောင်းအကျိုးရှင်းပြ ပြောပြလိုက်တာ ပြန်လွှတ်လိုက်ပေးတယ်ကျေးဇူးပါဗျာ။စစ် ခံထိတာ ထောက်ကြန့် အမှတ် ၃ လမ်းဆုံဂိတ် 😁အိမ်း လှသိန်းတို့ သတိထား ကြပ်ကြပ်မေ့ကြပ်ကြပ်မေ့ …အကုန် ရပ်ကုန်မယ်😆😆😆” ဆိုပြီး ​သူကံကောင်းခဲ့ပုံကို ရေးသား ထားတာ ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ ကြောင့် နေရာမျိုးစုံတွင် စစ်ဆေးရေးတွေ များစွာ ရှိနေတာ ဖြစ်ပါတယ်။အကြောင်းတစ်ခုခု ကြောင့် ခရီးထွက်ရမယ်ဆိုပါက အန္တရာယ်ဖြစ်စေမယ့် အရာမျိုးကို အိမ်တွင်သေချာစစ်ဆေးပြီးမှသာ စထွက်သင့်ကြောင်း သတိပေး လိုက်ပါရစေ။

Source and Photo Crd-Htoo El Lynn’s Facebook Account
crd :MM Load

ZAW GYI

ပရိတ္သတ္ႀကီးေရ…အဆိုေတာ္ ထူးအယ္လင္း တစ္ေယာက္ လက္ရွိမွာ ပရဟိတ အလုပ္ေတြကို အားႀကိဳးမာန္တက္ လုပ္ကိုင္ ေဆာင္ရြက္ေနသူ တစ္ဦးျဖစ္ပါတယ္။ လတ္တေလာ အေျခအေနမ်ားေၾကာင့္ စားဝတ္ေနေရး ခက္ခဲေ နၾကေသာ ျပည္သူမ်ားကိုကိုယ္ တိုင္သြားေရာက္ကာ လႉဒါန္းေပးေနတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ ရက္ပိုင္းေလာက္ ကလည္းကခ်င္ျပည္နယ္က စစ္ေဘးေရွာင္ စခန္းမ်ားသို႔ စားနပ္ရိကၡာမ်ား သြားေရာက္ ကူညီေထာက္ပံ့ေပးခဲ့တာလည္း ျဖစ္ပါတယ္။

မေန႔ညက ထူးအယ္လင္းရဲ့ လူမႈကြန္ယက္ တြင္ ရန္ကုန္ျပန္လာတဲ့ လမ္းမွာ ကားစစ္ခံရၿပီး ဓားသုံးေခ်ာင္ းမိသြားတဲ့သူ႔ရဲ့အျဖစ္ကို ျပန္လည္ေျပာျပလာတာ ျဖစ္ပါတယ္။ သူကေတာ့ ေခါင္လန္ဖူးေဒသတြင္ သြားကူညီတုန္းကေတာရွင္းဖို႔အတြက္ ဓားအရွည္ သုံးေခ်ာင္းကို ပူတာအိုေဈးကေန ဝယ္ထားတာ ျဖစ္ၿပီး အေၾကာင္းေၾကာင္းေၾကာင့္ ကားထဲကေန မထုတ္ထားမိတာ ျဖစ္ပါတယ္။ မိသြား တဲ့အခ်ိန္တြင္ အက်ိဳးအေၾကာင္း ရွင္းျပလိုက္တာေၾကာင့္ ကံေကာင္းေထာက္မစြာ ျပန္လႊတ္ေပးခဲ့ တာကိုလည္း အခုလို ေျပာျပထားတာ ျဖစ္ပါတယ္။

” ေခါင္လန္ဖူးေဒသ သြားကူညီ တုန္းက ေတာရွင္းဖို႔ ဓားရွည္သုံးေခ်ာင္းကို ပူတာအို ေဈးကဝယ္ထားၿပီး အလႉ ကိစၥၿပီးေတာ့ ရန္ကုန္အျပန္ ဓားသုံးေခ်ာင္းကိုေမ့ၿပီး ကားထဲထည့္ထားၿပီး မထုတ္မိတာ ဂိတ္ကစစ္ေတာ့ ၁၉/င နဲ႔ ၿငိေတ ာ့မလို႔ ကံေကာင္းေထာက္မစြာနဲ႔ပဲ အေၾကာင္းအက်ိဳးရွင္းၿပ ေျပာျပလိုက္တာ ျပန္လႊတ္လိုက္ေပးတယ္ေက်းဇူးပါဗ်ာ။စစ္ ခံထိတာ ေထာက္ၾကန႔္ အမွတ္ ၃ လမ္းဆုံဂိတ္ 😁အိမ္း လွသိန္းတို႔ သတိထား ၾကပ္ၾကပ္ေမ့ၾကပ္ၾကပ္ေမ့ …အကုန္ ရပ္ကုန္မယ္😆😆😆” ဆိုၿပီး ​သူကံေကာင္းခဲ့ပုံကို ေရးသား ထားတာ ျဖစ္ပါတယ္။လက္ရွိျဖစ္ေပၚေနေသာ အေျခအေနမ်ား ေၾကာင့္ ေနရာမ်ိဳးစုံတြင္ စစ္ေဆးေရးေတြ မ်ားစြာ ရွိေနတာ ျဖစ္ပါတယ္။အေၾကာင္းတစ္ခုခု ေၾကာင့္ ခရီးထြက္ရမယ္ဆိုပါက အႏၲရာယ္ျဖစ္ေစမယ့္ အရာမ်ိဳးကို အိမ္တြင္ေသခ်ာစစ္ေဆးၿပီးမွသာ စထြက္သင့္ေၾကာင္း သတိေပး လိုက္ပါရေစ။

Source and Photo Crd-Htoo El Lynn’s Facebook Account
crd :MM Load