သ႐ုပ္ေဆာင္ ျမင့္ျမတ္ကေတာ့ မေန႔က ဒီဇင္ဘာလ (၂၀) ရက္ေန႔မွာ သူ႔ရဲ့ ဖခင္ကိုယ္တိုင္ေျဖၾကားထားတဲ့ အင္တာဗ်ဴး ဗီဒီယိုေၾကာင့္ ပရိသတ္ေတြေဝဖန္ျခင္းကို ခံေနရသူ တစ္ေယာက္ ျဖစ္ပါတယ္။ ျမင့္ျမတ္ ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ ျမင့္ျမတ္က သားဆိုး သားမိုက္ တစ္ေယာက္မဟုတ္မွန္း သိၾကသလို တစ္ဖက္ကလည္း သူ႔ရဲ့ ဖခင္ကိုယ္တိုင္က ေျပာတာေၾကာင့္ ဘယ္ဟာက အမွန္လဲ ဆိုတာ ေဝခြဲ မရျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ထိုကိစၥနဲ႔ ပက္သတ္ၿပီး ျမင့္ျမတ္ရဲ့ သူငယ္ခ်င္း အရင္းႀကီးျဖစ္တဲ့ သ႐ုပ္ေဆာင္ ဂ်ဴဂ်ဴးပန္ထြာက ျမင့္ျမတ္ တို႔မိသားစုအေၾကာင္းကို သူမသိ သေလာက္ တစ္ခုမက်န္ေျပာျပလာပါတယ္။

“မင္းသားမျဖစ္ခင္ထဲက သူငယ္ခ်င္းေတြ ကိုယ့္ထက္ အသက္ႀကီးေပမယ့္ ေမာင္ႏွမ အရင္းလိုေနလာခဲ့ေတာ့ အေၾကာင္းသိေတြ ျမင့္ျမတ္တို႔ မ/ဒဂုံ မွာ အိမ္ပိုင္နဲ႔ ေနနိုင္ တာေတာင္ မၾကာေသးဘူး။ အရမ္း ႀကိဳးစားၿပီး အရမ္း ရိုးသားတဲ့ ဇနီးေမာင္နံ မိသားစုကိုလည္း သိတတ္လိုက္တာ။ ကိုယ္ဘာလို႔ သိလည္း သူတို႔နဲ႔ ္၆ လေလာက္ တစ္အိမ္ထဲ မိသားစုလို ေနခဲ့လို႔သိတာ။ အရင္ထဲက ရြာမမွာ အေခြဆိုင္ဖြင့္ ဖ်က္ၿပီး စတိုး ဆိုင္ထပ္ဖြင့္ေပးထားတာ အင္းစိန္ ရြာမ မွာ ေနတဲ့လူတိုင္းသိပါတယ္ ဦးေလးက Taxi ေမာင္းတယ္ ေနာက္ပိုင္း မင္းသား ျဖစ္လာေတာ့ မိဘကို ကြန္ဒိုေတြ ကားေတြ ဝယ္ေပးတယ္ ေမာင္းေနတဲ့ Taxi ကိုလည္း ဝယ္ေပးထားတယ္”

“မေမာင္းဖို႔ ေျပာေပမယ့္ မရေတာ့ မိဘ စိတ္ခ်မ္းသာပါေစ ဆို လႊတ္ေပးထားတယ္ ခုလိုျဖစ္လာမွာ ကိုလည္း ႀကိဳသိၿပီးသားပါ။ တကယ္ ေပးဆပ္ခဲ့တဲ့ သားသမီးေကာင္းေတြပါ။ မိသားစု ဝင္လိုျဖစ္ေနလို႔ အားလုံးသိေနတာပါ။ Fighting မ်ိဳးမင္းဟိန္း ခင္သူေအာင္ တစ္ေန႔ ဒီလို ျဖစ္လာလိမ္မယ္ထင္သားပါ။ တစ္လ သိန္း ( ၃၀) ေပးၿပီးတဲ့ အျပင္ ဝယ္ေပးထားတဲ့ တိုက္ခန္းေတြ ကြန္ဒိုေတြ ကားေတြလည္းရွိပါတယ္။ မိဘကို သိန္းေထာင္ခ်ီေတြလည္း ေပးေနတာပါ။ လိုအပ္မွ ဝင္ေျပာ ေပးေတာ့မယ္ဟာ fighting သူငယ္ခ်င္းတို႔ 💪 ဘာပဲျဖစ္ျဖစ္ နင္တို႔ႏွစ္ေယာက္လုံး သားသမီး ေကာင္းေတြပါ ဘယ္သူမွ မသိခ်င္ေယာင္ေဆာင္ေနၾကရင္ေတာင္ ဘုရား သိပါတယ္ Fighting ေနာ္ ♥” ဆိုၿပီး ေျပာျပလာပါတယ္။

ျမင့္ျမတ္ ကေတာ့ သူ႔ရဲ့မိသားစုအေပၚ တာဝန္ေက်တဲ့ သားေကာင္း တစ္ေယာက္ဆိုတာ ခင္မင္ ရင္းႏွီးသူေတြ အားလုံးသိၿပီးသား ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အခုဆိုရင္ ျမင့္ျမတ္ အေပၚ သံသယေတြ ကင္းရွင္းသြားမယ္လို႔ ေမၽွာ္လင့္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Jue Lay’s fb
Bilie – Cele Connections

unicode

သရုပ်ဆောင် မြင့်မြတ်ကတော့ မနေ့က ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ သူ့ရဲ့ ဖခင်ကိုယ်တိုင်ဖြေကြားထားတဲ့ အင်တာဗျူး ဗီဒီယိုကြောင့် ပရိသတ်တွေဝေဖန်ခြင်းကို ခံနေရသူ တစ်ယောက် ဖြစ်ပါတယ်။ မြင့်မြတ် ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ မြင့်မြတ်က သားဆိုး သားမိုက် တစ်ယောက်မဟုတ်မှန်း သိကြသလို တစ်ဖက်ကလည်း သူ့ရဲ့ ဖခင်ကိုယ်တိုင်က ပြောတာကြောင့် ဘယ်ဟာက အမှန်လဲ ဆိုတာ ဝေခွဲ မရဖြစ်နေတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး မြင့်မြတ်ရဲ့ သူငယ်ချင်း အရင်းကြီးဖြစ်တဲ့ သရုပ်ဆောင် ဂျူဂျူးပန်ထွာက မြင့်မြတ် တို့မိသားစုအကြောင်းကို သူမသိ သလောက် တစ်ခုမကျန်ပြောပြလာပါတယ်။

“မင်းသားမဖြစ်ခင်ထဲက သူငယ်ချင်းတွေ ကိုယ့်ထက် အသက်ကြီးပေမယ့် မောင်နှမ အရင်းလိုနေလာခဲ့တော့ အကြောင်းသိတွေ မြင့်မြတ်တို့ မ/ဒဂုံ မှာ အိမ်ပိုင်နဲ့ နေနိုင် တာတောင် မကြာသေးဘူး။ အရမ်း ကြိုးစားပြီး အရမ်း ရိုးသားတဲ့ ဇနီးမောင်နံ မိသားစုကိုလည်း သိတတ်လိုက်တာ။ ကိုယ်ဘာလို့ သိလည်း သူတို့နဲ့ ်၆ လလောက် တစ်အိမ်ထဲ မိသားစုလို နေခဲ့လို့သိတာ။ အရင်ထဲက ရွာမမှာ အခွေဆိုင်ဖွင့် ဖျက်ပြီး စတိုး ဆိုင်ထပ်ဖွင့်ပေးထားတာ အင်းစိန် ရွာမ မှာ နေတဲ့လူတိုင်းသိပါတယ် ဦးလေးက Taxi မောင်းတယ် နောက်ပိုင်း မင်းသား ဖြစ်လာတော့ မိဘကို ကွန်ဒိုတွေ ကားတွေ ဝယ်ပေးတယ် မောင်းနေတဲ့ Taxi ကိုလည်း ဝယ်ပေးထားတယ်”

“မမောင်းဖို့ ပြောပေမယ့် မရတော့ မိဘ စိတ်ချမ်းသာပါစေ ဆို လွှတ်ပေးထားတယ် ခုလိုဖြစ်လာမှာ ကိုလည်း ကြိုသိပြီးသားပါ။ တကယ် ပေးဆပ်ခဲ့တဲ့ သားသမီးကောင်းတွေပါ။ မိသားစု ဝင်လိုဖြစ်နေလို့ အားလုံးသိနေတာပါ။ Fighting မျိုးမင်းဟိန်း ခင်သူအောင် တစ်နေ့ ဒီလို ဖြစ်လာလိမ်မယ်ထင်သားပါ။ တစ်လ သိန်း ( ၃၀) ပေးပြီးတဲ့ အပြင် ဝယ်ပေးထားတဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေ ကားတွေလည်းရှိပါတယ်။ မိဘကို သိန်းထောင်ချီတွေလည်း ပေးနေတာပါ။ လိုအပ်မှ ဝင်ပြော ပေးတော့မယ်ဟာ fighting သူငယ်ချင်းတို့ 💪 ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်လုံး သားသမီး ကောင်းတွေပါ ဘယ်သူမှ မသိချင်ယောင်ဆောင်နေကြရင်တောင် ဘုရား သိပါတယ် Fighting နော် ♥” ဆိုပြီး ပြောပြလာပါတယ်။

မြင့်မြတ် ကတော့ သူ့ရဲ့မိသားစုအပေါ် တာဝန်ကျေတဲ့ သားကောင်း တစ်ယောက်ဆိုတာ ခင်မင် ရင်းနှီးသူတွေ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင် မြင့်မြတ် အပေါ် သံသယတွေ ကင်းရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Jue Lay’s fb
Bilie – Cele Connections