


Source: Htet Oo Htut’s fb

UNICODE

ရှည်လျားတဲ့ အရပ် အမောင်း၊ ချောမော ပြေပြစ် လွန်းတဲ့ ရုပ်ရည် သွင်ပြင် တို့ကြောင့် မိန်းကလေး ပရိသတ်တွေ ရဲ့ အားပေးမှု ကို ရရှိထားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထက်ဦးထွဋ် ကို ပရိသတ်ကြီး သီချင်း MV တွေ တော်တော် များများမှာ ရင်းနှီး ပြီးသားဖြစ်မှာပါ။ ထက်ဦးထွဋ် ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၇) ရက်နေ့မှာ ယာဉ် မတော်တဆမှု တစ်ခု နဲ့ ကြုံဆုံခဲ့ပြီး သူ့ရဲ့ ကားရဲ့ ပျက်စီးမှု ပုံရိပ်တွေကို ဖေ့စ်ဘုတ် My Day ပေါ်တင် ခဲ့ရာ ပရိသတ် တွေက စိုးရိမ် တကြီးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထက်ဦးထွဋ် က ကားကအတော် ပျက်စီးသွားပေမယ့် လူကတော့ ပြင်းပြင်း ထန်ထန်ဘာမှ မဖြစ်ခဲ့တဲ့ အကြောင်းကို အခုလိုပဲ ပြောလာ ပါတယ်။

ထက်ဦးထွဋ် က “ကျွန်တော့ ကို စိတ်ပူ ပေးတဲ့ တစ်ယောက်စီတိုင်း ကို ကျေးဇူးတင်ပါတယ် ဗျာ့ 🙏🙏🙏 လမ်းဆုံမှာ မီးစိမ်းလို့ မောင်းထွက် တုန်း မီးနီ ဖြတ်မောင်းတဲ့ကားက ဝင်တိုက် လိုက်လို့ ကားအရမ်းထိ သွားပေမယ့် Airbags ခံနေလို့ လူကတော့ ပြင်းပြင်း ထန်ထန်မဖြစ်ပါဘူး။ အမှုအခင်း တွေ နဲ့ ညထဲ က ရှုပ်နေလို့ စိတ်ပူပြီး မေးတဲ့ လူတွေကို ချက်ချင်း ပြန်မပြော ဖြစ်တာ နားလည် ပေးပါခင်ဗျာ။ အားလုံး လည်း အစစ အရာရာ ဂရုစိုက် ကြပါ။ ကိုယ်က မှန်နေပေမယ့် သတိလွတ် လိုက်တာနဲ့ အသက် အန္တရာယ် ထိခိုက်နိုင်တာ ကိုယ်တွေ့ မလို့ပါ 😔😔😔” ဆိုပြီး ပြောပြလာပါတယ်။

ထက်ဦးထွဋ် ရဲ့ ကားကတော့ မီးနီ ဖြတ်မောင်းတဲ့ ကားက ဝင်တိုက် တာကြောင့် အရှေ့ပိုင်း တစ်ခြမ်းလုံး ပျက်စီး သွားပေ မယ့် လူကတော့ Airbags ကြောင့် ဘာမှ ကြီးကြီး မားမား ဖြစ်မသွားတာ အဆိုးထဲက အကောင်း ပါပဲ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါ တယ်နော်။

Source: Htet Oo Htut’s fb
Bilie – Cele Connections