unicode
မင်းသားချောလေးနေယံ ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ကိုအပြည့်အဝရယူထားနိုင်ခဲ့ပြီး ဗီဒီယိုဇာတ်ကား တွေမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်အထည်ဆိုင် လေးကို ပိုင်ဆိုင်ထားတဲ့ နေယံကတော့ မိဘအပါ် ကျေးဇူးသိတတ်တဲ့သားလိမ္မာတစ်ယောက်ပဲဖြစ်ပါတယ်။ နေယံကတော့ ယခုမှာမကြာခင်ကကွယ်လွန် သွားရှာပြီဖြစ်တဲ့ဖခင်အတွက်ရည်းစူးပြီး အလှူအတန်း တွေဆက်တိုက်ပြုလုပ်ပေးနေခဲ့ပါတယ်။
နေယံကတော့ ” ဖေ့ဖေ့အားရည်စူး၍ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကိုဗစ်စင်တာဆောင်အတွက်Liquid Oxygen အသုံးပြုရန် အလူတော် ငွေ၄သိန်းကျပ်လှူဒါန်းကုသိုလ်ပြုပါသည်။ဖေဖေအတွက် ဆက်တိုက် အလှူတန်း တွေလုပ်ပေးနေပါတယ် ဖေဖေ ရွာအိမ် ရန်ကုန်အိမ် မှာ ဆွမ်းကပ် ပူဇော်သိုက်တောရွာကျောင်း ပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ သံဃာ၄၁ပါးနဲ့ ဧည့်သည်တော်များအတွက်တစ်ရက်စာ အလှူတွန်တေး မောင်းတီးစေတီတော် ဆရာတော်အတွက် သင်္ကန်နှင့် ကျောင်းဆောက်ရန်အတွက်အလှူငွေ ဤကုသိုလ်အလှူတော် အားလုံးအတွက် ဖေဖေရောက်ရာဘုံဘဝမှ အမျှရပြီး သာဓုခေါ်ဆိုနိုင်ပါစေ ” ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
နေယံကတော့ ” ဖေဖေဒါန သီလ ဘာဝါနာ ကုသိုလ်တွေအများကြီး လုပ်ခဲ့တဲ့ ဖေဖေ ကောင်းရာဘုံဘဝတို့ ရောက်ရှိနေမယ်ဆိုတာ သားအပြည့်ဝယုံကြည့်ပါတယ်ဖေဖေ” ဆိုပြီး လူမှုကွန်ယက်စာ မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ် တွေအတွက် မင်သားနေယံရဲ့ ဖခင်ဖြစ်သူအတွက် ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ပုံရိပ်လေးတွေကိုပြန်လည် ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးကို အောက်မှာကြည့်နိုင်ပါတယ်။
Source: Nay Yan ‘ s Facebook Acc