ပရိသတ်တွေ ရဲ့အချစ်တော် ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသ လူရွှင်တော် ဒိန်းဒေါင် ကတော့ ဒီနေ့မှာ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်လှူဒါန်းတဲ့ အလှူလေးကို ပြုလုပ် ခဲ့ပါတယ်။ ဒိန်းဒေါင်ကတော့ သူကိုယ်တိုင် ဦးစီးပြီး “ချွန်တွန်း” လို့ အမည် ပေးထားတဲ့ ပရဟိတလူမှုကူညီရေးအသင်းလေး တစ်ခုကို တည်ထောင် ထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါစတင်ဝင်ရောက်လာချိန် ကတည်းက စားဝတ်နေရေးခက်ခဲ နေတဲ့ပြည်သူတွေ အတွက် စားသောက်ကုန်တွေ အလှူငွေတွေလှူဒါန်းပေးခြင်း နဲ့ ကိုယ်ဝန် ဆောင်မိခင်တွေ မီးဖွားနိုင်ရေးအတွက် တတ်နိုင်သမျှအစွမ်းကုန် ကူညီပေးခဲ့ပါသေးတယ်။ ဒီနေ့ သြဂုတ်လ (၇) ရက်နေ့မှာလည်း ဒိန်းဒေါင်က သူ့ရဲ့ ပရဟိတ အဖွဲ့နဲ့အတူ စားသောက်ကုန် လှူဒါန်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

တကယ်ခက်ခဲနေတဲ့ ပြည်သူတွေအတွက် လှူဒါန်းပေးတဲ့ အလှူလေး ဖြစ်ပြီး ပရိသတ်တွေလည်း အလှူလေးကို ကြည်နူးပီတိ ဖြစ်လို့ရအောင် ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မှတ်တမ်း တင်မျှဝေ ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဒိန်းဒေါင်တို့ ပရဟိတအဖွဲ့ရဲ့ အလှူလေး ကို ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Dain Daung

ZAWGYI

ပရိသတ္ေတြ ရဲ့အခ်စ္ေတာ္ ျဖစ္တဲ့ ႐ုပ္ရွင္နဲ႔ ဗီဒီယို သ႐ုပ္ေဆာင္ ဟာသ လူရႊင္ေတာ္ ဒိန္းေဒါင္ ကေတာ့ ဒီေန႔မွာ စားဝတ္ေနေရး ခက္ခဲေနတဲ့ ျပည္သူေတြအတြက္ စားေသာက္ကုန္လႉဒါန္းတဲ့ အလႉေလးကို ျပဳလုပ္ ခဲ့ပါတယ္။ ဒိန္းေဒါင္ကေတာ့ သူကိုယ္တိုင္ ဦးစီးၿပီး “ခၽြန္တြန္း” လို႔ အမည္ ေပးထားတဲ့ ပရဟိတလူမႈကူညီေရးအသင္းေလး တစ္ခုကို တည္ေထာင္ ထားခဲ့ပါတယ္။

ျမန္မာနိုင္ငံမွာ ကိုဗစ္ ကပ္ေရာဂါစတင္ဝင္ေရာက္လာခ်ိန္ ကတည္းက စားဝတ္ေနေရးခက္ခဲ ေနတဲ့ျပည္သူေတြ အတြက္ စားေသာက္ကုန္ေတြ အလႉေငြေတြလႉဒါန္းေပးျခင္း နဲ႔ ကိုယ္ဝန္ ေဆာင္မိခင္ေတြ မီးဖြားနိုင္ေရးအတြက္ တတ္နိုင္သမၽွအစြမ္းကုန္ ကူညီေပးခဲ့ပါေသးတယ္။ ဒီေန႔ ၾသဂုတ္လ (၇) ရက္ေန႔မွာလည္း ဒိန္းေဒါင္က သူ႔ရဲ့ ပရဟိတ အဖြဲ႕နဲ႔အတူ စားေသာက္ကုန္ လႉဒါန္းတဲ့ အလႉေလးကို ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

တကယ္ခက္ခဲေနတဲ့ ျပည္သူေတြအတြက္ လႉဒါန္းေပးတဲ့ အလႉေလး ျဖစ္ၿပီး ပရိသတ္ေတြလည္း အလႉေလးကို ၾကည္ႏူးပီတိ ျဖစ္လို႔ရေအာင္ ဒိန္းေဒါင္က သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန မွတ္တမ္း တင္မၽွေဝ ေဖာ္ျပထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ဒိန္းေဒါင္တို႔ ပရဟိတအဖြဲ႕ရဲ့ အလႉေလး ကို ပရိသတ္ႀကီးေတြက သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Dain Daung