


Credit – CeleZone

ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အနုပညာလောကမှာအောင်မြင်တဲ့ ထိပ်တန်း အနုပညာရှင် ပရိသတ်အချစ်တော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့သူပါ။

ဒီနေ့မှာတော့ သင်ဇာက မစစ်မဖြစ်လိုအပ်လို့ ကိုဗစ်စစ်လိုက်ပြီးနောက် ရရှိလာတဲ့ Result လေးကို အခုလိုပဲ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “သေချာချင်လို့နှစ်ခါစစ်တာ နှစ်ခါလုံး clear. တော်ပါသေးရဲ့ ။နှာခေါင်းထဲကွကိုယ်အဲ့အတံကြီးနဲ့ထိုးထဲ့ရမယ်လို့ တခါမှထင်မထားခဲ့မိဘူး။ မျက်ရည်တောင် အတောင့်လိုက်ကျ။ မစစ်လို့မဖြစ်တဲ့အခြေအနေမို့သာစစ်ရတာ။

P မဖြစ်တော့လဲလုပ်စရာရှိတာလေးတွေလုပ်လို့ရသွားတာပေါ့” ဆိုပြီး စစ်ဆေးထားတဲ့ Test Result လေးကိုပါ ဓာတ်ပုံရိုက်ကာ ပုံလေးတွေနဲ့အတူ မျှဝေဖော်ပြလာခဲ့ပါတယ်။ လတ်တလောမှာကိုဗစ်ကပ်ရောဂါက ကူးစက်နှုန်းပြန်လည်မြင့်မားနေတာကြောင့် ပရိသတ်တွေလည်း ကျန်းမာရေးကို သတိပြု ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source – Thin Zar Wint Kyaw
Credit – CeleZone