ပရိသတ်ကြီးရေ သရုပ်ဆောင်ပိုင်တံခွန်ကတော့ တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်က ပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တဲ့ပါတယ်။ထိုကြောင့်ပုဒ်မ၅၀၅ က နဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီးနေမကောင်းလို့ အိမ်ပြန်လာချိန် အဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်၊ပိုင်တံခွန်အဖမ်းဆီးခံလိုက်ရတဲ့အတွက် မိသားစုများနဲ့ပရိတ်သတ်များက စိုးရိမ်ပူပန်နေရပါတယ်နော်။

ပိုင်တံခွန်ရဲ့မိခင်ကြီးကလဲ နေမကောင်းဖြစ်ပြီး ဆေးရုံတင်ထားရတဲ့အကြောင်းကိုလဲပိုင်တံခွန် ရဲ့ အစ်မဖြစ်သူကပြောကြားထားပါသေးတယ်၊ယခုတစ်ခါမှာဆိုရင်လဲပိုင်တံခွန်ရဲ့မိခင်ကြီး ဆေးရုံမဆင်းရသေးကြောင်း ၊ အတော်လေးသက်သာလာပြီဖြစ်တဲ့ အကြောင်းကိုပိုင်တံခွန် ရဲ့ အစ်မကကူညီပေးတဲ့ တစ်ယောက်ချင်းစီ
တိုင်းကိုကျေးဇူးတင်ကြောင်းအခုလို ပြောကြားထားပါသေးတယ်နော်။

သူမကတော့မေမေဆေးရုံကမဆင်းရသေးပါဘူး၊အတော်လေးတော့ သက်သာလာပါပြီဗျ ၊ ကျွန်တော်လဲအရမ်းလှုပ်ရှားမိရင်မောတာ နဲ့ ချောင်းဆိုးတာ ကလွဲရင်နေကောင်းသွားပါပြီ။စိတ်ပူပြီးဖုန်းဆက်သူ၊စာပို့သူ၊လူကိုယ်တိုင်ရောက်လာပြီးသတင်းမေးကြသူ၊စားစရာတွေကိုတကူးတကလာပို့ပေးကြသူ၊ဆေးလိုရင်ဆေး၊အောက်ဆီဂျင်လိုရင် အောက်ဆီဂျင်ရှာပေးလာပို့ပေးကြသူ၊အစစအရာရာကူညီပေးခဲ့ကြတဲ့သူ၊ဂရုစိုက်ပေးခဲ့တဲ့သူတစ်ဦးတစ်ယောက်ချင်းစီကိုရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်ဗျာ။

နေမကောင်းဖြစ်ချိန် ကနေခုချိန်ထိညဖက်တွေVCall ခေါ်ပြီးအိပ်စောင့် ပေးခဲ့တဲ့ လူသားလေးတစ်ယောက်ကိုလည်းကျေးဇူးများကြီးတင်ပါတယ်၊သူချည်းအရင်အိပ်ပျော်သွားခဲ့ပေမယ့်လည်းပေါ့။ဒီလိုကာလမှာ မိတ်ကောင်း ဆွေကောင်းတွေများကြီးရခဲ့လို့ ပီတိဖြစ်မိပါတယ်၊တန်ဖိုးလဲထားပါတယ်၊ဂုဏ်လဲယူမိပါတယ်၊ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးများကြီးတင်ပါတယ်ဗျာ လို့ပြောပြလာခဲ့ပါတယ်.

Credit…..

ZAWGYI





Credit…..