ပရိသတ်ကြီး ရေ Myanmar Idol season (4) ရဲ့ Top (3) finalists တစ်ယောက် ဖြစ်တဲ့ ချင်း တိုင်းရင်းသားလေး အဆိုတော် ဘင်ဂျမင် ကို သိကြမယ်ထင်ပါတယ်။ သူက ငယ်ရွယ် တဲ့ ကျောင်းသား တစ်ယောက် ဖြစ်ပေမယ့် အရွယ်နဲ့ မလိုက်အောင် အနုပညာ အရည် အချင်း ပြည့်ဝ တဲ့ သူဖြစ်တဲ့ အတွက် ပရိသတ်အများစု ရဲ့ အားပေး ဝန်းရံမှု ရရှိ ထားတဲ့ သူတစ် ယောက်ပါ။

ဘင်ဂျမင် က အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ မှာ လည်း လူငယ် တစ်ယောက် ပီပီ ပါဝင် အားဖြည့်နေ တဲ့ သူလည်း ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေ အတွက် တတ်နိုင်သရွေ့ ကူညီပေးနေတဲ့ သူပါ။ မကြာခင်က ဘင်ဂျမင် ဟာ ကိုဗစ် ရောဂါပိုး ကူးစက်ခံ ခဲ့ရပြီး ဆေး ကုသမှု ခံယူခဲ့တာ လည်းဖြစ်ပါတယ် ။ ကိုဗစ်ရောဂါ ကူးစက် ခံရပြီး (၁၄) ရက်မြောက် နေ့မှာတော့ ရောဂါရှိ မရှိပြန်လည် စစ်ဆေးကြည့်ရာ negative ဖြစ်ကြောင်း သိရှိ ရပါတယ် ။

ဒါ့အပြင် ကိုဗစ် ရောဂါ ကုသနေစဉ် ကာလ တစ်လျှောက် သူရဲ့ အတွေ့အကြုံ တွေကိုလည်း ခုလို ပြောကြား ထားပါသေးတယ် ။ ” ကျနော် ကိုဗစ် positive ဖြစ်တယ် ဆိုတာ သိသိချင်း home quarantine ဝင်ကြတယ်၊ ၁၀ ရက်ပြည့်တဲ့ နေ့မှာ ကိုဗစ် ပြန်စစ်တယ် positive ပဲ ပြန်ပြတယ်။ အဲ့နောက် ၄ ရက် ထက်စောင့်လိုက်တယ်၊ ပြန်စစ်တယ် ဒီနေ့ပေါ့ ၁၄ ရက်ပြည့်တဲ့ နေ့မှာ ဘုရားရှင် ကျေးဇူးတော်ကြောင့် ခုက Negative ဖြစ်သွားပါပြီ။ Negative ပြပြီးဆိုပေမယ့် (home quarantine) ၇ရက်တော့ နေရအုံးမယ်၊ အဲ့ပြီးတဲ့ခါ ကျရင်‌တော့ အမေ့ဆီမှာ အိမ်ပြန်လို့ရပါပြီ။” ဆိုပြီး ပြောကြားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Chin World & Benjamin Sum

ZAWGYI

ပရိသတ္ႀကီး ေရ Myanmar Idol season (4) ရဲ့ Top (3) finalists တစ္ေယာက္ ျဖစ္တဲ့ ခ်င္း တိုင္းရင္းသားေလး အဆိုေတာ္ ဘင္ဂ်မင္ ကို သိၾကမယ္ထင္ပါတယ္။ သူက ငယ္ရြယ္ တဲ့ ေက်ာင္းသား တစ္ေယာက္ ျဖစ္ေပမယ့္ အရြယ္နဲ႔ မလိုက္ေအာင္ အႏုပညာ အရည္ အခ်င္း ျပည့္ဝ တဲ့ သူျဖစ္တဲ့ အတြက္ ပရိသတ္အမ်ားစု ရဲ့ အားေပး ဝန္းရံမႈ ရရွိ ထားတဲ့ သူတစ္ ေယာက္ပါ။

ဘင္ဂ်မင္ က အခု လက္ရွိ ျဖစ္ေပၚေနတဲ့ နိုင္ငံေရး အေျခအေနေတြ မွာ လည္း လူငယ္ တစ္ေယာက္ ပီပီ ပါဝင္ အားျဖည့္ေန တဲ့ သူလည္း ျဖစ္ၿပီး စစ္ေဘးေရွာင္ျပည္သူေတြ အတြက္ တတ္နိုင္သေရြ႕ ကူညီေပးေနတဲ့ သူပါ။ မၾကာခင္က ဘင္ဂ်မင္ ဟာ ကိုဗစ္ ေရာဂါပိုး ကူးစက္ခံ ခဲ့ရၿပီး ေဆး ကုသမႈ ခံယူခဲ့တာ လည္းျဖစ္ပါတယ္ ။ ကိုဗစ္ေရာဂါ ကူးစက္ ခံရၿပီး (၁၄) ရက္ေျမာက္ ေန႔မွာေတာ့ ေရာဂါရွိ မရွိျပန္လည္ စစ္ေဆးၾကည့္ရာ negative ျဖစ္ေၾကာင္း သိရွိ ရပါတယ္ ။

ဒါ့အျပင္ ကိုဗစ္ ေရာဂါ ကုသေနစဥ္ ကာလ တစ္ေလၽွာက္ သူရဲ့ အေတြ႕အၾကဳံ ေတြကိုလည္း ခုလို ေျပာၾကား ထားပါေသးတယ္ ။ ” က်ေနာ္ ကိုဗစ္ positive ျဖစ္တယ္ ဆိုတာ သိသိခ်င္း home quarantine ဝင္ၾကတယ္၊ ၁၀ ရက္ျပည့္တဲ့ ေန႔မွာ ကိုဗစ္ ျပန္စစ္တယ္ positive ပဲ ျပန္ျပတယ္။ အဲ့ေနာက္ ၄ ရက္ ထက္ေစာင့္လိုက္တယ္၊ ျပန္စစ္တယ္ ဒီေန႔ေပါ့ ၁၄ ရက္ျပည့္တဲ့ ေန႔မွာ ဘုရားရွင္ ေက်းဇူးေတာ္ေၾကာင့္ ခုက Negative ျဖစ္သြားပါၿပီ။ Negative ျပၿပီးဆိုေပမယ့္ (home quarantine) ၇ရက္ေတာ့ ေနရအုံးမယ္၊ အဲ့ၿပီးတဲ့ခါ က်ရင္‌ေတာ့ အေမ့ဆီမွာ အိမ္ျပန္လို႔ရပါၿပီ။” ဆိုၿပီး ေျပာၾကားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone
Photo – Chin World & Benjamin Sum