သ႐ုပ္ေဆာင္ ေမာ္ဒယ္လ္ ေရႊအိမ္စည္ကေတာ့ လက္ရွိမွာ ကိုယ္ပိုင္ website တစ္ခု ျပဳလုပ္လၽွက္ၿပီး သူမအေနနဲ႔ နိုင္ငံရပ္ျခားမွာ ထိုးေဖာက္ ဖို႔အတြက္လည္း ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။“ ေလာေလာဆယ္ modelling နဲ႔ ပတ္သက္တဲ့ website တစ္ခုလုပ္ေနတယ္။ ျဖစ္နိုင္ရင္ေတာ့ လန္ဒန္ ကို ျပန္သြားၿပီေတာ့ အိမ္စည့္ ရဲ့ လက္ရွိ ေမာ္ဒယ္လ္အလုပ္ကိုေရာ သ႐ုပ္ေဆာင္ပိုင္းကိုပါ တိုးခ်ဲ႕ခ်င္တာ။ ျမန္မာနိင္ငံမွာေတာ့ အိမ္စည္က အတိုင္းအတာတစ္ခုထိ လုပ္ျပခဲ့ၿပီးၿပီလို႔ ထင္တယ္။

လန္ဒန္ကက်ေတာ့ ကိုယ္ႀကီးျပင္းခဲ့တဲ့ ေနရာလည္းျဖစ္ေတာ့ လုပ္ခ်င္တယ္။ ဟိုမွာ လည္း အခြင့္အလမ္းမ်ားတယ္။ ႏွစ္နိုင္ငံ ဟိုဘက္လည္း လုပ္ ၊ ဒီဘက္လည္း လုပ္ အဲ့ဒီလိုဆိုေတာ့ မေကာင္းဘူးလားေပါ့” လို႔ဆိုပါတယ္။ါ့အျပင္ ကိုဗစ္ကာကြယ္ေဆး နဲ႔ ပတ္သက္ၿပီးေတာ့လည္း ေရႊအိမ္စည္က ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ကေတာ့ ဘာေျပာလို႔ေျပာရမွန္းေတာင္မသိဘူး။ ကာကြယ္ေဆး မေပၚခင္ကလည္း အိမ္စည္က အလုပ္နဲ႔ ပတ္သက္ၿပီး ေန႔တိုင္း သြားေန လာေနရတာပဲ။ ကိုယ့္ဘက္ကလည္း ဆင္ေတာ့ဆင္ျခင္ပါတယ္။ ဒါေပမယ့္လည္း ျဖစ္မွလည္း ျဖစ္ေတာ့ကြာေပါ့။ ဒီအတိုင္းခ်ည္းပဲဘာမွမလုပ္ပဲေနရသြားရေအာင္လည္း အိမ္စည့္ကို ဘယ္သူကတင္ေကၽြးထားရမွာလဲ။အိမ့္စည္က်ေတာ့ တစ္ေယာက္တည္း ေနတဲ့အခါက်ေတာ့ သူမ်ားေတြလို ကိုယ့္ဆီကေန မိဘကို ျပန္ကူးမွာေတြ ဘာေတြလည္း စိတ္ပူစရာမရွိဘူးေပါ့။ အဲ့ဒီလို ရွိတဲ့သူေတြက ဒါ သူတို႔ ကိစၥေပါ့။ အဲ့ဒီေတာ့ ကာကြယ္ေဆးေတြ ဘာေတြ ေမၽွာ္မေနဘူး။ ျဖစ္လာရင္လည္း ကြာရန္ဝင္းလိုက္မယ္။ ျဖစ္ပေစ အျဖစ္ခံလိုက္မယ္ဆိုတဲ့ စိတ္မ်ိဳး အိမ္စည့္မွာ ရွိတယ္။

ၿပီးေတာ့ ကာကြယ္ေဆးက ကိုဗစ္ကို ကာကြယ္ေပးနိုင္တယ္ဆိုေပမယ့္ ကိုဗစ္က ထပ္ျဖစ္လာတဲ့ ေရာဂါ အပြားေတြကို အကာအကြယ္မေပးနိုင္ဘူးေလ။ ၁၀၀ ရာခိုင္ႏႈန္း မကာကြယ္ေပးနိုင္ရင္ေတာ့ ကာကြယ္ေဆးမွ မဟုတ္တာ။ အိမ္စည္က ဆရာဝန္ မဟုတ္လို႔ ေသခ်ာ မသိေပမယ့္ ေဘးထြက္ဆိုးက်ိဳး ေတာ့ ရွိမွာပဲေလ။ အဲ့ဒီ ေဘးထြက္ဆိုးက်ိဳးေတြကို မခံစားခ်င္ဘူး။ အဲ့ဒီေတာ့ အိမ္စည္ကေတာ့ ကာကြယ္ေဆးကို မထိုးဘူး။ အဲ့ဒီလိုေျပာလို႔ ဝိုးေတြ ဝါးေတြေတာ့ လာ မလုပ္နဲ႔။ အိမ္စည္က ကိုယ့္ တစ္ကိုယ္ရည္စာ အတြက္ေျပာတာ” လို႔ ေျပာျပခဲ့ပါတယ္။

unicode

သရုပ်ဆောင် မော်ဒယ်လ် ရွှေအိမ်စည်ကတော့ လက်ရှိမှာ ကိုယ်ပိုင် website တစ်ခု ပြုလုပ်လျှက်ပြီး သူမအနေနဲ့ နိုင်ငံရပ်ခြားမှာ ထိုးဖောက် ဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။“ လောလောဆယ် modelling နဲ့ ပတ်သက်တဲ့ website တစ်ခုလုပ်နေတယ်။ ဖြစ်နိုင်ရင်တော့ လန်ဒန် ကို ပြန်သွားပြီတော့ အိမ်စည့် ရဲ့ လက်ရှိ မော်ဒယ်လ်အလုပ်ကိုရော သရုပ်ဆောင်ပိုင်းကိုပါ တိုးချဲ့ချင်တာ။ မြန်မာနိင်ငံမှာတော့ အိမ်စည်က အတိုင်းအတာတစ်ခုထိ လုပ်ပြခဲ့ပြီးပြီလို့ ထင်တယ်။

လန်ဒန်ကကျတော့ ကိုယ်ကြီးပြင်းခဲ့တဲ့ နေရာလည်းဖြစ်တော့ လုပ်ချင်တယ်။ ဟိုမှာ လည်း အခွင့်အလမ်းများတယ်။ နှစ်နိုင်ငံ ဟိုဘက်လည်း လုပ် ၊ ဒီဘက်လည်း လုပ် အဲ့ဒီလိုဆိုတော့ မကောင်းဘူးလားပေါ့” လို့ဆိုပါတယ်။ါ့အပြင် ကိုဗစ်ကာကွယ်ဆေး နဲ့ ပတ်သက်ပြီးတော့လည်း ရွှေအိမ်စည်က ကာကွယ်ဆေးနဲ့ ပတ်သက်လို့ကတော့ ဘာပြောလို့ပြောရမှန်းတောင်မသိဘူး။ ကာကွယ်ဆေး မပေါ်ခင်ကလည်း အိမ်စည်က အလုပ်နဲ့ ပတ်သက်ပြီး နေ့တိုင်း သွားနေ လာနေရတာပဲ။ ကိုယ့်ဘက်ကလည်း ဆင်တော့ဆင်ခြင်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်မှလည်း ဖြစ်တော့ကွာပေါ့။ ဒီအတိုင်းချည်းပဲဘာမှမလုပ်ပဲနေရသွားရအောင်လည်း အိမ်စည့်ကို ဘယ်သူကတင်ကျွေးထားရမှာလဲ။အိမ့်စည်ကျတော့ တစ်ယောက်တည်း နေတဲ့အခါကျတော့ သူများတွေလို ကိုယ့်ဆီကနေ မိဘကို ပြန်ကူးမှာတွေ ဘာတွေလည်း စိတ်ပူစရာမရှိဘူးပေါ့။ အဲ့ဒီလို ရှိတဲ့သူတွေက ဒါ သူတို့ ကိစ္စပေါ့။ အဲ့ဒီတော့ ကာကွယ်ဆေးတွေ ဘာတွေ မျှော်မနေဘူး။ ဖြစ်လာရင်လည်း ကွာရန်ဝင်းလိုက်မယ်။ ဖြစ်ပစေ အဖြစ်ခံလိုက်မယ်ဆိုတဲ့ စိတ်မျိုး အိမ်စည့်မှာ ရှိတယ်။

ပြီးတော့ ကာကွယ်ဆေးက ကိုဗစ်ကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ကိုဗစ်က ထပ်ဖြစ်လာတဲ့ ရောဂါ အပွားတွေကို အကာအကွယ်မပေးနိုင်ဘူးလေ။ ၁၀၀ ရာခိုင်နှုန်း မကာကွယ်ပေးနိုင်ရင်တော့ ကာကွယ်ဆေးမှ မဟုတ်တာ။ အိမ်စည်က ဆရာဝန် မဟုတ်လို့ သေချာ မသိပေမယ့် ဘေးထွက်ဆိုးကျိုး တော့ ရှိမှာပဲလေ။ အဲ့ဒီ ဘေးထွက်ဆိုးကျိုးတွေကို မခံစားချင်ဘူး။ အဲ့ဒီတော့ အိမ်စည်ကတော့ ကာကွယ်ဆေးကို မထိုးဘူး။ အဲ့ဒီလိုပြောလို့ ဝိုးတွေ ဝါးတွေတော့ လာ မလုပ်နဲ့။ အိမ်စည်က ကိုယ့် တစ်ကိုယ်ရည်စာ အတွက်ပြောတာ” လို့ ပြောပြခဲ့ပါတယ်။