ပရိသတ္ႀကီးေရ ေမလသံစဥ္ ဆိုတဲ့ အဆိုေတာ္ မေလးကေတာ့ ျမန္မာသံ ေတးသီခ်င္းေလး ေတြ နဲ႔ ပရိသတ္ေတြရင္ထဲကို ေရာက္လာတဲ့ ဆယ္ေက်ာ္သက္ အႏုပညာရွင္ တစ္ေယာက္ျဖစ္ၿပီး သူမ ရဲ့ ျပန္လည္ ဆန္းသစ္ ေႏွာင္း တစ္ေခတ္ အယ္ဘမ္လ္ ကလည္း ပရိသတ္ေတြ ၾကားမွာ အေတာ္ေလး ေရပန္းစားခဲ့တာပါ ။လတ္တေလာ မွာေတာ့ သီခ်င္းသစ္ ေလးေတြ ထြက္ဖို႔စီစဥ္ေနတယ္ လို႔လည္းသိရပါတယ္ ။

ဒီေန႔မွာေတာ့ ေမလသံစဥ္ တစ္ေယာက္ သ႐ုပ္ေဆာင္ ေနတိုး နဲ႔ အတူ ရိုက္ကူးထားတဲ့ ပုံရိပ္ေလးေတြ ကို သူမရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ မၽွေဝခဲ့ၿပီး ပေဟဠိ ဆန္ဆန္ ေရးသားထားတာ ေတြ႕ရပါတယ္ ။ လူႀကီးကို ခ်စ္လို႔မရဘူးလား ဆိုတဲ့ စာသားေလး နဲ႔ ေနတိုး နဲ႔ စုံတြဲ ပုံေလးကို မၽွေဝေပးခဲ့တာ ျဖစ္ၿပီး ပရိသတ္ေတြကေတာ့ သူမရဲ့ သီခ်င္းသစ္ Music Video ေလးကို အရမ္းကို ေမၽွာ္လင့္ေနၾကၿပီ ျဖစ္ေၾကာင္း မွတ္ခ်က္ ေတြေပးခဲ့ၾကပါတယ္ ။

မၾကာေသးမီက မွ ေတးသံရွင္ ေအးျမျဖဴနဲ႔ Music Video ေလးတစ္ခု ရိုက္ကူး ခဲ့တဲ့ ေနတိုးက ဒီတစ္ခါ မွာေရာ ေမလသံစဥ္ နဲ႔ ဘယ္လို Music Video ေလးထြက္ရွိ လာဦးမလဲ ဆိုတာကို ပရိသတ္ေတြ အရမ္းကို ရင္ခုန္ေနၾကၿပီ ထင္ပါတယ္ ။ ေမလသံစဥ္ ကိုခ်စ္တဲ့ ဆယ္လီ ကမၻာ ပရိသတ္ ႀကီးေရာ သီခ်င္းသစ္ေလးကို ေမၽွာ္လင့္ ေနၾကၿပီလား မွတ္ခ်က္ ေပးခဲ့ပါဦးေနာ္ ။

Source : May La Thansin
Emily (Cele Gabar)

UNICODE

ပရိသတ်ကြီးရေ မေလသံစဉ် ဆိုတဲ့ အဆိုတော် မလေးကတော့ မြန်မာသံ တေးသီချင်းလေး တွေ နဲ့ ပရိသတ်တွေရင်ထဲကို ရောက်လာတဲ့ ဆယ်ကျော်သက် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး သူမ ရဲ့ ပြန်လည် ဆန်းသစ် နှောင်း တစ်ခေတ် အယ်ဘမ်လ် ကလည်း ပရိသတ်တွေ ကြားမှာ အတော်လေး ရေပန်းစားခဲ့တာပါ ။လတ်တလော မှာတော့ သီချင်းသစ် လေးတွေ ထွက်ဖို့စီစဉ်နေတယ် လို့လည်းသိရပါတယ် ။

ဒီနေ့မှာတော့ မေလသံစဉ် တစ်ယောက် သရုပ်ဆောင် နေတိုး နဲ့ အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေ ကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ မျှဝေခဲ့ပြီး ပဟေဠိ ဆန်ဆန် ရေးသားထားတာ တွေ့ရပါတယ် ။ လူကြီးကို ချစ်လို့မရဘူးလား ဆိုတဲ့ စာသားလေး နဲ့ နေတိုး နဲ့ စုံတွဲ ပုံလေးကို မျှဝေပေးခဲ့တာ ဖြစ်ပြီး ပရိသတ်တွေကတော့ သူမရဲ့ သီချင်းသစ် Music Video လေးကို အရမ်းကို မျှော်လင့်နေကြပြီ ဖြစ်ကြောင်း မှတ်ချက် တွေပေးခဲ့ကြပါတယ် ။

မကြာသေးမီက မှ တေးသံရှင် အေးမြဖြူနဲ့ Music Video လေးတစ်ခု ရိုက်ကူး ခဲ့တဲ့ နေတိုးက ဒီတစ်ခါ မှာရော မေလသံစဉ် နဲ့ ဘယ်လို Music Video လေးထွက်ရှိ လာဦးမလဲ ဆိုတာကို ပရိသတ်တွေ အရမ်းကို ရင်ခုန်နေကြပြီ ထင်ပါတယ် ။ မေလသံစဉ် ကိုချစ်တဲ့ ဆယ်လီ ကမ္ဘာ ပရိသတ် ကြီးရော သီချင်းသစ်လေးကို မျှော်လင့် နေကြပြီလား မှတ်ချက် ပေးခဲ့ပါဦးနော် ။

Source : May La Thansin
Emily (Cele Gabar)