ရဲနဲ့ စစ်တပ်အနေနဲ့ သေနတ်မောင်းခလုတ် ကို ဆွဲမညှစ်ခင်မှာ ကိုယ့်ရဲ့ ကလေးတွေနဲ့ မိသားစုတွေ အကြောင်းကို အရင်စဉ်းစားကြဖို့One Championship လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်းက ပြောပါတယ်။မတ်လ ၃ ရက်နေ့က ရန်ကုန်၊ မန္တလေးနဲ့ မုံရွာအပါ အဝင် မြို့ကြီးတွေမှာ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့်ပြည်သူအယောက် ၄၀ လောက် သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပြီးနောက် ခုလို ပြောကြားလိုက်တာပါ။

“ရဲ နှင့် စစ်တပ်ကို ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ရဲ့ မောင်းခလုတ် ကို မဆွဲညှစ်ခင်မှာ ခင်ဗျားတို့ရဲ့ ကလေး၊ခင်ဗျားတို့ရဲ့ မိသားစုတွေအကြောင်းကို အရင်စဉ်းစားစေချင်ပါတယ်။အခုဆန္ဒပြနေသူတွေဟာ ခင်ဗျားတို့ရဲ့ ညီအစ်ကို အစ်မ ညီမ ခင်ဗျားတို့ရဲ့ တိုင်းပြည်ကလူတွေသာဖြစ်ပြီးသူတို့ကခင်ဗျားတို့ရဲ့ ရန်သူတွေ (လုံးဝ) မဟုတ်ပါဘူး

ဒါကြောင့် ကျေးဇူးပြု၍ ခင်ဗျားတို့လူတစ်ယောက်ရဲ့ဘဝ တစ်ခုကို မယူခင် (သို့မဟုတ်)လူတစ်ယောက် ကို ထိခိုက်နာကျင်အောင် မလုပ်ခင် သေချာလေးစဉ်းစားနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်” လို့ အောင်လအန်ဆန်း က သူ့ရဲ့လူမှုကွန်ရက်မှာပြောပါတယ်။လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့ပြီး အသက်တွေပါ စတေးခဲ့ကြရတဲ့ သူရဲကောင်းအားလုံးရဲ့ မိသားစုတွေနဲ့အတူထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ သူတို့ရဲ့စွန့်လွှတ်အနစ်နာခံ မှုတွေကစိတ်နှလုံးထဲမှာ အမြဲထာဝရရှိနေမှာဖြစ်သလို ကျဆုံးခဲ့ရ တဲ့သူတွေဟာ ထာဝရလေးစားသွား ရမယ့်သူ တွေအဖြစ် ထိုက်တန်ကြတယ်လို့ ဆိုပါတယ်

ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ပြင်းထန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေနဲ့ ဖိနှိပ်နေမှုတွေကို ရပ်တန့်ဖို့အတွက်စစ်အာဏာရှင်တွေကို တိုက်တွန်းလိုက်ပြီသွေးထွက်သံယိုဖြစ်နေမှုတွေရပ်တန့်သွားစေဖို့နဲ့အခုလက်ရှိအခြေအနေတွေကနေ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတွေ အမြန်ရရှိဖို့ မြန်မာပြည်က လူအားလုံးအတွက်
ဆုတောင်းပေးနေတယ် လို့လည်း အောင်လအန်ဆန်းက ပြောပါတယ်။