ျပည္သူလူထု ကေတာ့ တစ္လ ေက်ာ္ၾကာသြားၿပီ ျဖစ္တဲ့ ဒီအေျခအေန ကို ရဲစြမ္း သတၱိ အျပည့္နဲ႔ ဆက္လက္ ရင္ဆိုင္ေနၾကဆဲ ပဲျဖစ္ပါတယ္။လူငယ္ ေတြကလည္း ေရွ႕ဆုံး ကေန တက္တက္ ႂကြႂကြ ပါဝင္ၿပီး ေနာက္တန္းက ျပည္သူေတြ ရဲ့ လုံျခဳံေရး ကို ကာကြယ္ေပးေန ၾကတာျဖစ္ပါတယ္။ျပည္သူ ေတြ အခ်င္းခ်င္းက ေတာ့ ကိုယ့္ ရဲ့ မိသားစုဝင္ လိုမ်ိဳးသတ္မွတ္ ထားၾကၿပီး ကာကြယ္ ေစာင့္ေရွာက္ ေပးေန ၾကတာ ျဖစ္ပါတယ္။ဒါ့ေၾကာင့္ လည္း ျမန္မာ ျပည္သူ ၊ ၿပ ည္သားေတြရဲ့ ရိုင္းပင္း ကူညီခ်င္စိတ္ က ေလးစားဖို႔ ေကာင္းပါတယ္။

လူထု လႈပ္ရွားမႈ မွာ ပါဝင္ၾကတဲ့ ျပည္သူေတြ အဟာရ ျပည့္ဖို႔ အတြက္ အလႉရွင္ တခ်ိဳ႕က လည္း စားစရာေတြ ကို အလၽွံပယ္ လႉဒါန္းၾကတာ ျဖစ္ပါတယ္။အခုရက္ပိုင္း ထိလည္း တခ်ိဳ႕ေနရာ ေလးေတြ မွာ စားစရာ ေတြ လႉၾကေပမယ့္ အရမ္းၿဖိဳခြင္းတဲ့ ေနရာေတြ မွာ ေတာ့ ဘာမွလႉလို႔မရတဲ့ အေျခအေန ျဖစ္ပါတယ္။လူငယ္တခ်ိဳ႕ကေတာ့ မိမိတို႔အိမ္ကေန ထမင္းခ်ိဳင့္ ထုတ္လာၿပီး လူထု လႈပ္ရွားမႈေတြ မွာ အင္တိုက္ အားတိုက္ ပါဝင္ လႈပ္ရွားၾကတာ ျဖစ္ပါတယ္။အခုဆိုရင္လည္း လူငယ္ေလး တခ်ိဳ႕က လမ္းေပၚ မွာ ပဲ ထမင္းခ်ိဳင့္ေလးကို ဖြင့္ၿပီး စားေသာက္ ေနၾကတာ ျဖစ္ပါတယ္။

ေန႔လည္ခင္း ခဏ နားၾကတဲ့ အခ်ိန္မွာ လမ္းေဘး မွာပဲ သူငယ္ခ်င္းေတြ အကုန္လုံး ဝိုင္းဖြဲ႕ စားေသာက္ေနၾကတဲ့ ျမင္ကြင္းေလးက ရင္ထဲကို ထိမွန္ေစပါတယ္။လူငယ္ ေတြရဲ့ စိတ္အား ထက္သန္မႈ ေတြကလည္း တစ္ေန႔ထက္ တစ္ေန႔ပိုမို အားေကာင္းလာၿပီး က်ဆုံးသြားတဲ့ သူရဲေကာင္းေတြ အတြက္ပါ ႀကိဳးစားေပးေနၾကတာ ျဖစ္ပါတယ္။လူငယ္ ေတြက သူတို႔ရဲ့ ဇြဲ ၊ လုံ႔လ ၊ ဝီရိယေတြ နဲ႔ အခက္အခဲ ေပါင္းစုံကို ေက်ာ္ျဖတ္ ၾကၿပီး ျဖစ္သလိုေန ၊ ျဖစ္သလိုစားေနၾကတဲ့ ပုံရိပ္ေလးေတြက မ်က္ရည္ က်ရေလာက္တဲ့ အထိကို ဝမ္းသာ ပီတိျဖစ္မိလို႔ ဗီဒီယိုဖိုင္ေလး ကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Source&Video Credit: myanmar load

UNICODE

ပြည်သူလူထု ကတော့ တစ်လ ကျော်ကြာသွားပြီ ဖြစ်တဲ့ ဒီအခြေအနေ ကို ရဲစွမ်း သတ္တိ အပြည့်နဲ့ ဆက်လက် ရင်ဆိုင်နေကြဆဲ ပဲဖြစ်ပါတယ်။လူငယ် တွေကလည်း ရှေ့ဆုံး ကနေ တက်တက် ကြွကြွ ပါဝင်ပြီး နောက်တန်းက ပြည်သူတွေ ရဲ့ လုံခြုံရေး ကို ကာကွယ်ပေးနေ ကြတာဖြစ်ပါတယ်။ပြည်သူ တွေ အချင်းချင်းက တော့ ကိုယ့် ရဲ့ မိသားစုဝင် လိုမျိုးသတ်မှတ် ထားကြပြီး ကာကွယ် စောင့်ရှောက် ပေးနေ ကြတာ ဖြစ်ပါတယ်။ဒါ့ကြောင့် လည်း မြန်မာ ပြည်သူ ၊ ပြ ည်သားတွေရဲ့ ရိုင်းပင်း ကူညီချင်စိတ် က လေးစားဖို့ ကောင်းပါတယ်။

လူထု လှုပ်ရှားမှု မှာ ပါဝင်ကြတဲ့ ပြည်သူတွေ အဟာရ ပြည့်ဖို့ အတွက် အလှူရှင် တချို့က လည်း စားစရာတွေ ကို အလျှံပယ် လှူဒါန်းကြတာ ဖြစ်ပါတယ်။အခုရက်ပိုင်း ထိလည်း တချို့နေရာ လေးတွေ မှာ စားစရာ တွေ လှူကြပေမယ့် အရမ်းဖြိုခွင်းတဲ့ နေရာတွေ မှာ တော့ ဘာမှလှူလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။လူငယ်တချို့ကတော့ မိမိတို့အိမ်ကနေ ထမင်းချိုင့် ထုတ်လာပြီး လူထု လှုပ်ရှားမှုတွေ မှာ အင်တိုက် အားတိုက် ပါဝင် လှုပ်ရှားကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်လေး တချို့က လမ်းပေါ် မှာ ပဲ ထမင်းချိုင့်လေးကို ဖွင့်ပြီး စားသောက် နေကြတာ ဖြစ်ပါတယ်။

နေ့လည်ခင်း ခဏ နားကြတဲ့ အချိန်မှာ လမ်းဘေး မှာပဲ သူငယ်ချင်းတွေ အကုန်လုံး ဝိုင်းဖွဲ့ စားသောက်နေကြတဲ့ မြင်ကွင်းလေးက ရင်ထဲကို ထိမှန်စေပါတယ်။လူငယ် တွေရဲ့ စိတ်အား ထက်သန်မှု တွေကလည်း တစ်နေ့ထက် တစ်နေ့ပိုမို အားကောင်းလာပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတွေ အတွက်ပါ ကြိုးစားပေးနေကြတာ ဖြစ်ပါတယ်။လူငယ် တွေက သူတို့ရဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယတွေ နဲ့ အခက်အခဲ ပေါင်းစုံကို ကျော်ဖြတ် ကြပြီး ဖြစ်သလိုနေ ၊ ဖြစ်သလိုစားနေကြတဲ့ ပုံရိပ်လေးတွေက မျက်ရည် ကျရလောက်တဲ့ အထိကို ဝမ်းသာ ပီတိဖြစ်မိလို့ ဗီဒီယိုဖိုင်လေး ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Video Credit: myanmar load