


Credit

UNICODE

ပရိသတ်ကြီးရေ.. ဂီတ လောကမှာ အသံပါဝါ ကောင်းကောင်း နဲ့ သီချင်းကောင်း တွေများစွာ သီဆိုထွက်ရှိ ထားပြီး အောင်မြင်မှု တွေများ စွာရရှိ ထားတဲ့ အဆိုတော် အနုပညာရှင် တွေထဲမှာ ထူးအယ်လင်း ကလည်း အပါ အဝင် ပါပဲ..။ထူးအယ်လင်း ကတော့ လက်ရှိ မှာ အနုပညာ အလုပ်တွေ နည်းပါး နေပေမယ့် ပရဟိတအလုပ်တွေ လုပ်ဆောင် ကာ လိုအပ်နေတဲ့ ပြည်သူ တွေအတွက် ဖေးမကူညီမှု တွေနဲ့ အတူ လှူဒါန်းမှု တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်..

ထူးအယ်လင်း ကတော့ ကိုဗစ် ပထမလှိုင်း နဲ့ ဒုတိယလှိုင်း တွေမှာလည်း ဆေးဝါး နဲ့ လိုအပ်တာတွေ လှူဒါန်း သလို ဝေးလံ ခေါင်သီတဲ့ ဒေသ တွေ ကိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားရောက်ကာ ချို့တဲ့ သူတွေ အတွက် လှူဒါန်းမှု တွေ ပြုလုပ်နေတာ လည်း တွေ့ရပါတယ်..။

၇ (ရက်) သားသမီးတွေ နဲ့ အတူ ပြုလုပ်ခဲ့တဲ့ အလှူ ပုံရိပ်တွေကို အမြဲ မျှဝေ လေ့ရှိတဲ့ ထူးအယ်လင်း ကတော့ ကိုယ်ချင်း စာတရား တွေကို လှိုင်လှိုင် ပြော ပြီး စာနာစိတ်မရှိတဲ့ ပတ်ဝန်းကျဉ် ကို ရှောင်တယ် ဆိုပြီးတော့လည်း ရေးသား ပြောပြလာပါတယ်..။“ကိုယ်ချင်း စာတရားတွေ လှိုင်လှိုင် ပြောပြီး ကိုယ်ချင်းစာစိတ်မရှိတဲ့ ပတ်ဝန်းကျင်ကို ရှောင်တယ်….လှသိန်း 😅..” ဆိုပြီး ထူးအယ်လင်းက ရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။ပရိသတ်တွေ ကလည်း ထူးအယ်လင်းကို အားပေးနေကြတဲ့ အကြောင်းတွေ အပြင် စနောက် ထားကြသလို အစစ အရာရာဂရုစိုက်ဖို့ကို လည်း မှတ်ချက်တွေ ပေး ရေးသား ထားကြ လည်း တွေ့ရပါတယ်..။

Credit