အသံ ပါဝါ ကောင်းကောင်း နဲ့ ဂီတ လောကမှာ နေရာယူထားတဲ့ ထူးအယ်လင်း တစ်ယောက် ကတော့ ယနေ့ အချိန်ထိ အောင်မြင်မှု တွေ ရနေဆဲ ဖြစ်ပါတယ်။သူရဲ့ ထွက်ရှိထားတဲ့ သီချင်းတိုင်း ဟာ လည်း ပရိတ်သတ်တွေ ကျေနပ်အားရ နှစ်သက် ကြပါတယ်။ဂီတ အနုပညာ အလုပ်များ လုပ်ရင်း နဲ့ နယ်လှည့် ပရဟိတအလုပ်တွေ ကို လည်း လုပ်ကိုင် လျက်ရှိပါတယ်။

လတ်တလော မှာလည်း ကချင် စစ်ဘေးရှောင်စခန်းက တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ အတွက် လိုအပ် သော စားသောက်ကုန် များ နှင့် လူသုံး ကုန် ပစ္စည်းတွေ ကို သွားရောက် လှူဒါန်း ဖို့ အတွက် ပြင်ဆင် နေတာ ဖြစ်ပါတယ်။ သူ့အနေ နဲ့ အသိမိတ်ဆွေ နဲ့ အတူ စုပေါင်း အလှူဒါန တွေပြုလုပ်လျက် ရှိပြီး သူရဲ့ အလှူဒါနတွေ ကို ပရိတ်သတ်တွေ သာဓုခေါ် ဆိုနိုင်ရန် လူမှုစာမျက်နှာ မှ တစ်ဆင့် ပြန်လည်မျှ ဝေပေးလေ့ ရှိပါတယ်။

ဒီနေ့ မှာတော့ ထူးအယ်လင်း တစ်ယောက် စစ်ဘေးရှောင် စခန်းတစ်ခုမှာ ကိုယ်တိုင် သွားရောက် ပြီး ကူညီ လှူဒါန်းပေးရင်း အားပေး စကားတွေ ပြောဖြစ်တဲ့ အကြောင်းကို ယခုလို ပရိတ်သတ်တွေ အတွက် မျှဝေလာခဲ့ပါတယ်။”သူတို့ တွေ ငါတို့တွေ မင်းတို့တွေ… မခွဲခြားပါ နဲ့ …အားလုံး လူတွေပါ…လူလိုပဲ မြင် လူလိုပဲ နိုင်သလောက် လက်လှမ်း မှီသလို ကူညီ ကြ တာ မင်္ဂလာ မည်ပါတယ်။”ဆိုတဲ့ စာလေးနဲ့ အတူ စစ်ဘေးရှောင် စခန်းက ပြည်သူတွေ နဲ့ အတူ ပြုံးရွှင်စွ ာရိုက်ထားတဲ့ ပုံလေးတေ မျှဝေ လာခဲ့ပါတယ်။

Source : Htoo El Lynn’s Facebook

ZAWGYI



