ပရိသတ်ကြီးရေ ပရိသတ်တွေ ရဲ့အချစ်တော် မိတ်ကပ်ပညာရှင် အလှဖန်တီးရှင် မိတ်ကပ် လင်းလင်း ကတော့ ဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဆွမ်းခံကြွတာကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်ဖူးမြော်ခဲ့ ပါတယ်။ လင်းလင်းကတော့ သူကိုယ်တိုင်လည်း ဆရာတော်ကြီးဆွမ်းခံ ကြွတာကို သွားရောက်ဆွမ်းကပ်လှူရင်း ဖူးမြော်ခဲ့တာပါ။

လင်းလင်းက သူကိုယ်တိုင်လည်း ဆရာတော်ဘုရားကြီးကို သွားရောက် ဖူးမြော်ခဲ့သလို ဆရာတော်ဘုရားကြီးကို ဖူးမြော်ချင်တဲ့ ပရိသတ်တွေအတွက် လည်း ပြန်လည်မျှဝေဖော်ပြပေးခဲ့ပါတယ်။လင်းလင်းက သူ့ရဲ့ လူ မှုကွန်ရက်စာမျက်နှာကနေ ဆရာတော်ဘုရားကြီး ဆွမ်းခံကြွနေတာ ကို ဗီဒီယိုရိုက်ကူးပြီး “မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးအား ရိုသေစွာ ရှစ်ခိုးပူဇော် ဖူးမြော် ပါ၏။ လှူဒါန်းခြင်း ပူဇော်ခြင်း ဖူးမြော်ခြင်း ကုသိုလ်အစုစုအား အမျှ အမျှ အမျှ ရကြပါစေကုန် “ဆိုပြီး ဆွမ်းကပ်လှူခဲ့ကြောင်းနဲ့ ဖူးမြော်ခဲ့ကြောင်းကိုလည်း ဖော်ပြထားခဲ့ပါသေးတယ်။

ဗောဓိမြိုင်ဆရာတော် ဘုရားကြီးကို ဖူးမြော်ချင်တဲ့ ပရိသတ်ကြီးတွေအတွက် လင်းလင်းမျှဝေထားခဲ့တဲ့ ဆရာတော်ဘုရားကြီး ဆွမ်းခံကြွတဲ့ ဗီဒီယိုလေးနဲ့ ပုံတော်တွေကို ပြန်လည် မျှဝေ ဖော်ပြပေးလိုက်ပါ တယ်နော်။ ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ပြီး ကပ်ဘေးတွေကနေ ကင်းလွတ်နိုင်ကြပါစေနော်။

Source – Lin Linn

ZAWGYI




Source – Lin Linn