သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ေလး ပြင့္နဒီေမာင္ ကေတာ့ ဆယ္စုႏွစ္ ေက်ာ္တိုင္ ေအာင္ ပရိသတ္ေတြ ရဲ့ အားေပးမႈေတြ မ်ားစြာကို သိမ္းပိုက္ ရရွိခဲ့တဲ့ မင္းသမီးတစ္လက္ လည္း ျဖစ္ပါတယ္။ ျပည္သူေတြ ထဲက ျပည္သူတစ္ေယာက္ ျဖစ္တာေၾကာင့္ လတ္တေလာ ျဖစ္ေပၚေနတဲ့ လူထု လႈပ္ရွားမႈ မ်ားတြင္ က်ရာအခန္း က႑ ကေန အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ ပါဝင္လုပ္ေဆာင္ ေပးေနတာလည္း ျဖစ္ပါတယ္။ လမ္းေပၚထြက္ ကာ သူတို႔ရဲ့ရင္ထဲက ဆႏၵအမွန္ တရားေတြကို ထုတ္ေဖာ္ေနၾကတဲ့ ျပည္သူေတြ အတြက္ စားစရာ ၊ ေသာက္စရာမ်ားကို လည္း တစ္ေန႔တစ္မ်ိဳး လႉဒါန္း ေပးေနတာ လည္း ျဖစ္ပါတယ္။

ပြင့္နဒီေမာင္ ဟာ အခုလို အေျခအေန မွာ ကိုယ္တတ္နိုင္တဲ့ ဘက္က ေန ျပည္သူေတြ အဆင္ေျပေအာင္ ပူးေပါင္း ပါဝင္ေပး ေနတာလည္း ျဖစ္ပါတယ္။ ဒီေန႔မွာလည္း ျပည္သူေတြ ထမင္း ၿမိန္စြာ သုံးေဆာင္နိုင္ရန္ မေန႔ညက တည္းက သူမကိုယ္တိုင္ အပင္ပန္းခံကာ ႀကိဳစား ခ်က္ျပဳတ္ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ပြင့္နဒီေမာင္ ရဲ့လူ မႈကြန္ယက္စာမ်က္ႏွာမွာ ဟင္းခ်က္ေနတဲ့ ပုံေလးေတြ တင္ထားတာပဲ ျဖစ္ပါတယ္။

” ၾကက္သားဟင္း မရမ္းသီး ငပိေထာင္း နဲ႔ သခြားသီးတို႔စရာပြဲ ၁၀၀၀ ေအာင္ျမင္စြာခ်က္ၿပီး ေၾကာင္းအလႉရွင္မ်ား ဒီထက္မက လႉဒါန္း နိုင္ပါေစ။သက္ရွည္က်န္းမာ စိတ္ခ်မ္းသာ လိုရာဆႏၵမ်ား ခ်က္ခ်င္းျပည့္ပါေစ။ မရမ္းသီးေထာင္းေလး ကေတာ့ ခ်စ္ေမေမ လက္ရာရွယ္ပဲ ” ဆိုၿပီး ေရးသားထားတာလည္း ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရ ပါတယ္ေနာ္။ အႏုပညာရွင္ ေတြသာမကဘဲ အျခားေသာျပည္သူမ်ားကလည္း လမ္း ေပၚထြက္ ေနၾကတဲ့ ျပည္သူေတြ အတြက္ စားစရာ ၊ ေသာက္စရာမ်ား နဲ႔ ေနေလာင္ခံ cream ေတြလႉဒါန္း ေပးေနၾကသူမ်ားကိုလည္း ဒီထက္မက ႀကီးပြားခ်မ္းသာတိုးတက္ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Pwint Nadi Maung’s Facebook Account
credit…myanmar load

UNICODE

သရုပ်ဆောင် မင်းသမီးချော လေး ပွင့်နဒီမောင် ကတော့ ဆယ်စုနှစ် ကျော်တိုင် အောင် ပရိသတ်တွေ ရဲ့ အားပေးမှုတွေ များစွာကို သိမ်းပိုက် ရရှိခဲ့တဲ့ မင်းသမီးတစ်လက် လည်း ဖြစ်ပါတယ်။ ပြည်သူတွေ ထဲက ပြည်သူတစ်ယောက် ဖြစ်တာကြောင့် လတ်တလော ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှု များတွင် ကျရာအခန်း ကဏ္ဍ ကနေ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လုပ်ဆောင် ပေးနေတာလည်း ဖြစ်ပါတယ်။ လမ်းပေါ်ထွက် ကာ သူတို့ရဲ့ရင်ထဲက ဆန္ဒအမှန် တရားတွေကို ထုတ်ဖော်နေကြတဲ့ ပြည်သူတွေ အတွက် စားစရာ ၊ သောက်စရာများကို လည်း တစ်နေ့တစ်မျိုး လှူဒါန်း ပေးနေတာ လည်း ဖြစ်ပါတယ်။

ပွင့်နဒီမောင် ဟာ အခုလို အခြေအနေ မှာ ကိုယ်တတ်နိုင်တဲ့ ဘက်က နေ ပြည်သူတွေ အဆင်ပြေအောင် ပူးပေါင်း ပါဝင်ပေး နေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပြည်သူတွေ ထမင်း မြိန်စွာ သုံးဆောင်နိုင်ရန် မနေ့ညက တည်းက သူမကိုယ်တိုင် အပင်ပန်းခံကာ ကြိုစား ချက်ပြုတ် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပွင့်နဒီမောင် ရဲ့လူ မှုကွန်ယက်စာမျက်နှာမှာ ဟင်းချက်နေတဲ့ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

” ကြက်သားဟင်း မရမ်းသီး ငပိထောင်း နဲ့ သခွားသီးတို့စရာပွဲ ၁၀၀၀ အောင်မြင်စွာချက်ပြီး ကြောင်းအလှူရှင်များ ဒီထက်မက လှူဒါန်း နိုင်ပါစေ။သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ ချက်ချင်းပြည့်ပါစေ။ မရမ်းသီးထောင်းလေး ကတော့ ချစ်မေမေ လက်ရာရှယ်ပဲ ” ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရ ပါတယ်နော်။ အနုပညာရှင် တွေသာမကဘဲ အခြားသောပြည်သူများကလည်း လမ်း ပေါ်ထွက် နေကြတဲ့ ပြည်သူတွေ အတွက် စားစရာ ၊ သောက်စရာများ နဲ့ နေလောင်ခံ cream တွေလှူဒါန်း ပေးနေကြသူများကိုလည်း ဒီထက်မက ကြီးပွားချမ်းသာတိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Pwint Nadi Maung’s Facebook Account
credit…myanmar load