


Yuan – Cele Zone
Photo – Chit Thu Wai

UNICODE

အနုပညာလောကမှာ အောင်မြင်မှုများစွာ ဆွတ်ခူး နေတဲ့ ချစ်သုဝေ ကတော့ တကယ့်ကို ပြီးပြည့် စုံတဲ့ အရည်အချင်း များစွာရှိတဲ့ အမျိုးသမီး တစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဆရာဝန်တစ်ဦး ဖြစ်ပေမယ့်လည်း ချစ်သုဝေ က သူမချစ်တဲ့ အနုပညာအလုပ် တွေကို ပိုမိုဦးစားပေး လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အခုဆိုရင် ချစ်သုဝေ က သမီးအမြွှာလေးနှစ်ယောက် ပိုင်ဆိုင် ထားကာ ပရိသတ်တွေ အားကျ ချစ်ခင်နေကြတာ အမှန်ပါပဲနော်။

ချစ်စရာ သမီးလေးတွေ ဖြစ်တဲ့ ခေတ် နဲ့ သစ်တို့ကို မွေးဖွားထားပြီး ပရိသတ်တွေ ကြား ရေပန်းစား နေတဲ့ မိသားစု တစ်စုဆိုလည်း မမှားပါဘူး ။ဒါ့အပြင် ချစ်သုဝေတို့ဇနီးမောင်နှံဟာ ပရဟိတ အလုပ်တွေကိုလည်း အားတက်သရော စိတ်တူ ကိုယ်တူ အမြဲလုပ်ဆောင်လေ့ ရှိကြသူတွေ ဖြစ်ပြီး ခေတ်သစ် ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်။

အခုလည်း သူမရဲ့ မွေးနေ့လေးမှာ ခေတ် နဲ့ သစ်ရဲ့ နာမည်လေးနဲ့ ခေတ်သစ် စာကြည့်တိုက်လေးကို ကိုယ်တိုင် ဦးဆောင်ကာ လှူဒါန်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ချစ်သုဝေကတော့ သူလှူဒါန်းထားတဲ့ စာကြည့်တိုက်လေးကို ကြည့်ပြီး ကြည်နူး ပီတိဖြစ်ကာ ပျော်မဆုံး ဖြစ်ကြောင်းလည်း ရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေ ရဲ့ အလှူပုံလေးတွေ ကို ကြည့်လိုက်ရအောင်နော်။

Yuan – Cele Zone
Photo – Chit Thu Wai