အားလုံးသိစေချင်လို့ တချို့ကလဲ အထင်မြင်လွဲ နေကြတဲ့သူတွေရှိနေလို့ အမှန်တကယ် ဖြစ်နေတာလေးကို ကိုယ်ကိုယ်တိုင် မနေ့က ဆေးရုံရောက်သွားတော့မှ အန်တီ့ရဲ့ ခြေနေကို တွေ့လိုက်ရမှဘဲ ငါဆိုရင်ရော ဆိုတဲ့ အတွေးလေး ဝင်လာပြီး မိုးအတွက် အခုလိုလေး ကိုယ်ချင်းစာနား လည်ပြီး အားလုံးအမြင်လေးရှင်းစေချင်လို့ပါအန်တီကဒီလို ကုတင်ပေါ်မှာဘဲ နေပြီး နိုင်ငံခြားမှာ သွားသွားကုနေရတာတော့ ကြာပြီပေါ့နော် ဒါပေမယ့်တကယ်အရေးပေါ် ခြေနေလူစောင့်ကြည့်နေရတဲ့အနေအထားစပြီးဖြစ်တာ ကတော့ january, 2021 ကထဲကပါ ဒါ့ကြောင့်အဲ့ဒီလတွေ ရက်တွေကထဲက မိုးကအနုပညာအလုပ် တွေဆိုရင်တောင်နယ်ကိုရက်ရှည်ခရီးထွက်ရမည့် အလုပ်ဆိုရင် တောင်မလုပ်နိုင်တော့ဘဲ အန်တီ့အနားမှာဘဲအမြဲ စောင့်ကြည့်နေရတယ် ညဘက် ဆိုလဲမိခင်ဖြစ်သူကနာကျင်ကိုက်ကဲနေတော့ ညီးတွားသံ ကြားရပြန်တော့လဲမိုးလဲ ဘယ်အိပ်ပျော်မလဲ

နိုင်ငံခြားမှာ သွားကုနေကြကို ကိုဗစ် ဖြစ်တော့ ပြည်ပထွက်ခွင့် မရပြန်တော့ ထွက်မကုရပြန်ဘူးထွက်လို့ ရပြန်တော့လဲ အန်တီက နေရာအရွေ့အပြောင်းလေးတောင်မခံနိုင်အောင်နာကျင်စွာခံစားနေရတော့ သွားလို့မရတော့ ပြန်မိုးအနေနဲ့အပြင်ထွက်ပြန်ရင်လဲ ကိုဗစ်ရောဂါသူ့ကို ကူးလာရင် အမေ့နားမှာ အမြဲနေရသူ ကိုယ်တိုင်ပြုစုနေရသူဆိုတော့ အမေ့ကို ပြန်ကူးမှာ ကြောက်နေရပြန်ရောအခု နိုင်ငံရေးမှာလဲ သူကိုယ်တိုင်ပထမပိုင်းမှာ ပြည်သူနဲ့အတူရပ်တည်ပြီး ပါဝင်ခဲ့ပါတယ်တတ်အားသရွေ့လဲ speak out လုပ်ပေးခဲ့တာတွေရှိပါတယ်

နောက်ပိုင်း ဘာလို့မလုပ်တာလဲလို့ ပြောရရင်တော့ ၅၀၅ ပြသနာပေါ့ မိုးသာ ၅၀၅အထုတ်ခံရရင် ဝရမ်းထုတ်လိုက်ပြီ ဆိုတာနဲ့ ပြေးရပြီလေအာ့ဆို ဒီအမေကြီးကိုဘယ်သူပြုစုမှာလဲ သူကိုယ်တိုင် ပိုက်ဆံရှာသူကိုယ်တိုင် ပြုစုနေရသူ သူသာဝရမ်းကိုရှောင်နေရပြီဆို ကျောက်ကပ် ခဏခဏ ဆေးနေရပြီး ဆေးရုံပေါ် ၃လကြာအခုချိန်ထိလဲ ဆေးရုံ ၂ ခုပြောင်းနေရတဲ့ လူမမာ မိခင် အတွက်ဘယ်သူ ပိုက်ဆံရှာပေးမလဲ ဘယ်သူစီစဉ် ညွှန်ကြားမလဲကုန်လိုက်တဲ့ ဆေးဖိုးတွေကလဲ မနည်းလှတော့ဘူးလေ ဒီပိုက်ဆံတွေ အတွက်ဒီလိုကာလမှ ာမိုးကိုယ်တိုင် စီစဉ်လှုပ်ရှားနေရတာပါ

ကျွန်မလဲ ယော်ကျားမရှိတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်လို့ ကျွန်မသူ့နေရာကနေ အိမ်ထောင်စု မိသားစု တစ်ခုလုံးအပြင်လူမမာ မိခင်ကြီးအတွက်ရုန်းကန်လှုပ်ရှားပြီးမိခင် အတွက်အားလုံးကို မျကိစိစုံမှိတ်ပြီး နေနေရတာပါ ပြည်သူအတွက် ကွယ်ရာ မှာအံကြိတ် မချိတင်ကဲ ဖြစ်နေရပေမယ့် လဲသူမရှိရင်သူ့မိခင်အတွက်အဆင်မပြေမှာစိုးလို့ သူ့ခမျာပရိသတ်တချို့ရဲ့ အထင်မြင်လွဲခြင်းကိုခံနေရတာပါ အားလုံးကို နားလည်ခွင့်လွှတ်ပေးကြပါ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ် မိုးကိုယ်တိုင်ကလဲ ပြည်သူနဲ့ တသားတည်း ရှိပါကြောင်း အထင်မြင်မလွဲပါနဲ့လို့ တင်ပြအပ်ပါတယ်

Credit ; Myanmar Celebrity TV Club

ZAW GYI




