



unicode

မင်းသမီးချောလေး ဖြူဖြူထွေ းကတော့ ပရိသတ်တွေ ချစ်ခင်အားပေ းမှုတွေကို တစ်နေ့ထပ်တစ်နေ့ ပိုပြီး ရရှိနေခဲ့ပြီဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဖြူဖြူထွေးဟာ ကိုယ်တိုင် ဇာတ်ညွန်းရေး၊ ဒါရိုက်တာ ၊ သရုပ်ဆောင်လုပ်ပြီး ကြော်ငြာလေး တွေကို မနားတမ်းလက်ခံ ရိုက်ကူး နေရတာကို တွေ့ရပါတယ်။ သူမရဲ့ ကြော်ငြာလေးတွေကလည်း တမူထူးခြားပြီး ရယ်စရာလေးတွေထည့်သွင်းထားတာကြောင့် ပရိသတ်တွေကလည်း သဘောကျအားပေးနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရိုးသားဖြူစင်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထား တဲ့ ဖြူဖြူထွေးက ဝတ်စားဆင်ယဉ်မှုမှာလည်း ခေတ်နဲ့ အညီ ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ် လိုက်ဖက်အောင်ဝတ်ဆင်တတ် သူပဲဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း သူမက အပျင်းအပြေ tik tok လေးတွေဆော့ကစားပြီး ချစ်တဲ့သူတွေကို ပြန်လည်ဖော်ပြပေးတာ တွေ့ရပါတယ်။ ဖြူဖြူထွေးက ယခုမှာလည်း ပရိသတ်တွေ ချစ်အား ပိုစေမယ့် tik tok ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးတွေထဲမှာတော့ ဖြူဖြူထွေးက အိန္ဒိယရိုးရာ ဝတ်စုံကို ဝတ်ဆင်ပြီး နာမည်ကြီးနေတဲ့ သီချင်းနဲ့ အပီအပြင် ထားတာ ဖြစ်ပါတယ်။ ဒီ tik tok လေးကလည်း မိနစ်ပိုင်းအတွင်း ကြည့်ရှု့သူများပြီး ပရိသတ်တွေ သဘော ကျနေတာ ဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ကုလားသီချင်းလေးနဲ့ အပီအပြင်ကနေတဲ့ ဖြူဖြူထွေးရဲ့ အမိုက်စား tik tok လေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Video Credit & Source – Phyu Phyu Htwe Tik Tok Acc