



unicode

ပရိသတ်ကြီးရေ…….မင်းသမီး ချောလေး နန်းခင်ဇေယျာ ကတော့ Miss International တစ်ယောက်အနေ နဲ့ ပရိသတ်တွေအား ပေးမှုရရှိပြီး အောင်မြင် လာခဲ့သူလေးဖြစ် ပါတယ်။ သွယ်လျလှပ တဲ့ ကိုယ်လုံး သေးသေးလေး နဲ့ ချစ်စရာ အပြုံးချိုချို လေးတွေကြောင့် ပုရိသ တွေရဲ့ပါးစပ်ဖျား မှာ ရေပန်းစား အောင်မြင်တဲ့သူလေးတစ်ယောက် ပါနော်။ နန်းခင် ဟာ ရုပ်ရှင်ကားကြီး တွေနဲ့ ကြော်ငြာတွေလည်း အဆက်မပြတ် ရိုက်ကူးနေရ တဲ့သူလေးဖြစ် ပြီး အောင်မြင် မှုရရှိထားတဲ့မင်းသမီး တစ်ယောက် ဆိုလည်း မှားမယ်မထင် ပါဘူးနော်။

နန်းခင်ဇေယျာ ဟာ အနုပညာ အလုပ်တွေ အပြင် အချက်အပြုတ်ပိုင်; မှာလည်း ထူးချွန် တာကြောင့် “Nang-Just A Taste” ဆိုတဲ့ နာမည် နဲ့ ပင်လယ်စာဗန်း၊ အထောင်းဗန်း၊ အသုပ်စုံ၊ မာလာရှမ်းကော၊ အချဉ်ပေါင်းတို့ကို ရောင်းချပေးနေတာ လည်းဖြစ်ပါတယ်။ အနုပညာအလုပ် တွေမှာ အောင်မြင်ရုံသာမက စီးပွားရေးဘက်မှာပါ အောင်မြင်နေတဲ့သူလေးဖြစ် တဲ့အပြင် Miss တစ်ယောက်လည်း ဖြစ်တာကြောင့် သူမရဲ့ ဘော်ဒီ အမိုက်စားလေး အတွက်လည်း workout တွေအမြဲလုပ်လေ့ရှိသူပါ။

အခုဆိုရင်လည်း နန်းခင်ဟာ workout တွေကြိုးစား လုပ်ရင်း အားလပ်ချိန်လေးမှာ ရေပန်းစားနေတဲ့ Tik Tok လေးတွေကို ရိုက်နေတာ ဖြစ်ပါတယ်။ နန်းခင်ဟာ လက်ရှိမှာ အရမ်းနာမည်ကြီး နေတဲ့ သီချင်းလေး တွေနဲ့ ကိုယ်လုံးလေး ကိုယမ်းခါပြီး အမိုက်စား ကနေတာပါနော်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါ တယ်နော်။

Photo credit-Nang Khin Zayar’s Facebook page