ခ်စ္စရာေကာင္းတဲ့ မင္းသမီးေလး ျမတ္ရတနာေက် ာ္ကေတာ့ အ႐ုပ္ေလးတစ္႐ုပ္ လို ခ်စ္စရာေကာင္းသလို စိတ္ထားေလးလည္း ႏူးညံ့သိမ္ေမြ႕သူတစ္ေယာက္ျဖစ္ပါတယ္။ အဆိုေတာ္ Ah Boy နဲ႔ လက္ထပ္ ခဲ့ၿပီးေနာက္ ခ်စ္စရာေကာင္းတဲ့ သမီးေလး Scarlett ၿဖိဳးထြန္း ကို ေမြးဖြားခဲ့တဲ့ ျမတ္ရတနာေက်ာ္က အခုဆိုရင္ သူမရဲ့ ဒုတိယေျမာက္ကိုယ္ဝန္ ကို လြယ္ေဆာင္ထားရၿပီပဲ ျဖစ္ပါတယ္။ သူမရဲ့ ဒုတိယေျမာက္ရင္ေသြ းေလးအတြက္ အစစအရာရာ ဂ႐ုစိုက္ေနရတဲ့ ျမတ္ရတနာေက်ာ္က သူမရဲ့ ေသြးသားေျပာင္းလဲ မႈေတြေၾကာင့္ ငိုလိုက္ရယ္လိုက္ျဖစ္ေနရတဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။

“ဗိုက္ႀကီးသည္မို႔လားမသိ အသည္းအရမ္းႏုခ်က္က Idol ႏွစ္ေယာက္ Show ၾကည့္ၿပီး ရယ္လိုက္ ၊ ငိုလိုက္။ ခရီးမ်ားအဆုံ းထိေရာက္ သီခ်င္းမွာ မရေတာ့ဘူး မ်က္ရည္ေတြက…” ဆိုၿပီး မေန႔က ဇန္နဝါရီလ (၃၁) ရက္ေန႔မွာ က်င္းပခဲ့တဲ့ အဆိုေတာ္ ေလးျဖဴနဲ႔ အငဲတို႔ရဲ့ Online Show ကို ၾကည့္ၿပီး ခံစားခ်က္ေတြ ထိန္းမရနိုင္ခဲ့တဲ့အေၾကာင္း ေျပာလာပါတယ္။

ျမတ္ရတနာေက်ာ္ကေတာ့ ကိုယ္ဝန္ေဆာင္စဥ္ ေသြးႏုသားႏုျဖစ္ေနခ်ိန္မွ ာ Idol အဆိုေတာ္ႀကီးႏွစ္ဦးရဲ့ ေဖ်ာ္ေျဖမႈကိုၾကည့္ၿပီး ခံစားခ်က္ေတြစီးေျမာသြားကာ ရယ္လိုက္၊ ငိုလိုက္ျဖစ္ခဲ့ တယ္ဆိုၿပီး ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစ လို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Myat Yadanar Kyaw’s fb
Bilie – Cele Connections

unicode

ချစ်စရာကောင်းတဲ့ မင်းသမီးလေး မြတ်ရတနာကျေ ာ်ကတော့ အရုပ်လေးတစ်ရုပ် လို ချစ်စရာကောင်းသလို စိတ်ထားလေးလည်း နူးညံ့သိမ်မွေ့သူတစ်ယောက်ဖြစ်ပါတယ်။ အဆိုတော် Ah Boy နဲ့ လက်ထပ် ခဲ့ပြီးနောက် ချစ်စရာကောင်းတဲ့ သမီးလေး Scarlett ဖြိုးထွန်း ကို မွေးဖွားခဲ့တဲ့ မြတ်ရတနာကျော်က အခုဆိုရင် သူမရဲ့ ဒုတိယမြောက်ကိုယ်ဝန် ကို လွယ်ဆောင်ထားရပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ ဒုတိယမြောက်ရင်သွေ းလေးအတွက် အစစအရာရာ ဂရုစိုက်နေရတဲ့ မြတ်ရတနာကျော်က သူမရဲ့ သွေးသားပြောင်းလဲ မှုတွေကြောင့် ငိုလိုက်ရယ်လိုက်ဖြစ်နေရတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ဗိုက်ကြီးသည်မို့လားမသိ အသည်းအရမ်းနုချက်က Idol နှစ်ယောက် Show ကြည့်ပြီး ရယ်လိုက် ၊ ငိုလိုက်။ ခရီးများအဆုံ းထိရောက် သီချင်းမှာ မရတော့ဘူး မျက်ရည်တွေက…” ဆိုပြီး မနေ့က ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အဆိုတော် လေးဖြူနဲ့ အငဲတို့ရဲ့ Online Show ကို ကြည့်ပြီး ခံစားချက်တွေ ထိန်းမရနိုင်ခဲ့တဲ့အကြောင်း ပြောလာပါတယ်။

မြတ်ရတနာကျော်ကတော့ ကိုယ်ဝန်ဆောင်စဉ် သွေးနုသားနုဖြစ်နေချိန်မှ ာ Idol အဆိုတော်ကြီးနှစ်ဦးရဲ့ ဖျော်ဖြေမှုကိုကြည့်ပြီး ခံစားချက်တွေစီးမြောသွားကာ ရယ်လိုက်၊ ငိုလိုက်ဖြစ်ခဲ့ တယ်ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Myat Yadanar Kyaw’s fb
Bilie – Cele Connections