မင္းသမီးေခ်ာေလး ယြန္းယြန္း ကေတာ့ ကေလးဘဝ အရြယ္ကတည္းက လူသိမ်ားေအာင္ျမင္ လာခဲ့တဲ့ အႏုပညာရွင္ေလးပဲ ျဖစ္ပါတယ္။ သဇင္ထူးျမင့္ ကေတာ့ ဝါရင့္သ႐ုပ္ေဆာင္ ခင္လွိုင္ရဲ့သမီးေခ်ာေလး ျဖစ္ၿပီး အကယ္ဒမီေရႊႀကိဳမယ္ေလးအျဖစ္ ေဆာင္ရြက္ရင္းနဲ႔ အႏုပညာေလာကကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္ ။ (၂၀၁၈) ေလာက္မွာ စတင္ခင္မင္ခဲ့ၾကတဲ့ ယြန္းယြန္းနဲ႔ သဇင္ထူးျမင့္ တို႔က အခုဆိုရင္ သူငယ္ခ်င္းအရင္းႀကီးေတြျဖစ္ေနၾကၿပီ ျဖစ္ပါတယ္ ။

အသက္ခ်င္းလည္းတူသလို အႀကိဳက္ေတြကအစ အကုန္တူၾကတဲ့ ယြန္းယြန္း တို႔သူငယ္ခ်င္းႏွစ္ေယာက္က ညီအစ္မေတြလို ခ်စ္ခင္ေနၾကတာ ျဖစ္ပါတယ္။ အခုဆိုရင္ ယြန္းယြန္းတို႔သူငယ္ခ်င္းႏွစ္ေယာက္က အစီအစဥ္ တစ္ခုကို အတူတူရိုက္ကူးရင္းနဲ႔ အရင္ကထက္ ပိုေတြ႕ျဖစ္လာၾကတာ ျဖစ္ပါတယ္ ။ ဒီေန႔မွာလည္း ယြန္းယြန္းနဲ႔ သဇင္ထူးျမင့္တို႔က ႏွစ္ေယာက္တည္း ဒိတ္လုပ္တဲ့အေနနဲ႔ Shopping ထြက္ၿပီး ေလၽွာက္လည္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

အိမ္ျပန္ခါနီးအခ်ိန္ေလးမွာေတာ့ သူမတို႔ ႏွစ္ေယာက္က Facebook ကေန Live လႊင့္ၿပီး ပရိသတ္ေတြ နဲ႔စကားေျပာခဲ့ၾကတာ ျဖစ္ပါတယ္ ။ ယြန္းယြန္းတို႔ႏွစ္ေယာက္က Shopping ထြက္ရင္းၾကဳံခဲ့ရတဲ့ အလြဲတစ္ခု ကိုလည္း ဟာသအေနနဲ႔ ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ ယြန္းယြန္းက ရိုက္ကြင္းမွာ ကိုယ့္သူငယ္ခ်င္းကို လက္ကိုင္တာျဖစ္ျဖစ္၊ ဖက္တာျဖစ္ျဖစ္ေတြ႕ရင္ ဝမ္းနည္းမိတဲ့အထိ သူမတို႔ႏွစ္ေယာက္က ညီအစ္မေတြ လိုခ်စ္ၾကေၾကာင္း ေျပာခဲ့ပါေသးတယ္။ ကဲ ယြန္းယြန္းနဲ႔ သဇင္ထူးျမင့္တို႔ရဲ့ဗီဒီယိုေလးကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္ ။

Source & Video Credit-Yoon Yoon’s FB Acc

unicode

မင်းသမီးချောလေး ယွန်းယွန်း ကတော့ ကလေးဘဝ အရွယ်ကတည်းက လူသိများအောင်မြင် လာခဲ့တဲ့ အနုပညာရှင်လေးပဲ ဖြစ်ပါတယ်။ သဇင်ထူးမြင့် ကတော့ ဝါရင့်သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေး ဖြစ်ပြီး အကယ်ဒမီရွှေကြိုမယ်လေးအဖြစ် ဆောင်ရွက်ရင်းနဲ့ အနုပညာလောကကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ (၂၀၁၈) လောက်မှာ စတင်ခင်မင်ခဲ့ကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့် တို့က အခုဆိုရင် သူငယ်ချင်းအရင်းကြီးတွေဖြစ်နေကြပြီ ဖြစ်ပါတယ် ။

အသက်ချင်းလည်းတူသလို အကြိုက်တွေကအစ အကုန်တူကြတဲ့ ယွန်းယွန်း တို့သူငယ်ချင်းနှစ်ယောက်က ညီအစ်မတွေလို ချစ်ခင်နေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ယွန်းယွန်းတို့သူငယ်ချင်းနှစ်ယောက်က အစီအစဉ် တစ်ခုကို အတူတူရိုက်ကူးရင်းနဲ့ အရင်ကထက် ပိုတွေ့ဖြစ်လာကြတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က နှစ်ယောက်တည်း ဒိတ်လုပ်တဲ့အနေနဲ့ Shopping ထွက်ပြီး လျှောက်လည်ခဲ့ကြတာ ဖြစ်ပါတယ် ။

အိမ်ပြန်ခါနီးအချိန်လေးမှာတော့ သူမတို့ နှစ်ယောက်က Facebook ကနေ Live လွှင့်ပြီး ပရိသတ်တွေ နဲ့စကားပြောခဲ့ကြတာ ဖြစ်ပါတယ် ။ ယွန်းယွန်းတို့နှစ်ယောက်က Shopping ထွက်ရင်းကြုံခဲ့ရတဲ့ အလွဲတစ်ခု ကိုလည်း ဟာသအနေနဲ့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ယွန်းယွန်းက ရိုက်ကွင်းမှာ ကိုယ့်သူငယ်ချင်းကို လက်ကိုင်တာဖြစ်ဖြစ်၊ ဖက်တာဖြစ်ဖြစ်တွေ့ရင် ဝမ်းနည်းမိတဲ့အထိ သူမတို့နှစ်ယောက်က ညီအစ်မတွေ လိုချစ်ကြကြောင်း ပြောခဲ့ပါသေးတယ်။ ကဲ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Yoon Yoon’s FB Acc