ယူနီကုဒ်ဖြင့်ဖတ်ရန်
ငြိမ်ငြိမ်မနေတတ်သူကိုမှ ကိုယ်ဝန်ဆောင်သည်ကာရိုက်တာကို သရုပ်ဆောင်ခိုင်းခဲ့လို့ ဖြစ်ခဲ့ရပုံကို ဗီဒီယိုလေးနဲ့တကွ ပြသလာတဲ့ ဖြူဖြူထွေး
ချစ်စရာကောင်းပြီး ရိုးသားဖြူစင်လွန်းတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ သူမရဲ့ တက်ကြွတဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လာသူတစ်ယောက် ဖြစ်ပါတယ်။ ဖြူဖြူထွေးက အခုဆိုရင် ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးရတဲ့အပြင် နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ နိုင်ငံကျော်သရုပ်ဆောင်တွေနဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်မှုရရှိလာတာပဲ ဖြစ်ပါတယ်။
ချစ်စရာကောင်းပြီး သွက်သွက်လက်လက်နေတတ်တဲ့ ဖြူဖြူထွေးက ဒီကနေ့မှာတော့ ကိုယ်ဝန်ဆောင်ပုံစံနဲ့ ပထမဦးဆုံးသရုပ်ဆောင်ခဲ့ရတဲ့ သူမရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရကို ချပြလာပါတယ်။ ဖြူဖြူထွေးကတော့ “ဂနာမငြိမ်အမာစိန် ဖြူဖြူထွေးလေးအား ဗိုက်ကြီးသည် သရုပ်ဆောင်ခိုင်းသောအခါ 😂” ဆိုပြီး ငြိမ်ငြိမ်မနေတတ်သူကိုမှ ကိုယ်ဝန်ဆောင်သည်ကာရိုက်တာမှသရုပ်ဆောင်ခိုင်းခဲ့လို့ ဖြစ်ခဲ့ရပုံကို အခုလိုပဲ ပြသလာပါတယ်။
ဖြူဖြူထွေးကတော့ ချစ်စရာကောင်းပြီး သွက်သွက်လက်လက်နေတတ်သူဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရချိန်မှာ ယောက်ယက်ခတ်ခဲ့ရပုံကို ပြသလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Phyu Phyu Htwe’s fb
Bilie – Cele Connections