လူတစ်ယောက်သေဆုံးသွားပြီ ဆိုရင် သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို အောက်မေ့ပြီး သတိရလွမ်းဆွတ် နေတာထက် သူမသေခင်သူ့အတွက်အကျိုးဖြစ်ထွန်းမယ့်အရာတွေကို ကူညီထောက်ပံ့ပေး သင့်ကြောင်း ထားထက်ထက်က သူမ ရဲ့လူမှုကွန်ယက်မှာ ပြောပြလာခဲ့ပါတယ်။ အဆိုတော် ရေမွန်သေဆုံးသွားပြီဆိုတဲ့သတင်းကြားတဲ့အချိန်မှာ ပရိသတ်တွေဟာ အထိတ်တလန့် နဲ့ကြေကွဲခဲ့ကြပြီး တန်ဖိုးရှိတဲ့ လူတစ်ယောက် ဆုံးရှုံးလိုက်ရတာကို ဝမ်းနည်းတသဖြစ်နေခဲ့ပါတယ်။ ယုံကြည်ချက်တစ်ခုအတွက် တောခို သွားသူတွေကို ထောက်ပံ့ပေးဖို့ကိုတော့ တော်တော်များများကသတိမထားမိကြပါဘူး။

ဒီအချက်တွေကို အခြေခံပြီး ထားထက်ထက်က သူမရဲ့ ခံစားချက်တစ်ချို့ကို ” ကျွန်မသေမှ နှမြောပါတယ် ဝမ်းနည်းပါတယ် RIP ပါ ဆိုတာတွေ ကျွန်မ wall မှာ ကျွန်မ page မှာလာမရေးပါနဲ့ မမြင်ချင်ပါဘူး ကျွန်မတို့ ရှင်စဉ်အခါမှာ မတရားမှုကို တော်လှန်နေတုန်း ကျွန်မနဲ့ အခြားစခန်းတွေကို လိုအပ်တာတွေ ထောက်ပံ့လှူဒါန်းပါ စခန်းတိုင်းလိုအပ်ချက်ရှိနေတယ် သေမှ လုပ်ပေးတာအကုန်အပိုတွေပါပဲ ကျွန်မတို့ဘက်က စစ်အာဏာရှင် စနစ်ကျဆုံးဖို့ လုပ်နိုင်တာမှန်သမျှ အဆုံးစွန်ထိ အစွမ်းကုန် လုပ်သွားမှာ ကျားဆိုးကိုသုတ်သင်ဖို့ သမင်တွေ မွေးပေးနေရုံနဲ့ မဖြစ်နိုင်ပါဘူး ကျားဆိုးကို ရိုက်သတ် မယ့် သူရဲကောင်းတွေကို ထောက်ပံ့ကူညီပါ ကျားဆိုးကို ရိုက်သတ်ဖို့ ဓါး လှံ လှူပါ (ကိုရေမွန့် နာရေးကိုမြင်ရပြီး ရင်နာနာနဲ့ ရေးဖြစ်တဲ့ စာ) ” ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

တောထဲမှာဒုက္ခခံနေရတဲ့ ပြည်သူ့ရဲ ဘော်တွေအားလုံးဟာ ချို့ချို့ တဲ့တဲ့စားသောက်နေထိုင်ပြီး အာဏာရှင်ကို တွန်းလှန်ဖို့ ကြိုးစားနေကြရပါတယ်။ ဒါတွေကိုသိရှိပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ချိတ်ဆက်လှူဒါန်းမှု တွေတတ်နိုင်သလောက်လုပ်သင့်တဲ့အကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ သေဆုံးသွားတဲ့သူဟာ ဘာမှမတတ်နိုင်တော့တာမို့ သူအသက်ရှင် နေစဉ်မှာ အကျိုးရှိတာတွေလုပ်နိုင်အောင် များများ ထောက်ပံ့ပေးကြဖို့ လိုအပ်ပါတယ်။ ထားထက်ထက်ရဲ့ခံစားချက်စာကို ပရိသတ်တွေ ကလည်း သဘောတူကြတဲ့ မှတ်ချက် တွေအများအပြားပေးခဲ့ကြပါတယ်။

Credit

zaw gyi

လူတစ္ေယာက္ေသဆုံးသြားၿပီ ဆိုရင္ သူနဲ႔ပတ္သက္တဲ့ အမွတ္တရေတြကို ေအာက္ေမ့ၿပီး သတိရလြမ္းဆြတ္ ေနတာထက္ သူမေသခင္သူ႔အတြက္အက်ိဳးျဖစ္ထြန္းမယ့္အရာေတြကို ကူညီေထာက္ပံ့ေပး သင့္ေၾကာင္း ထားထက္ထက္က သူမ ရဲ့လူမႈကြန္ယက္မွာ ေျပာျပလာခဲ့ပါတယ္။ အဆိုေတာ္ ေရမြန္ေသဆုံးသြားၿပီဆိုတဲ့သတင္းၾကားတဲ့အခ်ိန္မွာ ပရိသတ္ေတြဟာ အထိတ္တလန႔္ နဲ႔ေၾကကြဲခဲ့ၾကၿပီး တန္ဖိုးရွိတဲ့ လူတစ္ေယာက္ ဆုံးရႈံးလိုက္ရတာကို ဝမ္းနည္းတသျဖစ္ေနခဲ့ပါတယ္။ ယုံၾကည္ခ်က္တစ္ခုအတြက္ ေတာခို သြားသူေတြကို ေထာက္ပံ့ေပးဖို႔ကိုေတာ့ ေတာ္ေတာ္မ်ားမ်ားကသတိမထားမိၾကပါဘူး။

ဒီအခ်က္ေတြကို အေျခခံၿပီး ထားထက္ထက္က သူမရဲ့ ခံစားခ်က္တစ္ခ်ိဳ႕ကို ” ကၽြန္မေသမွ ႏွေျမာပါတယ္ ဝမ္းနည္းပါတယ္ RIP ပါ ဆိုတာေတြ ကၽြန္မ wall မွာ ကၽြန္မ page မွာလာမေရးပါနဲ႔ မျမင္ခ်င္ပါဘူး ကၽြန္မတို႔ ရွင္စဥ္အခါမွာ မတရားမႈကို ေတာ္လွန္ေနတုန္း ကၽြန္မနဲ႔ အျခားစခန္းေတြကို လိုအပ္တာေတြ ေထာက္ပံ့လႉဒါန္းပါ စခန္းတိုင္းလိုအပ္ခ်က္ရွိေနတယ္ ေသမွ လုပ္ေပးတာအကုန္အပိုေတြပါပဲ ကၽြန္မတို႔ဘက္က စစ္အာဏာရွင္ စနစ္က်ဆုံးဖို႔ လုပ္နိုင္တာမွန္သမၽွ အဆုံးစြန္ထိ အစြမ္းကုန္ လုပ္သြားမွာ က်ားဆိုးကိုသုတ္သင္ဖို႔ သမင္ေတြ ေမြးေပးေန႐ုံနဲ႔ မျဖစ္နိုင္ပါဘူး က်ားဆိုးကို ရိုက္သတ္ မယ့္ သူရဲေကာင္းေတြကို ေထာက္ပံ့ကူညီပါ က်ားဆိုးကို ရိုက္သတ္ဖို႔ ဓါး လွံ လႉပါ (ကိုေရမြန႔္ နာေရးကိုျမင္ရၿပီး ရင္နာနာနဲ႔ ေရးျဖစ္တဲ့ စာ) ” ဆိုၿပီး ရင္ဖြင့္ေျပာျပလာခဲ့ပါတယ္။

ေတာထဲမွာဒုကၡခံေနရတဲ့ ျပည္သူ႔ရဲ ေဘာ္ေတြအားလုံးဟာ ခ်ိဳ႕ခ်ိဳ႕ တဲ့တဲ့စားေသာက္ေနထိုင္ၿပီး အာဏာရွင္ကို တြန္းလွန္ဖို႔ ႀကိဳးစားေနၾကရပါတယ္။ ဒါေတြကိုသိရွိၿပီး ယုံၾကည္စိတ္ခ်ရတဲ့ အဖြဲ႕အစည္းတစ္ခုနဲ႔ ခ်ိတ္ဆက္လႉဒါန္းမႈ ေတြတတ္နိုင္သေလာက္လုပ္သင့္တဲ့အေၾကာင္းကို ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။ ေသဆုံးသြားတဲ့သူဟာ ဘာမွမတတ္နိုင္ေတာ့တာမို႔ သူအသက္ရွင္ ေနစဥ္မွာ အက်ိဳးရွိတာေတြလုပ္နိုင္ေအာင္ မ်ားမ်ား ေထာက္ပံ့ေပးၾကဖို႔ လိုအပ္ပါတယ္။ ထားထက္ထက္ရဲ့ခံစားခ်က္စာကို ပရိသတ္ေတြ ကလည္း သေဘာတူၾကတဲ့ မွတ္ခ်က္ ေတြအမ်ားအျပားေပးခဲ့ၾကပါတယ္။

Credit