ရေမွန် ဟာ ဇွန် (၂၃) ရက် မနက်ပိုင်း က အစာအိမ် သွေးကြောပေါက် ရောဂါ နဲ့ ဆုံးပါး ခဲ့တာဖြစ်ပါတယ်။ရေမွန် ရဲ့ နောက်ဆုံး ခရီးလေးကို တောင် လိုက်မပို့ပေးနိုင်တဲ့ ရေမွန် ရဲ့ ချစ်သူ ကောင်မလေးဟာ ဆို ရင် ပရိတ်သ တ် တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတာပဲ ဖြစ်ပါတယ်နော်..။အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ချစ်သူကောင်မလေးရဲ့ မိခင်က အခုလို ပဲ ပြန်လည် ဖြေရှင်းလာခဲ့ တာပဲ ဖြစ်ပါတယ် နော်။

“ကျမ သမီးလေး ကို အပြစ်ပြော နေသူများရှင်..သမီးကို ကျမက မလွှတ်တာပါ သူအရမ်းသွားချင်ခဲ့ ပါတယ်။သူအခု အရမ်းပင် ပန်းပြီး ဖျားနေပါတယ်။အဖျား ၁၀၂ F က ကျလိုက် တက်လိုက် နဲ့ အရမ်းလဲ အားနည်းနေပါတယ်။ အချိန် တိုင်းလည်း ငိုနေ ရလို့ ပင်ပန်းလှပါပြီ။ ကျမက သူ့ကို memory ကောင်းကောင်းလေး နဲ့ ပဲရှိနေ စေချင်တာ လည်း ပါပါတယ်..ဟိုကို လိုက်သွား ဖို့ရာ လမ်းခရီး နေရာတို့ကို လည်း ကျမ စိတ်မချတာပါ ကျမလည်း လိုက်မပို့ နိုင်.. သူ့ကိုလည်း လွှတ်လိုက်ရမှာ စိတ်မချ နဲ့ မို့ကျမလဲ တော်တော်လေး စိတ်ပင်ပန်းရပါတယ်။

ပြောချင်တာ လေးကလေ..ဆုံးဖြတ်ချက် တိုင်းက နှလုံးသား နဲ့ ဆုံးဖြတ်ရ တာ ရှိသလို ဦးနှောက် နဲ့ ဆုံးဖြတ်ရတာလဲ ရှိပါတယ်..အရမ်းလဲ နာကျင်ရပါတယ်နောက်တစ်ခုက သမီးလေး တခါတလေ ပိုစ့်တွေ တင်ခဲ့ရင်လည်း နားလည် ပေးကြပါနော် အပြစ်ပြောနေကြ သူများကလည်း သားတို့ သမီးတို့ကို ချစ်လို့ ပြောကြတာပဲလို့ကျမ မှတ်ယူ နားလည်ပေးပါတယ် သားတို့ သမီးတို့ကို ချစ်ပေးကြလို့ မေတ္တာ စေတနာထားပေး ကြလို့လည်း ကျေးဇူးအထူးတင်ပါတယ်။ နားလည် ခွင့်လွှတ်ပေးကြ ပါရှင်ကျမ သမီးလေး အမေပါ …” ဆိုပြီး ရေးသားလာခဲ့ တာပဲဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီး ကလည်း ရေမွန် ရဲ့ ချစ်သူကောင်မလေး အပေါ်နားလည်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီး ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Source – Samm Mya Aye FaceBook Acc
Credit ; Celebrity Platforms

ZAWGYI



