ကိုဝေဠုကျော် ကတော့ လက်ရှိ အခြေအနေတွေ မှာ လည်း ပြည်သူတွေ နဲ့ အတူ ရပ်တည် နေသူ ပဲ ဖြစ်ပါတယ်။ ခုလို ကာလတွေ မှာ အကြောင်း အမျိုးမျိုးကြောင့် အမှန် တကယ် စားဝတ် နေရေး ခက်ခဲ နေကြတဲ့ ပြည်သူ တွေ အတွက် အခြေခံ စားသောက် ကုန်တွေ ပေးဝေ လှူဒါန်းပြီး တတ်နိုင် သလောက် ဖေးမကူညီနေ တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မလုံ မခြုံ နေထိုင် နေရတဲ့ အိမ်ထောင်စု တွေကို လည်း အလှူရှင်တွေ နဲ့ စုပေါင်းကာ အိမ်လေး တွေ ပြန်လည် ဆောက်လုပ် ပေးကာ ကူညီ တတ်ပါသေးတယ် ။ အခုလည်း လေဖြတ် နေတဲ့ အဖိုးတို့ မိသားစု အတွက် အလှူရှင် တွေ နဲ့ စုပေါင်းပြီး နဂိုအိမ် အဟောင်းလေး ကိုပဲ အဆင် ပြေအောင် ပြန်ပြင် ဆောက်ပေးခဲ့ ပြန်ပါတယ် ။ အိမ်လေး က တွင်းဂျိုင့် ပေါ်မှာ ဆောက်ထား တာကြောင့် မိုးတွင်း မှာ ရေတွေ ရှိနေပေမယ့် အဆင် ပြေအောင် ပြန်လည် ဆောက်လုပ် ပေးခဲ့တယ်လို့လည်း ဖော်ပြ ထားပါတယ် ။

အလှူလေး နဲ့ ပတ်သက်ပြီး ” 20-6-2021 လေဖြတ် နေတယ့် အဘတို့ မိသားစု အိမ်လေး ပြန်ဆောက် ပေးနေပါပြီ။ မနေ့က အိမ်ဆောက် ဖို့ ပစ္စည်းတွေ ဝယ်ချပေးပြီး လက်သမားကို အပ်ခဲ့ ပါတယ်။ ဒီနေ့တော့ ဒီအခြေအနေ ရောက်သွား ပါပြီ။ အိမ်ဆောက်တာ မြန်လို့ အံသြ သွားရပါတယ်။ အဘတို့ အိမ်က တွင်းဂျိုင့်ပေါ်မှာ ဆောက် ထားတာ ကြောင့် မိုးတွင်း မှာ ရေတွေ ရှိနေပါတယ်။ ထုံးစံ အတိုင်း ယာယီ နံပါတ် ရထားတယ့် အတိုင်း နဂို မြေနေရာမှာ ပဲ ဆောက်ကြရပါတယ်။ မကြာခင် တော့ အလှူရှင် များရဲ့ ကရုဏာ မေတ္တာ စေတနာ တွေကြောင့် ရောဂါသည် အဘ တို့ လင်မယားနှင့် လူမမယ် သားလေးတို့ နွေးထွေးလုံခြုံစွာ နေထိုင် အိပ်စက်နိုင် တော့မှာပါ။” ရေးသား ဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေး လိုက်ပါတယ် ။

Yuan – Cele Zone
Photo – Wai Lu Kyaw

ZAWGYI

ကိုေဝဠဳေက်ာ္ ကေတာ့ လက္ရွိ အေျခအေနေတြ မွာ လည္း ျပည္သူေတြ နဲ႔ အတူ ရပ္တည္ ေနသူ ပဲ ျဖစ္ပါတယ္။ ခုလို ကာလေတြ မွာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အမွန္ တကယ္ စားဝတ္ ေနေရး ခက္ခဲ ေနၾကတဲ့ ျပည္သူ ေတြ အတြက္ အေျခခံ စားေသာက္ ကုန္ေတြ ေပးေဝ လႉဒါန္းၿပီး တတ္နိုင္ သေလာက္ ေဖးမကူညီေန တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ မလုံ မျခဳံ ေနထိုင္ ေနရတဲ့ အိမ္ေထာင္စု ေတြကို လည္း အလႉရွင္ေတြ နဲ႔ စုေပါင္းကာ အိမ္ေလး ေတြ ျပန္လည္ ေဆာက္လုပ္ ေပးကာ ကူညီ တတ္ပါေသးတယ္ ။ အခုလည္း ေလျဖတ္ ေနတဲ့ အဖိုးတို႔ မိသားစု အတြက္ အလႉရွင္ ေတြ နဲ႔ စုေပါင္းၿပီး နဂိုအိမ္ အေဟာင္းေလး ကိုပဲ အဆင္ ေျပေအာင္ ျပန္ျပင္ ေဆာက္ေပးခဲ့ ျပန္ပါတယ္ ။ အိမ္ေလး က တြင္းဂ်ိဳင့္ ေပၚမွာ ေဆာက္ထား တာေၾကာင့္ မိုးတြင္း မွာ ေရေတြ ရွိေနေပမယ့္ အဆင္ ေျပေအာင္ ျပန္လည္ ေဆာက္လုပ္ ေပးခဲ့တယ္လို႔လည္း ေဖာ္ၿပ ထားပါတယ္ ။

အလႉေလး နဲ႔ ပတ္သက္ၿပီး ” 20-6-2021 ေလျဖတ္ ေနတယ့္ အဘတို႔ မိသားစု အိမ္ေလး ျပန္ေဆာက္ ေပးေနပါၿပီ။ မေန႔က အိမ္ေဆာက္ ဖို႔ ပစၥည္းေတြ ဝယ္ခ်ေပးၿပီး လက္သမားကို အပ္ခဲ့ ပါတယ္။ ဒီေန႔ေတာ့ ဒီအေျခအေန ေရာက္သြား ပါၿပီ။ အိမ္ေဆာက္တာ ျမန္လို႔ အံၾသ သြားရပါတယ္။ အဘတို႔ အိမ္က တြင္းဂ်ိဳင့္ေပၚမွာ ေဆာက္ ထားတာ ေၾကာင့္ မိုးတြင္း မွာ ေရေတြ ရွိေနပါတယ္။ ထုံးစံ အတိုင္း ယာယီ နံပါတ္ ရထားတယ့္ အတိုင္း နဂို ေျမေနရာမွာ ပဲ ေဆာက္ၾကရပါတယ္။ မၾကာခင္ ေတာ့ အလႉရွင္ မ်ားရဲ့ က႐ုဏာ ေမတၱာ ေစတနာ ေတြေၾကာင့္ ေရာဂါသည္ အဘ တို႔ လင္မယားႏွင့္ လူမမယ္ သားေလးတို႔ ေႏြးေထြးလုံျခဳံစြာ ေနထိုင္ အိပ္စက္နိုင္ ေတာ့မွာပါ။” ေရးသား ေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ ေဝမၽွေပး လိုက္ပါတယ္ ။

Yuan – Cele Zone
Photo – Wai Lu Kyaw