ကေမၻာဒီယားမွာဆို ပိုင္တံခြန္ နဲ႔ တြဲရိုက္ဖို႔ booking ေတာင္ ႀကိဳလုပ္ေနရၿပီး ေဟာလီးဝုဒ္ ထိ သြားဖို႔လည္း စီစဥ္ေနတယ္ဆိုတဲ့ Brave Empire Entertainment ျမန္မာနိုင္ငံက ႏႈတ္ခမ္းနီမေလး ေတြရဲ့ အသည္းစြဲ သ႐ုပ္ေဆာင္ model ပိုင္တံခြန္အား အခုဆိုရင္ျပည္တြင္ းမွာသာမကဘဲ နိုင္ငံတကာ ပရိတ္သတ္ပါ အခိုင္အမာရရွိလို႔ေနပါၿပီ။ ပိုင္တံခြန္ရဲ့ ေအာင္ျမင္မႈ ေတြနဲ႔ ပတ္သက္ၿပီး Brave Empire Entertinment က တာဝန္ရွိသူ ကိုစိုးလွိုင္က အခုလိုေျပာပါတယ္။

Brave Empire Entertainmet ဟာ ထိုင္းမွာ ျပဳလုပ္ခဲ့တဲ့ ပိုင္တံခြန္ ရဲ့ fan meeting ကို စီစဥ္ခဲ့ၿပီး “လိပ္ျပာစံအိမ္” ႐ုပ္ရွင္နဲ႔ နိုင္ငံတကာမွာ ျမန္မာ႐ုပ္ရွင္ဇာတ္ကား ပထမဦးဆုံး ဆုရေအာင္ စြမ္းေဆာင္ ေပးခဲ့သူလည္းျဖစ္ပါတယ္။ “ ဘန္ေကာက္မွာ တုန္းကကၽြန္ေတာ္တို႔ သူ႔ကို fan meeting လုပ္ေပးခဲ့တယ္ေပါ့။ အဲ့တုန္းကဆို ယုံေတာင္ မယုံနိုင္ဘူး။ ေလဆိပ္မွာ ပရိတ္သတ္ေတြ အမ်ားႀကီး လက္မွတ္ထိုးခိုင္းဖို႔ ေစာင့္ေနၾကတာ။ ကိုယ့္ျမန္မာ အႏုပညာရွင္တစ္ေယာက္ ေလဆိပ္မွာ လုံျခဳံေရး အကာအကြယ္ နဲ႔ လူအုပ္ၾကားက တိုးထြက္ ရတယ္ဆိုတာ ကၽြန္ေတာ္ ယုံေတာင္ မယုံနိုင္ဘူး။

တ႐ုတ္မွာေတာ့ we channel ကေန documentary ရိုက္ဖို႔ ကၽြန္ေတာ့္ ဆီကေန မင္းသား နဲ႔ မင္းသမီး ေတာင္းလာလို႔ ပိုင္တံခြန္ နဲ႔ ကစ္ကစ္ ( ဝတ္မႈန္ေရႊရည္ ) ကို ထုတ္ေပးဖူးတယ္။ က်န္တာကေတာ့ ကၽြန္ေတာ့္ ညီေလး ကံေကာင္းတာပါ။ သူ႔ရဲ့ ဘုန္ႀကီး ဝတ္တုန္းကဓာတ္ပုံ ေတြကို wechat မွာ တင္လိုက္ရင္းက တအားေပါက္သြားတ။ သူ႔ရဲ့ စန္းကိုေတာ့ ထိုင္းမွာ ျမင္ၿပီး ကတည္းက ကၽြန္ေတာ္ ေတာ္ေတာ္ေလး ရွိန္သြားတာ။ ဒါတင္မေက သးဘူး။ သူက ကေမၻာဒီးယားမွာလည္း ေအာင္ျမင္တယ္။ ဂ်ပန္ ၊ ကိုရီးယား ၊ ဘရာဇီး နဲ႔ ႐ုရွားမွာလည္း ေအာင္ျမင္တယ္။ကေမၻာဒီးယားမွာဆိုရင္ မင္းသမီးေတြ သူနဲ႔ တြဲရိုက္ခ်င္လို႔ booking ေတာင္ လုပ္ရတယ္။

ကၽြန္ေတာ္ အခုမွသာ ထုတ္ေျပာျဖစ္တာပါ။ ကၽြန္ေတာ္ႂကြယ္ တာမဟုတ္ပါဘူး။ ျမန္မာ့႐ုပ္ရွင္ သမိုင္းမွာ ပထမဆုံး နိုင္ငံတကာ ဆုရတာ ကၽြန္ေတာ္တို႔ Brave Empire က ရိုက္တဲ့ “လိပ္ျပာစံအိမ္”ပါ။ အခုေတာ့ နိုင္ငံတကာမွာ ပထမဆုံးေအာင္ ျမင္တဲ့ မင္းသားကလည္းကၽြန္ေတာ္တို႔ Brave Emprie ရဲ့ ပိုင္တံခြန္ပါပဲ” လို႔ ဆိုပါတယ္။ အခုလိုမ်ိဳး နိုင္ငံတကာမွာ ျမန္မာ့ ဂုဏ္ေဆာင္ သ႐ုပ္ေဆာင္တစ္ေယာက္ေပၚထြက္လာတာ ဝမ္းသာမိသလို ေဟာလီးဝုဒ္အထိသြားနိုင္ေအာင္လည္း ႀကိဳးစားေနတယ္လို႔ Brave Empire ရဲ့ ကိုစိုးလွိုင္က ဆိုပါတယ္။

“ အရင္တုန္းကဆို ကၽြန္ေတာ္တို႔ ျမန္မာ မင္းသားသမီးေတြ နိုင္ငံတကာကို ခ်ျပစရာမရွိပါဘူး။ အခုအခါမွာ ဂုဏ္ယူဝင့္ႂကြား စြာနဲ႔ ခ်ျပနိုင္ပါၿပီ။ ေဟာလီးဝုဒ္ထိ သြားဖို႔ဆိုတာကလည္း ပန္းတိုင္တစ္ခု ေလာက္ပဲ လိုေတာ့တာပါ။ အဲ့ဒီအတြက္လည္း စီစဥ္ေန တာရွိပါတယ္။အဲ့ဒါကေတာ့ top secret ပါ။ တျခား သူနဲ႔ နိုင္ငံတကာ ဇာတ္ကားေတြရိုက္ဖို႔လည္း စီစဥ္ထ ားၿပီးျဖစ္ေနေပမယ့္ ကိုဗစ္ျဖစ္ေနလို႔သာ မရိုက္နိုင္ေသးပါ။ သူနဲ႔ ပတ္သက္ၿပီးေပါက္ေနတဲ့ နိုင္ငံေတြအထိသြားၿပီးေတာ့လည္း fan meeting ေတြ လုပ္သြားဖို႔ရွိပါတယ္။ ကၽြန္ေတာ့္ ညီေလးကို အားေပးၾကပါလို႔” လို႔ ကိုစိုးလွိုင္က ဆက္ လက္ေျပာျပသြားခဲ့ပါတယ္။

Credit : Video

unicode

ကမ္ဘောဒီယားမှာဆို ပိုင်တံခွန် နဲ့ တွဲရိုက်ဖို့ booking တောင် ကြိုလုပ်နေရပြီး ဟောလီးဝုဒ် ထိ သွားဖို့လည်း စီစဉ်နေတယ်ဆိုတဲ့ Brave Empire Entertainment မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ သရုပ်ဆောင် model ပိုင်တံခွန်အား အခုဆိုရင်ပြည်တွင် းမှာသာမကဘဲ နိုင်ငံတကာ ပရိတ်သတ်ပါ အခိုင်အမာရရှိလို့နေပါပြီ။ ပိုင်တံခွန်ရဲ့ အောင်မြင်မှု တွေနဲ့ ပတ်သက်ပြီး Brave Empire Entertinment က တာဝန်ရှိသူ ကိုစိုးလှိုင်က အခုလိုပြောပါတယ်။

Brave Empire Entertainmet ဟာ ထိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပိုင်တံခွန် ရဲ့ fan meeting ကို စီစဉ်ခဲ့ပြီး “လိပ်ပြာစံအိမ်” ရုပ်ရှင်နဲ့ နိုင်ငံတကာမှာ မြန်မာရုပ်ရှင်ဇာတ်ကား ပထမဦးဆုံး ဆုရအောင် စွမ်းဆောင် ပေးခဲ့သူလည်းဖြစ်ပါတယ်။ “ ဘန်ကောက်မှာ တုန်းကကျွန်တော်တို့ သူ့ကို fan meeting လုပ်ပေးခဲ့တယ်ပေါ့။ အဲ့တုန်းကဆို ယုံတောင် မယုံနိုင်ဘူး။ လေဆိပ်မှာ ပရိတ်သတ်တွေ အများကြီး လက်မှတ်ထိုးခိုင်းဖို့ စောင့်နေကြတာ။ ကိုယ့်မြန်မာ အနုပညာရှင်တစ်ယောက် လေဆိပ်မှာ လုံခြုံရေး အကာအကွယ် နဲ့ လူအုပ်ကြားက တိုးထွက် ရတယ်ဆိုတာ ကျွန်တော် ယုံတောင် မယုံနိုင်ဘူး။

တရုတ်မှာတော့ we channel ကနေ documentary ရိုက်ဖို့ ကျွန်တော့် ဆီကနေ မင်းသား နဲ့ မင်းသမီး တောင်းလာလို့ ပိုင်တံခွန် နဲ့ ကစ်ကစ် ( ဝတ်မှုန်ရွှေရည် ) ကို ထုတ်ပေးဖူးတယ်။ ကျန်တာကတော့ ကျွန်တော့် ညီလေး ကံကောင်းတာပါ။ သူ့ရဲ့ ဘုန်ကြီး ဝတ်တုန်းကဓာတ်ပုံ တွေကို wechat မှာ တင်လိုက်ရင်းက တအားပေါက်သွားတ။ သူ့ရဲ့ စန်းကိုတော့ ထိုင်းမှာ မြင်ပြီး ကတည်းက ကျွန်တော် တော်တော်လေး ရှိန်သွားတာ။ ဒါတင်မကေ သးဘူး။ သူက ကမ္ဘောဒီးယားမှာလည်း အောင်မြင်တယ်။ ဂျပန် ၊ ကိုရီးယား ၊ ဘရာဇီး နဲ့ ရုရှားမှာလည်း အောင်မြင်တယ်။ကမ္ဘောဒီးယားမှာဆိုရင် မင်းသမီးတွေ သူနဲ့ တွဲရိုက်ချင်လို့ booking တောင် လုပ်ရတယ်။

ကျွန်တော် အခုမှသာ ထုတ်ပြောဖြစ်တာပါ။ ကျွန်တော်ကြွယ် တာမဟုတ်ပါဘူး။ မြန်မာ့ရုပ်ရှင် သမိုင်းမှာ ပထမဆုံး နိုင်ငံတကာ ဆုရတာ ကျွန်တော်တို့ Brave Empire က ရိုက်တဲ့ “လိပ်ပြာစံအိမ်”ပါ။ အခုတော့ နိုင်ငံတကာမှာ ပထမဆုံးအောင် မြင်တဲ့ မင်းသားကလည်းကျွန်တော်တို့ Brave Emprie ရဲ့ ပိုင်တံခွန်ပါပဲ” လို့ ဆိုပါတယ်။ အခုလိုမျိုး နိုင်ငံတကာမှာ မြန်မာ့ ဂုဏ်ဆောင် သရုပ်ဆောင်တစ်ယောက်ပေါ်ထွက်လာတာ ဝမ်းသာမိသလို ဟောလီးဝုဒ်အထိသွားနိုင်အောင်လည်း ကြိုးစားနေတယ်လို့ Brave Empire ရဲ့ ကိုစိုးလှိုင်က ဆိုပါတယ်။

“ အရင်တုန်းကဆို ကျွန်တော်တို့ မြန်မာ မင်းသားသမီးတွေ နိုင်ငံတကာကို ချပြစရာမရှိပါဘူး။ အခုအခါမှာ ဂုဏ်ယူဝင့်ကြွား စွာနဲ့ ချပြနိုင်ပါပြီ။ ဟောလီးဝုဒ်ထိ သွားဖို့ဆိုတာကလည်း ပန်းတိုင်တစ်ခု လောက်ပဲ လိုတော့တာပါ။ အဲ့ဒီအတွက်လည်း စီစဉ်နေ တာရှိပါတယ်။အဲ့ဒါကတော့ top secret ပါ။ တခြား သူနဲ့ နိုင်ငံတကာ ဇာတ်ကားတွေရိုက်ဖို့လည်း စီစဉ်ထ ားပြီးဖြစ်နေပေမယ့် ကိုဗစ်ဖြစ်နေလို့သာ မရိုက်နိုင်သေးပါ။ သူနဲ့ ပတ်သက်ပြီးပေါက်နေတဲ့ နိုင်ငံတွေအထိသွားပြီးတော့လည်း fan meeting တွေ လုပ်သွားဖို့ရှိပါတယ်။ ကျွန်တော့် ညီလေးကို အားပေးကြပါလို့” လို့ ကိုစိုးလှိုင်က ဆက် လက်ပြောပြသွားခဲ့ပါတယ်။

Credit : Video