ပရိသတ်ကြီးရေ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဆိုရင်တော့ မသိသူ မရှိလောက်‌အောင် လျှမ်းလျှမ်းတောက်အောင်မြင်မှု တွေရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမကဘဲ ထိုင်းနိုင်ငံမှာပါ ရေပန်းစားတဲ့ မင်းသား တစ်လက် ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ မိဘကို သိတတ်လိမ္မာတဲ့ သားလိမ္မာတစ်‌ဦးလဲ ဖြစ်ပါတယ်။ပိုင်တံခွန်ဟာဆိုရင် ဒိတ်ဒိတ်ကြဲ မင်းသားဆိုပေမယ့်လည်း ဂုဏ်ပကာသန မောကက်မာထောင်လွှားခြင်းမရှိပဲ ရိုးရိုးအေးအေးသာနေတတ်တာကြောင့် ပိုပြီးလူချစ် လူခင် ပေါများနေတာပဲဖြစ်ပါတယ်။ပိုင်တံခွန်က (၂၀၂၁) ခုနှစ်မှာဆိုရင်လည်း World’s Most Handsome Face ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။

နိုင်ငံတကာမှာ ပရိတ်သတ်တွေရှိ သလိုနိုင်ငံတကာမှ ပရိတ်သတ်တွေနဲ့ လည်းထိတွေ့နိုင်ဖို့ အမြဲတမ်းကြိုးစားနေတဲ့ ပိုင်တံခွန်က ဒီတစ်ခါမှာ ဆိုရင်လည်း ကမေ႓ာဒီးယား နိုင်ငံရဲ့နာမည်ကြီးဒါရိုက်တာ Leak Ly Da နဲ့ အလုပ်အတူတူလုပ်ဖို့ တွေ့ဆုံခဲ့တာကို လည်းတွေ့ရပါတယ်နော်။ဒါရိုက်တာ Leak Ly Da ကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပိုင်တံခွန် နဲ့ အတူတူတွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို “It’s not only about work it about friendship also.” ဆိုတဲ့စာသားလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှု အတိုင်းအတာကို ပြသလာခဲ့တာပဲ ဖြစ်ပါတယ်နော်.။

ပိုင်တံခွန်က (၂၀၁၉) ခုနှစ်မှာ ကမေ႓ာဒီးယား နိုင်ငံရဲ့ အလှမယ်Sothida Pokimtheng နဲ့ရုပ်ရှင်ရိုက်ဖို့ စားချုပ်ချုပ်ဆိုတထားတာ ဖြစ်ပြီး အခုဒါရိုက်တာLeak Ly Da နဲ့ ဆုံတွေ့မှုဟာ စာချုပ်ချုပ် ထားတဲ့ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့များလားဆိုတာကတော့ ရင်ခုန်စရာ ပါပဲနော်..။

Source: Leak Ly Da
Credit ; Cele Active World

ZAWGYI

ပရိသတ္ႀကီးေရ ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ ဆိုရင္ေတာ့ မသိသူ မရွိေလာက္‌ေအာင္ လၽွမ္းလၽွမ္းေတာက္ေအာင္ျမင္မႈ ေတြရရွိခဲ့တဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ ျမန္မာနိုင္ငံမွာသာမကဘဲ ထိုင္းနိုင္ငံမွာပါ ေရပန္းစားတဲ့ မင္းသား တစ္လက္ ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ဟာ မိဘကို သိတတ္လိမၼာတဲ့ သားလိမၼာတစ္‌ဦးလဲ ျဖစ္ပါတယ္။ပိုင္တံခြန္ဟာဆိုရင္ ဒိတ္ဒိတ္ၾကဲ မင္းသားဆိုေပမယ့္လည္း ဂုဏ္ပကာသန ေမာကက္မာေထာင္လႊားျခင္းမရွိပဲ ရိုးရိုးေအးေအးသာေနတတ္တာေၾကာင့္ ပိုၿပီးလူခ်စ္ လူခင္ ေပါမ်ားေနတာပဲျဖစ္ပါတယ္။ပိုင္တံခြန္က (၂၀၂၁) ခုႏွစ္မွာဆိုရင္လည္း World’s Most Handsome Face ဆိုတဲ့ ဂုဏ္ပုဒ္ကိုရရွိခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္ေနာ္။

နိုင္ငံတကာမွာ ပရိတ္သတ္ေတြရွိ သလိုနိုင္ငံတကာမွ ပရိတ္သတ္ေတြနဲ႔ လည္းထိေတြ႕နိုင္ဖို႔ အျမဲတမ္းႀကိဳးစားေနတဲ့ ပိုင္တံခြန္က ဒီတစ္ခါမွာ ဆိုရင္လည္း ကေမ႓ာဒီးယား နိုင္ငံရဲ့နာမည္ႀကီးဒါရိုက္တာ Leak Ly Da နဲ႔ အလုပ္အတူတူလုပ္ဖို႔ ေတြ႕ဆုံခဲ့တာကို လည္းေတြ႕ရပါတယ္ေနာ္။ဒါရိုက္တာ Leak Ly Da ကသူ႔ရဲ့လူမႈကြန္ယက္စာမ်က္ႏွာမွာ ပိုင္တံခြန္ နဲ႔ အတူတူေတြ႕ဆုံခဲ့တဲ့ ပုံရိပ္ေတြကို “It’s not only about work it about friendship also.” ဆိုတဲ့စာသားေလးနဲ႔အတူ သူတို႔ႏွစ္ေယာက္ရဲ့ရင္းႏွီးမႈ အတိုင္းအတာကို ျပသလာခဲ့တာပဲ ျဖစ္ပါတယ္ေနာ္.။

ပိုင္တံခြန္က (၂၀၁၉) ခုႏွစ္မွာ ကေမ႓ာဒီးယား နိုင္ငံရဲ့ အလွမယ္Sothida Pokimtheng နဲ႔႐ုပ္ရွင္ရိုက္ဖို႔ စားခ်ဳပ္ခ်ဳပ္ဆိုတထားတာ ျဖစ္ၿပီး အခုဒါရိုက္တာLeak Ly Da နဲ႔ ဆုံေတြ႕မႈဟာ စာခ်ဳပ္ခ်ဳပ္ ထားတဲ့႐ုပ္ရွင္ဇာတ္ကားကို ရိုက္ကူးဖို႔မ်ားလားဆိုတာကေတာ့ ရင္ခုန္စရာ ပါပဲေနာ္..။

Source: Leak Ly Da
Credit ; Cele Active World