


Credit ; Swelsone News

unicode

အဆိုတော် ချမ်းချမ်း ကတော့ ထူးခြားတဲ့ အသံပါဝါကို ပိုင်ဆိုင် ထားပြီး သီချင်းတွေကို ခံစားချက် အပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ ချမ်းချမ်းရဲ့အသံလေးက နားဝင်ချိုပြီး နားထောင်လို့ကောင်းတာကြောင့် ပရိသတ်တွေက သဘောကျ နှစ်ခြိုက်ကြတာ ဖြစ်ပါတယ် ။ ချမ်းချမ်းသီဆိုခဲ့တဲ့ တေးသီချင်းတွေ တော်တော်များများကလည်း ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး အောင်မြင်နေလေ့ ရှိတာပဲ ဖြစ်ပါတယ် ။

အခုဆိုရင် ချမ်းချမ်းက ကိုယ်ဝန်လွယ်ထား ရတာဖြစ်ပြီး မကြာခင် မှာပဲ ကလေး နှစ်ယောက် မေမေဘဝကို ရောက်ရှိ တော့မှာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ချမ်းချမ်းက သူမရဲ့ရင်သွေးလေးကို မွေးဖွားဖို့ အတွက် အီတလီ နိုင်ငံကို တစ်ယောက်တည်း ခရီးထွက်လာခဲ့တာ ဖြစ်ပါတယ် ။ လေယာဉ်တွေ အဆင့်အဆင့်စီးပြီး ခရီးဆက်နေတဲ့ ချမ်းချမ်းက သူမရဲ့လှုပ်ရှားမှုတွေအားလုံးကို လူမှုကွန်ယက် စာမျက်နှာ ထက်မှာ မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ချမ်းချမ်းက သမီးကြီးဂင်္ဂါကိုသတိရနေကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ် ။

ချမ်းချမ်းက “Before flight to Doha…going around the duty free and kids play ground …I miss my baby ginngar! Goodbye Korea..I m coming Doha! Be positive..be strong.” ဆိုပြီး ပုံလေးတွေ နဲ့အတူ တင်ထားတာ ဖြစ်ပါတယ် ။ ချမ်းချမ်းရေးသားထားတာကတော့ Doha ကိုမသွားခင်မှာ ကိုရီးယားကိုဖြတ်ရင်းနဲ့ လေဆိပ်က ကစားကွင်းလေး ကို မြင်လိုက်ရလို့ သမီးကြီးမြမိုးဂင်္ဂါကို သတိရသွား မိကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ အီတလီကိုရောက်ရှိဖို့အတွက် Doha ကိုခရီးဆက်နေတဲ့ ချမ်းချမ်း ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit ; Swelsone News