UNICODE
သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ စိတ်ထားကောင်း ပြီး တည်ကြည်ဖြောင့် မတ်သူတစ်ယောက် ဖြစ်တာကြောင့် အနုပညာ လောကမှာ မချစ် တဲ့သူ မရှိ သလောက်ပါပဲ။ ခိုင်နှင်းဝေ က ပရဟိတ အလုပ်တွေ လုပ်ကိုင် နေသူမို့ အနုပညာ လောကသားတွေကလည်း ခိုင်နှင်းဝေ အတွက် တစ်ဖက် တစ်လမ်းကနေ ကူညီပြီး လှူဒါန်းပေးကြသလို ခိုင်နှင်းဝေကလည်း အနုပညာ ညီအစ်ကိုမောင်နှမတွေကို မိသားစု အရင်းလို သဘောထား ချစ်ခင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက သူမရဲ့ ဂေဟာကို အလှူငွေတွေ နဲ့ ကလေးသုံး ပစ္စည်းတွေ အများအပြား လာရောက် လှူဒါန်း ပေးတဲ့ စန္ဒီမြင့်လွင် အတွက် ကျေးဇူးတင် ဆုတောင်း စကားပြော လာတာကို တွေ့ရပါတယ်။
စန္ဒီမြင့်လွင် က “ညီမလေး စန္ဒီမြင့်လွင် (ခ) ဒီဒီး မှ အလှူငွေ (၃)သိန်း နှင့် (ငွေကျပ် (၁၆)သိန်း ခန့်) တန်ဘ်ိုးရှိ Plume Small Baby ပစ္စည်းများ၊ OHGIYA Cheese များ လာရောက် လှူဒါန်းပေး ပါတယ်ရှင်..ညီမလေးတို့ မိသား စု ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်း ကျပါစေ။ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပြီး ဒီထက်မက အောင်မြင်ပါစေနော်…❤️❤️…သာဓု သာဓု သာဓု ပါရှင်..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ခိုင်နှင်းဝေ ကတော့ သူမရဲ့ ဂေဟာလေး ကို အလှူငွေတွေ လှူဒါန်း ပေးကြတဲ့ (၇) ရက်သားသမီး မည်သူ့ကို မဆို သေသေ ချာချာလေး ကျေးဇူးတင် ဆုတောင်းစကားပြောတတ် သူဖြစ်ပြီး ဒီတစ်ခေါက် မှာတော့ သူမရဲ့ အနုပညာ ညီမလေးဖြစ်တဲ့ စန္ဒီမြင့်လွင် ကို ကျေးဇူးတင်စကား ပြောလာ တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။
Source: Khine Hnin Wai’s fb
Bilie – Cele Connections