unicode
ပရိတ်သတ်ကြီးရေ… တစ်ခေတ် တစ်ခါက ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ ဇာတ်ကားကောင်း တွေကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ရင်း ပရိတ်သတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ ဝေဠုကျော်ဟာဆိုရင် ယခုလက် ရှိမှာတော့ ပရဟိတလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်င်္ပြီးအများအကျိုးကိုဆောင်ရွက်နေတဲ့သူတဟ်ယောက်ပဲဖြစဟ်ပါတယ်ပရိတ်သတ်ကြီးရေ။
တော်ရုံလူ မလုပ်နိုင်တဲ့ ပရဟိတလုပ်ငန်းကို နှစ်ရှည်လ များလုပ်ကိုင်ခဲ့တဲ့ ဝေဠုကျော်ရဲ့ စေတနာကတော့ တကယ်ကို အံ့မခန်းပါပဲနော်။သူဟာ အမှန်တကယ်တကယ်လို အပ်တဲ့နေရာတွေဆီကို ဘယ်လောက်ပဲဝေနေပါစေရောက်အောင်သွားပြီးကိုယ်တိုင်ကူညီဖေးမ လှူဒါန်းပေးခဲ့တာပဖြစြ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကြောင့် အခက်အခဲအများအပြားရှိ နေတဲ့အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းက လက်လှမ်းမှီသလောက် လိုက်လံကူညီနေတာပဲဖြစ်ပါတယ်နော်။ဒီတစ်ခါမှာဆိုရင်လည်း တောင်ဒဂုံကျူးရပ်ကွက်မှာနေထိုင်တဲ့ ကလေး(၇)ယောက်အမေမုဆိုးမရဲ့အိမ်လေးကို ပြန်လည်ဆောက်လုပ်ပေးနေတာပြဲဖစ်ပါတယ်။
ဒီကနေ့မှာ ဆိုရင်လည်း သူဆောက်လုပ်ပေးနေတဲ့ အိမ်ကလေးဆီကိုသွားရောက်ပြီး ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ဖရဲသီးတွေစားပြီးအိမ်လေးကို ဆောက်လုပ်ပေးနေတာပဲဖြစ်ပါတယ်။ဒီလိုသွားရောက် ကူဖြစ်ခဲ့ကြောင်းကို”28-4-2021 တနေ့ကဖောင်ဒေးရှင်းမှ အိမ်ဆောက်လှူပေးနေတယ့်တောင်ဒဂုံသံလမ်းကျူးက မဝါဝါလေးရဲ့ အိမ်နေရာလေး ရောက်ဖြစ်ခဲ့ပါတယ်။ဖရဲတောင်သူတွေကို အားပေးဖို့ဖရဲသီးတွေ ကျူးက ကလေးတွေနဲ့အတူ စားရင်းပေါ့။အိမ်လေးကအခင်းလေးပြီးပါပြီ အမိုးလေး မိုးပါတော့မယ်။
သစ်တော ပေါတယ့် မြန်မာပြည်မှာ သစ်အိမ်ဆောက်ရပေမယ့် အိမ်သေးသေးလေးကိုပဲ တော်တော်ကုန်ကျပါတယ်။အခုလို အိမ်ကောင်းကောင်းလေး ဆောက်လှူဖြစ်သွားအောင်မ တည်လှူပေးကြတယ့် စင်ကာပူက အလှူရှင်များနဲ့ဝိုင်းဝန်းလှူပေးကြတယ့်အလှူရှင်များ အားလုံးကို ကျေးဇူးတင် ရပါတယ်။နောင်လည်းဒုက္ခမျိုးစုံနဲ့ အိမ်ဆောက်ဖို့ လိုသူများ တွေ့လာ ရင်လည်း ဝိုင်းဝန်း ကူပေးကြပါအုံးနော့်။”#ဝေဠုကျော်ဖောင်ဒေးရှင်း09455500010 09455500014 09776089484 ဆိုပြီး သူရဲ့လူမှုကွန်ယက်စာ မျက်နှာကနေပြီးပြောပြလာတာပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။ ကလေးတွေနဲ့အတူ မဝါဝါလေး ရဲ့အိမ်မှာ ဖရဲသီးတွေစားနေကြတဲ့ ဝေဠုကျော်ရဲ့ ပုံလေးတွေကို အခုလိုပဲတစ်ဆင့်ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source ; Wai Lu Kyaw Foundation Fb Page
Credit ; Celebrity Platforms