



UNICODE

ပရိသတ်တွေ ချစ်တဲ့ မင်းသမီးချော လေး ဝတ်မှုံရွှေရည် က ရုပ်ရည် လေးလဲ လှပ ချောမောသ လောက် အမူအယာလေး ကလဲ ချစ်စရာ ကောင်းမွန်တာ ကြောင့် ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေး မှုကို နှစ်အတော် ကြာ အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ ဝတ်မှုံရွှေရည် ကတော့ သူမရဲ့ လူငယ်ဘဝ မှာ အနုပညာ အလုပ်တွေကိုသာ စိတ်နှစ် ထားသူ မို့ အိမ်ထောင်ရေး ကို မစဉ်းစား နိုင်ခဲ့ပဲ လက်ရှိ အသက် (၃၂) နှစ်အရွယ်ထိ တစ်ကိုယ်တည်း အပျိုကြီး အဖြစ် ရပ်တည် နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ကလည်း သူမရဲ့အနား မှာ မိသားစု တွေ၊ မိတ်ဆွေတွေ နဲ့ ပျော်စရာကောင်း တဲ့ အချိန်တွေ ကိုဖန်တီးပြီး ဘဝကို အေးချမ်းစွာ နဲ့ပဲ ဖြတ်သန်း နေသူ တစ်ယောက်ပါ။

နိုင်ငံကျော် မင်းသမီး တစ်ယောက် ပီပီ နေ့စဉ် ရက်ဆက်အလုပ်တွေ လုပ်ကိုင်နေရတဲ့ ဝတ်မှုံရွှေရည် က သူမချစ်တဲ့ မိသားစုဝင်တွေ ကိုတော့ အချိန်ပေးဖို့ မမေ့လျော့သူ တစ်ယောက် ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၅) ရက်နေ့ မှာ လည်း ဝတ်မှုံရွှေရည် က သူမရဲ့ ဖေဖေ ၊ မေမေအပြင် ညီမလေး နဒီရွှေရည် တို့မိသားစု နဲ့ အတူတူ ပျော်စရာ ကောင်း တဲ့ အချိန်တွေကို ကုန်ဆုံးခဲ့ပါတယ်။ ဝတ်မှုံရွှေရည် က အချစ်ဆုံး ဖေဖေနားကို ကပ်ပြီး ကလေးလေး တစ်ယောက် လို အချွဲ ပိုနေတာကို အခုလိုမျိုး ပဲ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည် က တော့ ဘယ်လောက်ပဲ လူကြီးဖြစ်ပြီး ရင့်ကျက် ရင့်ကျက် ဖေဖေ၊ မေမေနဲ့ဆိုရင် ကလေးလေး တစ်ယောက်လို ပြန်ဖြစ်သွားတာ သူမ ရဲ့ချစ်စရာကောင်းတဲ့ အကျင့်လေး တစ်ခုပါပဲ။ ပရိသတ်ကြီး လည်း ဝတ်မှုံရွှေရည် တို့ မိသားစုလေး ရဲ့ ပျော်စရာကောင်း တဲ့ အခိုက်အတံ့တွေ ကို ကြည့်ပြီး ထပ်တူ ကြည်နူးနေမိမယ် ထင်ပါတယ်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြ ပါစေလို့ဆုတောင်း ပေးလိုက် ပါတယ်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections