


CREDIT……..Myanmar Load

UNICODE

ဂီတ လောကမှာ မသိသူ မရှိလောက် အောင်ကို အောင်မြင် ကျော်ကြားနေ တဲ့ R ဇာနည် ကတော့ ပရိသတ်တွေ သည်းသည်း လှုပ်အား ပေးရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ် ။ ကလေး သုံးယောက် ရဲ့ ဖခင်လည်း ဖြစ်တဲ့ R ဇာနည်က ချစ်ဇနီး ချောလေး ဝမ်း နဲ့ အတူ ပျော်ရွှင်စရာ ကောင်းတဲ့ ကိုယ်ပိုင် မိသားစုဘဝလေးတစ်ခုကို တည်ဆောက် ထားတာ ဖြစ်ပါတယ် ။ သား နှစ်ယောက်၊ သမီး တစ်ယောက်နဲ့ အရမ်း ကိုပြီးပြည့်စုံ နေပြီဖြစ်တဲ့ R ဇာနည်တို့ မိသားစုလေး ကို အများကပါ အား ကျနေရတာ ပဲ ဖြစ်ပါတယ် ။

R ဇာနည် တို့ ဇနီးမောင်နှံ ကတော့ အိမ်ထောင် သက်တမ်း (၁၇) နှစ်ကျော်တိုင်အောင် တစ်ဦး အပေါ်တစ်ဦး နားလည် မှု ရှိရှိနဲ့ လက်တွဲ ခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း R ဇာနည် ရဲ့ ချစ်ဇနီးလေး ဝမ်းက “ကလေး သုံးယောက် အမေ အိမ်ရှင်မ လည်းတိုင်းပြည် အတွက် တာဝန်ကျေ ချင်တယ်” ဆိုပြီး ပုံလေးတွေကို သူမရဲ့လူမှု ကွန်ယက် စာမျက်နှာထက် မှာ မျှဝေ လိုက်တာပဲ ဖြစ်ပါတယ် ။ ဝမ်း ကတော့ အခုလို အခြေအနေ မှာ ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ရပ်တည်ပြလိုက်တာပဲ ဖြစ် ပါတယ် ။

ဝမ်းက သူမ ရဲ့ ကလေးတွေ ဖြစ်တဲ့ ဖစ်ဖစ် ၊ ချစ်ချစ် နဲ့ မစ်မစ်လေး တို့ကိုပါ ခေါ်ပြီး နိုင်ငံအတွက် တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် လိုက်တာ ဖြစ်ပါတယ် ။ မေမေနဲ့အတူ တက်တက် ကြွကြွ လှုပ်ရှားနေကြတဲ့ ချစ်ချစ် တုန်တို့မောင်နှမ သုံးယောက်ကို ကြည့်ပြီး ပရိသတ်တွေပါ အချစ်ပို ခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ တိုင်းပြည်အတွက် တာဝန် ကျေပွန် ချင်တာကြောင့် ကလေး သုံးယောက်ပါ ခေါ်ပြီး လမ်းပေါ် ထွက်ကာ ရပ်တည် ခဲ့တဲ့ R ဇာနည် ရဲ့ ချစ်ဇနီးလေး ဝမ်းရဲ့ပုံရိပ်တွေကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်နော် ။

Source & Photo Credit -Myat ThinZar Kyaw One’s FB Acc
CREDIT……..Myanmar Load