ပရိတ်သတ် တွေ အတွက် သီချင်းကောင်းများစွာ သီဆိုခဲ့ပြီး အားလုံးက ချစ်ကြတဲ့ Idiots ဂီတ အဖွဲ့က ပင်တိုင် အဆိုတော်တစ်ဦး ဖြစ်တဲ့ ကိုရေမွန် ဟာ မမျှော်လင့်ပဲ ရုတ်တရက် ယနေ့ ဇွန် ( ၂၃ )ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစု ဝင်တစ်ဦး ၏ လူမှု့ကွန်ရက်မှာ ရေးသား ထားတာ ကို တွေ့ရပါတယ်။

ငှက်ဖျား ပိုး နဲ့ ကွယ်လွန် တယ် ဆိုပြီးတော့လို့ လည်း သတင်းရရှိပြီ အသေးစိတ် ကို တော့အတည်ပြုနိုင် ခြင်းမ ရှိသေးပါ။ရေမွန် ရဲ့ ဂီတ တီးဝိုင်း Idiots ဖေ့စ်ဘွတ် စာမျက်နှာ ကလည်း အနက်ရောင် ပရိုဖိုင်း ပြောင်းလဲ ထားပြီး အနှပညာ အသိုင်းဝိုင်း မှ လည်း ရေမွန် သေဆုံး သွားကြောင်း နဲ့ ကောင်းမွန် ရာဘုံဘဝရောက်စေဖို့ ဆုတောင်း ပေးရင်း ဝမ်းနည်းနေ ကြတာကို လည်း တွေ့ရ ပါတယ်။

ပရိတ်သတ် တွေ ကို ဘယ်တော့ မှ မေ့မရတော့မယ့် သီချင်းတွေ နဲ့ ချန်ထားခဲ့တဲ့ ကိုတွတ်ပီ လို့အများက ခေါ်ကြတဲ့ အဆိုတော် ရေမွန် တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ နဲ့ အနားယူ ပါတော့နော်..။နောက်ဘဝ များ ရှိခဲ့ရင် လည်း အခုလို ပရိတ်သတ် အချစ်တွေ ခံယူနိုင်တဲ့ သူတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်.။ဖတ်ရှု့ပေးတဲ့ ပရိတ်သတ်ကြီး ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

crd-khityoeyar

ZAWGYI




crd-khityoeyar