



unicode

Miss နန်းခင်ဇေယျ ာကတော့ တုနှိုင်းမမှီတဲ့ သူမရဲ့ ကောက်ကြောင်း အလှတွေကို မြန်မာဝတ်ဆုံလေး ဝတ်ပြီး ပြသလိုက်ပါပြီ။ နန်းခင်က Miss တစ်ယောက်မှာ ရှိသင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံပြီး လှရက်လွန်းသူလေး မို့ ပုရိသပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံမှုကို ရရှိသူပါ။ နန်းခင်ကလည်း သူမရဲ့ ပရိသတ်တွေအတွက် အမြဲ လှနေအောင် နေတတ်သူပါ။

နန်းခင်က လက်ရှိမှာ အနုပညာလှုပ်ရှား မှုတွေကို ခေတ္တရပ်နားထားပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကို ဦးစည်း လုပ်ကိုင်နေတာပါ။ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း အဖက်ဖက်က ပြည့်စုံလွန်းတဲ့ သူမရဲ့ အရည်အချင်းတွေက အံ့မခမ်းပါပဲ ။ နန်းခင်က ပရိသတ်တွေ အလွမ်းပြေ ကြည့်ရှုရင်း အချစ်ပိုစေဖို့အတွက် ပုံရိပ်အလှလေးတွေကို တင်ပေးတတ်သလို Tiktok ဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးတင်ပေးလေ့ရှိတာပါ။

ယခုမှာဆိုရင်လည်း နန်းခင်က နိုင်ငံကျော် အဆိုတော် စိုင်းစိုင်းရဲ့ တေးသီချင်းလေးနဲ့ အမိုက်စား ဆော့ကစားထား ပါသေးတယ်။ ဒါကတော့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှတွေကို ပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေးတဲ့ လှရက် လွန်းနေပြီး သီချင်းလေးအတိုင်း ဟန်ချက် ညီညီ ဆော့ကစားထားတာဖြစ်လို့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ ကြည့်ရှု စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်…..။

Source – Nang Khin Zay Yar’s Facebook Account