ယြန္းဝတီလြင္မိုးကေတာ့ လက္ရွိမွာ ျပည္ပနိုင္ငံ တြင္ ပညာသင္ၾကားေနတာပဲ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံ တြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ကိုယ္က် ပူးေပါင္းပါဝင္ခြင့္ မရတဲ့အတြက္လည္း ဝမ္းနည္းေနတာပဲ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာ မွတစ္ဆင့္ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ ေတြကိုေတာ့ အခ်ိန္နဲ႔တစ္ေျပးညီ ေဝမၽွေပးေနတာလည္း ျဖစ္ပါတယ္။

လူထုလႈပ္ရွားမႈတြင္ ပါဝင္ရင္း မေမၽွာ္လင့္ပဲ ေႂကြလြင့္ သြားခဲ့ရတဲ့ သူရဲေကာင္းေတြ ရာနဲ႔ခ်ီရွိေနပါၿပီ။ တစ္နိုင္ငံ လုံးက ျပည္သူေတြကလည္း သူရဲေကာင္းေတြအတြက္ ယူၾကဳံးမရေအာင္ ဝမ္းနည္းေနၾကၿပီး က်န္ရစ္ခဲ့တဲ့ သူတို႔ရဲ့ မိသားစုဝင္ေတြအတြက္လည္း တတ္နိုင္တဲ့ ဘက္ကေန ကူညီေပးေနၾကတာလည္း ျဖစ္ပါတယ္။ က်ဆုံးသြားခဲ့ၾကတဲ့ သူရဲေကာင္းေတြတစ္ခ်ိဳ႕ဟာ သူတို႔ရဲ့မိသားစုဝင္ မ်ားကို စိတ္မခ်ျဖစ္တဲ့အတြက္ အျခားလူ တစ္ေယာက္အား ဝိညာဥ္အျဖစ္ ဝင္ပူးခဲ့တဲ့ ျဖစ္ရပ္မ်ားစြာလည္း လူမႈကြန္ယက္ တြင္ ဗီဒီယိုဖိုင္မ်ား ျပန႔္ႏွံ့ေနတာလည္း ျဖစ္ပါတယ္။

ယြန္းဝတီလြင္မိုးကလည္း ဝိညာဥ္ပူးတဲ့ ဗီဒီယိုဖိုင္ေတြကိုၾကည့္ၿပီး မ်က္ရည္က်ရ တဲ့စိတ္မေကာင္းျဖစ္ေနေၾကာင္းကိုလည္း သူမရဲ့ Facebook Page တြင္ အခုလို ေရးသားထားတာပဲ ျဖစ္ပါတယ္။ ” အခုတေလာ က်ဆုံးသြားေသာသူရဲ ေကာင္းအခ်ိဳ႕ ဝိညာဥ္အျဖစ္ ဝင္ပူးလာတဲ့ video ေတြအမ်ားႀကီးတက္လာပါတယ္။
ၾကည့္ရင္းၾကည့္ရင္းနဲ႔ ေၾကာက္တဲ့စိတ္မျဖစ္ပဲရင္တစ္ခုလုံးဆို႔ၿပီး မ်က္ရည္က် ရေလာက္ေအာင္ အရမ္းသနား ဖို႔ေကာင္းပါတယ္။

ဝင္ပူးသမၽွ video တိုင္းမွာလဲ သူတို႔အေနနဲ႔ ဘဝကူးသြား တာေတာင္ဒီတိုက္ပြဲႀကီးနိုင္တဲ့အထိဆက္တိုက္သြားဖို႔ ၊အားလုံးကိုလဲဆက္တိုက္ေပးဖို႔ စည္း႐ုံးေနၾကတာပါ။ အဲ့ေတာ့ သူတို႔ေပးဆပ္လိုက္ရတဲ့ ေသြးေတြ အသက္ေတြ အခ်ည္းႏွီးမျဖစ္ေအာင္ တို႔က်န္တဲ့သူေတြက အားမေလ်ာ့ဇြဲ မေလ်ာ့ပဲဆက္တိုက္ၾကရေအာင္။အေရးေတာ္ပုံေအာင္ကိုေအာင္ရမည္။#အေရးေတာ္ပုံေအာင္ရမည္ “ဆိုၿပီး ဝမ္းနည္းစြာနဲ႔ ေရးသား ထားတဲ့ သူမရဲ့ခံစားခ်က္ ေတြကို တစ္ဆင့္ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

unicode

ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ ပြည်ပနိုင်ငံ တွင် ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ခွင့် မရတဲ့အတွက်လည်း ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှတစ်ဆင့် အရေးကြီးတဲ့ သတင်းအချက်အလက် တွေကိုတော့ အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွင် ပါဝင်ရင်း မမျှော်လင့်ပဲ ကြွေလွင့် သွားခဲ့ရတဲ့ သူရဲကောင်းတွေ ရာနဲ့ချီရှိနေပါပြီ။ တစ်နိုင်ငံ လုံးက ပြည်သူတွေကလည်း သူရဲကောင်းတွေအတွက် ယူကြုံးမရအောင် ဝမ်းနည်းနေကြပြီး ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်လည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးနေကြတာလည်း ဖြစ်ပါတယ်။ ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းတွေတစ်ချို့ဟာ သူတို့ရဲ့မိသားစုဝင် များကို စိတ်မချဖြစ်တဲ့အတွက် အခြားလူ တစ်ယောက်အား ဝိညာဉ်အဖြစ် ဝင်ပူးခဲ့တဲ့ ဖြစ်ရပ်များစွာလည်း လူမှုကွန်ယက် တွင် ဗီဒီယိုဖိုင်များ ပြန့်နှံ့နေတာလည်း ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကလည်း ဝိညာဉ်ပူးတဲ့ ဗီဒီယိုဖိုင်တွေကိုကြည့်ပြီး မျက်ရည်ကျရ တဲ့စိတ်မကောင်းဖြစ်နေကြောင်းကိုလည်း သူမရဲ့ Facebook Page တွင် အခုလို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” အခုတလော ကျဆုံးသွားသောသူရဲ ကောင်းအချို့ ဝိညာဉ်အဖြစ် ဝင်ပူးလာတဲ့ video တွေအများကြီးတက်လာပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ ကြောက်တဲ့စိတ်မဖြစ်ပဲရင်တစ်ခုလုံးဆို့ပြီး မျက်ရည်ကျ ရလောက်အောင် အရမ်းသနား ဖို့ကောင်းပါတယ်။

ဝင်ပူးသမျှ video တိုင်းမှာလဲ သူတို့အနေနဲ့ ဘဝကူးသွား တာတောင်ဒီတိုက်ပွဲကြီးနိုင်တဲ့အထိဆက်တိုက်သွားဖို့ ၊အားလုံးကိုလဲဆက်တိုက်ပေးဖို့ စည်းရုံးနေကြတာပါ။ အဲ့တော့ သူတို့ပေးဆပ်လိုက်ရတဲ့ သွေးတွေ အသက်တွေ အချည်းနှီးမဖြစ်အောင် တို့ကျန်တဲ့သူတွေက အားမလျော့ဇွဲ မလျော့ပဲဆက်တိုက်ကြရအောင်။အရေးတော်ပုံအောင်ကိုအောင်ရမည်။#အရေးတော်ပုံအောင်ရမည် “ဆိုပြီး ဝမ်းနည်းစွာနဲ့ ရေးသား ထားတဲ့ သူမရဲ့ခံစားချက် တွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Yunwaddy Lwin Moe’s Facebook Page