ပရိသတ္ႀကီး ေရ.. အသံ ခ်ိဳခ်ိဳေလး နဲ႔ သီခ်င္း ေကာင္းေလးေတြ သီဆို တတ္ၿပီး အႏုပညာ ေလာက မွာ ပရိသတ္ အခ်စ္ေတြ ကို အခိုင္အမာ ရရွိ ထားသူ ကေတာ့ ႏွင္းဝတ္ရည္ေသာင္း နဲ႔ ေအးဝတ္ရည္ေသာင္း တို႔ရဲ့ ညီမ အငယ္ဆုံးေလး ျဖစ္တဲ့ ဆြိဝတ္ရည္ေသာင္း ပဲ ျဖစ္ပါတယ္..။ ဆြိဝတ္ရည္ေသာင္း ကေတာ့ ေတာ္လွန္ ေရး တိုက္ပြဲ အတြင္း လမ္းေပၚ ထြက္လႈပ္ရွားမႈ ေတြမွာ ျပည္သူေတြ နဲ႔ အတူ ခြန္အား အျပည့္ နဲ႔ အားႀကိဳး မာန္တတ္ ပါဝင္ ေနသလို တတ္နိုင္တဲ့ ဘက္ကေနလည္း အေကာင္းဆုံး ပါဝင္ေနသူ လည္း ျဖစ္ပါတယ္..။

ေဖေဖာ္ဝါရီလ အစပိုင္း ကတည္းက လူထု လႈပ္ရွားမႈ ေတြကို ကိုယ္တိုင္ ကိုယ္က် အားတတ္ သေရာ လုပ္ေဆာင္ ေနတဲ့ ဆြိဝတ္ရည္ေသာင္း ကေတာ့ သဃၤန္းကၽြန္းက က်ဆုံး သြားတဲ့ အသက္ (၁၉) ႏွစ္ အရြယ္ ကခ်င္ တိုင္းရင္းသားေလး ထီဆန္ဝမ္ဖီ (ခ) ဖီထြန္း အတြက္လည္း အလႉေငြေတြ လႉဒါန္းၿပီး ေဖးမ ကူညီခဲ့ပါတယ္..။ “လူညီရင္ အေရွ႕ထြက္ တိုက္လို႔ ရၿပီ”လို႔ ေျပာၿပီး သိပ္မၾကာခင္ မွာပဲ ပါးကို ထိမွန္ က်ဆုံးသြားတာ ျဖစ္ၿပီး တစ္ျခား သူေတြကို ထိမွာ စိုးလို႔ သူ႔ကို ပစ္ သူ႔ကို ပစ္ဆိုၿပီး ရဲရင့္ လွစြာ နဲ႔ သူ႔အသက္ကို စေတးၿပီး အျခား လူေတြကို အတတ္နိုင္ဆုံးကာကြယ္ ေပးခဲ့တဲ့ အာဇာနည္ သူရဲေကာင္းေလး ဖီထြန္း အတြက္ ဆြိဝတ္ရည္ေသာင္း က အလႉ ေငြေတြနဲ႔ ေဖးမ ကူညီခဲ့ တာပါ..။

“ေမာင္ေလး Phi Tun အတြက္ ကိုယ္ တတ္နိုင္ သေလာက္ေလး သြားလုပ္ ေပးခဲ့ပါတယ္။ အကူေငြထည့္ တာေတာင္ လက္မခံဘူး ။ သူ႔အကို လက္ထဲအတင္းထည့္ေပးခဲ့ရတယ္ ။ တစ္ကယ္ ရိုးသား လြန္းတဲ့ တိုင္းရင္း သားေလး ေတြပါ …. RIP ပါ ေမာင္ေလး Phi Tun ေရ..” ဆိုၿပီး စိတ္မေကာင္း စြာ ေျပာၿပ ထားတာပါ..။ ယူၾကဳံး မရစြာ နဲ႔ ဝမ္းနည္း စကားေလး ေျပာရင္း အလႉ ေငြေတြ လႉခဲ့တဲ့ ဆြိဝတ္ရည္ေသာင္း ရဲ့ အလႉေလးကို လည္းသာဓု ေခၚကာ က်ဆုံး သြားတဲ့သူရဲေကာင္းေလး အတြက္လည္း ပရိသတ္ ေတြက ဆုေတာင္း ေပးထား ၾကတာ ေတြ႕ရ ပါတယ္..။

Photo Credit – Sweet Wutt Yi Thaung’s Fb Acc

UNICODE

ပရိသတ်ကြီး ရေ.. အသံ ချိုချိုလေး နဲ့ သီချင်း ကောင်းလေးတွေ သီဆို တတ်ပြီး အနုပညာ လောက မှာ ပရိသတ် အချစ်တွေ ကို အခိုင်အမာ ရရှိ ထားသူ ကတော့ နှင်းဝတ်ရည်သောင်း နဲ့ အေးဝတ်ရည်သောင်း တို့ရဲ့ ညီမ အငယ်ဆုံးလေး ဖြစ်တဲ့ ဆွိဝတ်ရည်သောင်း ပဲ ဖြစ်ပါတယ်..။ ဆွိဝတ်ရည်သောင်း ကတော့ တော်လှန် ရေး တိုက်ပွဲ အတွင်း လမ်းပေါ် ထွက်လှုပ်ရှားမှု တွေမှာ ပြည်သူတွေ နဲ့ အတူ ခွန်အား အပြည့် နဲ့ အားကြိုး မာန်တတ် ပါဝင် နေသလို တတ်နိုင်တဲ့ ဘက်ကနေလည်း အကောင်းဆုံး ပါဝင်နေသူ လည်း ဖြစ်ပါတယ်..။

ဖေဖော်ဝါရီလ အစပိုင်း ကတည်းက လူထု လှုပ်ရှားမှု တွေကို ကိုယ်တိုင် ကိုယ်ကျ အားတတ် သရော လုပ်ဆောင် နေတဲ့ ဆွိဝတ်ရည်သောင်း ကတော့ သင်္ဃန်းကျွန်းက ကျဆုံး သွားတဲ့ အသက် (၁၉) နှစ် အရွယ် ကချင် တိုင်းရင်းသားလေး ထီဆန်ဝမ်ဖီ (ခ) ဖီထွန်း အတွက်လည်း အလှူငွေတွေ လှူဒါန်းပြီး ဖေးမ ကူညီခဲ့ပါတယ်..။ “လူညီရင် အရှေ့ထွက် တိုက်လို့ ရပြီ”လို့ ပြောပြီး သိပ်မကြာခင် မှာပဲ ပါးကို ထိမှန် ကျဆုံးသွားတာ ဖြစ်ပြီး တစ်ခြား သူတွေကို ထိမှာ စိုးလို့ သူ့ကို ပစ် သူ့ကို ပစ်ဆိုပြီး ရဲရင့် လှစွာ နဲ့ သူ့အသက်ကို စတေးပြီး အခြား လူတွေကို အတတ်နိုင်ဆုံးကာကွယ် ပေးခဲ့တဲ့ အာဇာနည် သူရဲကောင်းလေး ဖီထွန်း အတွက် ဆွိဝတ်ရည်သောင်း က အလှူ ငွေတွေနဲ့ ဖေးမ ကူညီခဲ့ တာပါ..။

“မောင်လေး Phi Tun အတွက် ကိုယ် တတ်နိုင် သလောက်လေး သွားလုပ် ပေးခဲ့ပါတယ်။ အကူငွေထည့် တာတောင် လက်မခံဘူး ။ သူ့အကို လက်ထဲအတင်းထည့်ပေးခဲ့ရတယ် ။ တစ်ကယ် ရိုးသား လွန်းတဲ့ တိုင်းရင်း သားလေး တွေပါ …. RIP ပါ မောင်လေး Phi Tun ရေ..” ဆိုပြီး စိတ်မကောင်း စွာ ပြောပြ ထားတာပါ..။ ယူကြုံး မရစွာ နဲ့ ဝမ်းနည်း စကားလေး ပြောရင်း အလှူ ငွေတွေ လှူခဲ့တဲ့ ဆွိဝတ်ရည်သောင်း ရဲ့ အလှူလေးကို လည်းသာဓု ခေါ်ကာ ကျဆုံး သွားတဲ့သူရဲကောင်းလေး အတွက်လည်း ပရိသတ် တွေက ဆုတောင်း ပေးထား ကြတာ တွေ့ရ ပါတယ်..။

Photo Credit – Sweet Wutt Yi Thaung’s Fb Acc