ၿပီးခဲ့တဲ့ မတ္လ (၂၇) ရက္ ေန႔မွာေတာ့ ျမန္မာနိုင္ငံ အႏွံ့အျပားမွာ ရွိတဲ့ ျပည္သူေတြ ေတာ္ေတာ္ မ်ားမ်ား က အႏၲရာယ္ေတြ ၾကားကေန လမ္းေပၚ ကိုရေအာင္ ထြက္လာၿပီး ဆႏၵ ထုတ္ေဖာ္ခဲ့ ၾကတာ ျဖစ္ပါတယ္ ။ ခြန္အား ရွိသမၽွ ႀကိဳးစား ေနၾကတဲ့ ျပည္သူ ေတြက လူစု ခြဲၿဖိဳခြင္းမႈေတြ နဲ႔လည္း ၾကဳံေတြ႕ ခဲ့ ရတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ မေန႔က ဆိုရင္ ျမန္မာ တစ္နိုင္ငံ လုံးမွာ အသက္ ဆုံးရႈံးသြား ရတဲ့ ျပည္သူ ေတြ အမ်ား အျပား ရွိခဲ့တာ ျဖစ္ပါတယ္ ။

ေႂကြလြင့္ သြားတဲ့ သူရဲေကာင္း ေတြ ထဲမွာ နိုင္ငံ အတြက္ တကယ့္ကို တန္ဖိုးရွိတဲ့ ပညာတတ္ လူငယ္ေတြ လည္း ပါဝင္ ခဲ့တာ ျဖစ္ပါတယ္ ။ ဝမ္းတြင္း ၿမိဳ႕မွာ က်ဆုံးသြား ခဲ့ရ တဲ့ ကိုၿဖိဳး သက္ေဝ ကလည္း မႏၲေလး ေဆးတကၠသိုလ္ ကေန ဘြဲ႕ရ ရွိ ခဲ့တဲ့ ဆရာဝန္ တစ္ဦး ျဖစ္ပါတယ္ ။ လူနာေတြ ရဲ့ အသက္ေတြ ကို ကယ္တင္ေပးေနတဲ့ ဆရာဝန္ တစ္ဦးကို ဆုံးရႈံးလိုက္ ရၿပီျဖစ္တာ ေၾကာင့္ ျပည္သူေတြ အေန နဲ႔ လည္း တကယ့္ကို ဝမ္းနည္း ေႂကြကြဲ ေနရတာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ က်ည္ထိ မွန္သြား တဲ့ ေဒါက္တာ ၿဖိဳးသက္ေဝ ကို ကယ္တင္ ဖို႔ ႀကိဳးစားခဲ့ ၾကတဲ့ ျပည္သူေတြ ရဲ့ ပုံရိပ္ တစ္ခ်ိဳ႕ကလည္း လတ္ တေလာ လူမႈ ကြန္ယက္စာမ်က္ႏွာ ထက္မွာ ပ်ံ႕ႏွံ့ လာခဲ့တာ ျဖစ္ပါတယ္ ။ ဆိုင္ကယ္ ေပၚကေန လဲက် သြားတဲ့ ေဒါက္တာ ၿဖိဳးသက္ ေဝကို အနီးအနား မွာရွိတဲ့ ျပည္သူ ေတြက ဝိုင္းဝန္းကူညီခဲ့ ေသးတာ ျဖစ္ပါတယ္ ။ အခုဆိုရင္ ေဒါက္တာ ၿဖိဳးသက္ေဝ အတြက္ သူ႔ရဲ့ သူငယ္ခ်င္းေတြ အပါအဝင္ အားလုံးက အရမ္းကို စိတ္မေကာင္း ျဖစ္ေနရတာ ျဖစ္ပါတယ္ ။ ဝမ္းတြင္း ၿမိဳ႕မွာ က်ဆုံး သြားခဲ့တဲ့ ေဒါက္တာၿဖိဳးသက္ေဝ ရဲ့ ပုံရိပ္ေတြ ကို ျပန္လည္ ေဖာ္ၿပ ေပးလိုက္ ရပါတယ္။

Source & Photo Credit- MM LOAD

UNICODE

ပြီးခဲ့တဲ့ မတ်လ (၂၇) ရက် နေ့မှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ ပြည်သူတွေ တော်တော် များများ က အန္တရာယ်တွေ ကြားကနေ လမ်းပေါ် ကိုရအောင် ထွက်လာပြီး ဆန္ဒ ထုတ်ဖော်ခဲ့ ကြတာ ဖြစ်ပါတယ် ။ ခွန်အား ရှိသမျှ ကြိုးစား နေကြတဲ့ ပြည်သူ တွေက လူစု ခွဲဖြိုခွင်းမှုတွေ နဲ့လည်း ကြုံတွေ့ ခဲ့ ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် မနေ့က ဆိုရင် မြန်မာ တစ်နိုင်ငံ လုံးမှာ အသက် ဆုံးရှုံးသွား ရတဲ့ ပြည်သူ တွေ အများ အပြား ရှိခဲ့တာ ဖြစ်ပါတယ် ။

ကြွေလွင့် သွားတဲ့ သူရဲကောင်း တွေ ထဲမှာ နိုင်ငံ အတွက် တကယ့်ကို တန်ဖိုးရှိတဲ့ ပညာတတ် လူငယ်တွေ လည်း ပါဝင် ခဲ့တာ ဖြစ်ပါတယ် ။ ဝမ်းတွင်း မြို့မှာ ကျဆုံးသွား ခဲ့ရ တဲ့ ကိုဖြိုး သက်ဝေ ကလည်း မန္တလေး ဆေးတက္ကသိုလ် ကနေ ဘွဲ့ရ ရှိ ခဲ့တဲ့ ဆရာဝန် တစ်ဦး ဖြစ်ပါတယ် ။ လူနာတွေ ရဲ့ အသက်တွေ ကို ကယ်တင်ပေးနေတဲ့ ဆရာဝန် တစ်ဦးကို ဆုံးရှုံးလိုက် ရပြီဖြစ်တာ ကြောင့် ပြည်သူတွေ အနေ နဲ့ လည်း တကယ့်ကို ဝမ်းနည်း ကြွေကွဲ နေရတာ ဖြစ်ပါတယ် ။

ဒါ့အပြင် ကျည်ထိ မှန်သွား တဲ့ ဒေါက်တာ ဖြိုးသက်ဝေ ကို ကယ်တင် ဖို့ ကြိုးစားခဲ့ ကြတဲ့ ပြည်သူတွေ ရဲ့ ပုံရိပ် တစ်ချို့ကလည်း လတ် တလော လူမှု ကွန်ယက်စာမျက်နှာ ထက်မှာ ပျံ့နှံ့ လာခဲ့တာ ဖြစ်ပါတယ် ။ ဆိုင်ကယ် ပေါ်ကနေ လဲကျ သွားတဲ့ ဒေါက်တာ ဖြိုးသက် ဝေကို အနီးအနား မှာရှိတဲ့ ပြည်သူ တွေက ဝိုင်းဝန်းကူညီခဲ့ သေးတာ ဖြစ်ပါတယ် ။ အခုဆိုရင် ဒေါက်တာ ဖြိုးသက်ဝေ အတွက် သူ့ရဲ့ သူငယ်ချင်းတွေ အပါအဝင် အားလုံးက အရမ်းကို စိတ်မကောင်း ဖြစ်နေရတာ ဖြစ်ပါတယ် ။ ဝမ်းတွင်း မြို့မှာ ကျဆုံး သွားခဲ့တဲ့ ဒေါက်တာဖြိုးသက်ဝေ ရဲ့ ပုံရိပ်တွေ ကို ပြန်လည် ဖော်ပြ ပေးလိုက် ရပါတယ်။

Source & Photo Credit- MM LOAD