UNICODE
ပရိသတ်ကြီး ရေ.. အနုပညာ လောကမှာ စကားပြော ပွင့်လင်းပြီး ကလေး လူကြီး မရွေး အားလုံးက ချစ်ခင် အားပေးနေကြရသူ လေးကတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးထား သလို မိတ်ကပ် ပညာရှင် တစ်ဦးလည်း ဖြစ်တဲ့ ညီညီမောင်ပဲ ဖြစ်ပါတယ်..။သုသု လို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ ညီညီမောင်ကတော့ လက်ရှိမှာလည်း ပြည်သူတွေ နဲ့ အတူ ရပ်တည်ကာ တက်အား သရွေ့ ကျရာ တာဝန်ကို ထမ်းဆောင် နေပြီး လူထု လှုပ်ရှားမှု လေးတွေမှာ လည်း ပါဝင် လုပ်ဆောင် နေတာပါ..။
လူထု လှုပ်ရှားမှုတွေ မှာ ပါဝင်နေတဲ့ အပြင် လှူဒါန်းမှု တွေကိုလည်း ဆက်တိုက် ပြုလုပ်နေတဲ့ သုသုလေး ကတော့ လိုအပ်တဲ့ နေရာလေးတွေ မှာ လည်း တတ်နိုင်သလောက် လိုက်လံ လှူဒါန်း နေတာကို လည်း မကြာခဏ ဆိုသလို မြင်တွေ့ ရပါတယ်..။သုသုလေးဟာ ကျဆုံးသွားတဲ့ သူရဲကောင်း တွေ နဲ့ လမ်းပေါ်ဆက်လက်ထွက် ပြီး တိုက်ပွဲဝင် နေကြတဲ့ ပြည်သူတွေ နဲ့ ယှဉ်ရင် သူမ ရဲ့ ပါဝင်မှု လေးတွေက အပေါ်ယံ တွေမို့ ရှက်မိတယ် ဆိုပြီး ဖေ့စ်ဘွတ် စာမျက်နှာကနေ ရင်ဖွင့်ပြော ပြလာ ပါတယ်..။
“ကျမ တို့ လုပ်တယ် ဆိုတာ အပေါ်ယံ လေးပါ 😔ကျဆုံး သွားတဲ့ ကလေး လူကြီး လမ်းပေါ်ထွက် ဆက်လက် တိုက်ပွဲ ဝင်ပေး နေသူတွေ က တကယ့် သူရဲကောင်း တွေပါ (ကိုယ်ကို ကိုယ်လည်း ရှက်မိပါတယ်😢😓).. ” ဆိုုပြီး သုသုလေးက ရေးသား ပြောပြထားတာပဲ ဖြစ်ပါတယ်..။တတ်နိုင်သလောက် ပါဝင်နေတဲ့ သုသုလေး ရဲ့ ပါဝင်မှု လေးတွေကို ပရိသတ်တွေ အားလုံးကလည်း သဘော ကျနေကြသလို အားပေး စကားလေးတွေ နဲ့အတူ ချီးကျူးနေကြတာလည်း တွေ့ရပါတယ်..။
သတင်းအရင်းမြစ်: Nyi Nyi Maung’s Fb Acc