သ႐ုပ္ေဆာင္ ေဆာင္းယြန္းစံ ကေတာ့ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ ကတည္းက ​ေျပာင္းလဲ ခဲ့တဲ့ အေျခအေန ေတြမွာ ျပည္သူေတြ နဲ႔အတူ ရပ္တည္ ေနခဲ့တဲ့ သူတစ္ေယာက္ပါ ။ရင္ထဲက ဆႏၵအမွန္ နဲ႔ တရား မၽွတမႈ ကို လိုလားတဲ့ ျပည္သူေတြ စုေပါင္းျပဳလုပ္တဲ့ လူထုလႈပ္ရွားမႈ ႀကီးမွာလည္း ေဆာင္းယြန္းက လမ္းေပၚထြက္ကာ သူမကိုယ္တိုင္ပါ ဝင္ခဲ့ပါေသးတယ္။

ဒါ့အျပင္ လူထုလႈပ္ရွားမႈမွာ အသက္ေပးကာ က်ဆုံးခဲ့ရတဲ့ ျပည္သူ႔သူရဲ ေကာင္းေတြရဲ့ မိသားစုေတြထံ အလႉေငြေပးအပ္လႉဒါန္းတာကိုလည္း ေတြ႕ရပါတယ္။ ေဆာင္းယြန္းက ဒီကေန႔ မတ္လ ၂၅ရက္ေန႔မွာလည္း ခင္မင္ရင္းႏွီးရ တဲ့ သူငယ္ခ်င္းေတြနဲ႔အတူ စုေပါင္းၿပီး အလႉဒါနတစ္ခုျပဳလုပ္ခဲ့ပါတယ္။ ဒါကေတာ့ ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးသြားခဲ့တဲ့ အသက္ ၁၅ႏွစ္အရြယ္ သမီးေလးရဲ့ အိမ္ကို သြားေရာက္ကာ ေငြေၾကးနဲ႔ လိုအပ္တဲ့ ပစၥည္းေတြ လႉဒါန္းေပး အပ္ခဲ့တာျဖစ္ပါတယ္။

သူငယ္ခ်င္းေတြနဲ႔အတူ က်န္ရစ္သူ မိသားစုထံ အလႉေငြေပးအပ္ခဲ့တဲ့ ပုံေတြကို တင္ေပးလာရင္း ေဆာင္းယြန္းစံက ” ေႏြဦးေတာ္လွန္ေရးတြင္က်ဆုံးသြားေသာ သူရဲေကာင္းမ်ားအတြက္ ေဆာင္းယြန္းတို႔ သူငယ္ခ်င္းေတြ တတ္နိုင္ သေလာက္ေလးလႉဒါန္းခဲ့ပါတယ္ တူတူလႉ ဒါန္းေပးၾကတဲ့သူမ်ား အားလုံးကိုလဲ ေက်းဇူးပါရွင့္ ” ဆိုၿပီး သူမရဲ့ Facebook Account ထက္မွာ တင္ေပးလာခဲ့တာပါ။ အခုလို အေျခအေနမ်ိဳးမွာ တတ္နိုင္တဲ့ ဘက္ကေန အားျဖည့္ကူညီေနတဲ့ ေဆာင္းယြန္းတို႔ သူငယ္ခ်င္းရဲ့ ပုံေတြကို ကူးယူေဖာ္ျပေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Source & Photo Credit – Saung Yoon San’s FB account

unicode

သရုပ်ဆောင် ဆောင်းယွန်းစံ ကတော့ ဖေဖော်ဝါရီလ ၁ရက်နေ့ ကတည်းက ​ပြောင်းလဲ ခဲ့တဲ့ အခြေအနေ တွေမှာ ပြည်သူတွေ နဲ့အတူ ရပ်တည် နေခဲ့တဲ့ သူတစ်ယောက်ပါ ။ရင်ထဲက ဆန္ဒအမှန် နဲ့ တရား မျှတမှု ကို လိုလားတဲ့ ပြည်သူတွေ စုပေါင်းပြုလုပ်တဲ့ လူထုလှုပ်ရှားမှု ကြီးမှာလည်း ဆောင်းယွန်းက လမ်းပေါ်ထွက်ကာ သူမကိုယ်တိုင်ပါ ဝင်ခဲ့ပါသေးတယ်။

ဒါ့အပြင် လူထုလှုပ်ရှားမှုမှာ အသက်ပေးကာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့သူရဲ ကောင်းတွေရဲ့ မိသားစုတွေထံ အလှူငွေပေးအပ်လှူဒါန်းတာကိုလည်း တွေ့ရပါတယ်။ ဆောင်းယွန်းက ဒီကနေ့ မတ်လ ၂၅ရက်နေ့မှာလည်း ခင်မင်ရင်းနှီးရ တဲ့ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး အလှူဒါနတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ အသက် ၁၅နှစ်အရွယ် သမီးလေးရဲ့ အိမ်ကို သွားရောက်ကာ ငွေကြေးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းပေး အပ်ခဲ့တာဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့အတူ ကျန်ရစ်သူ မိသားစုထံ အလှူငွေပေးအပ်ခဲ့တဲ့ ပုံတွေကို တင်ပေးလာရင်း ဆောင်းယွန်းစံက ” နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော သူရဲကောင်းများအတွက် ဆောင်းယွန်းတို့ သူငယ်ချင်းတွေ တတ်နိုင် သလောက်လေးလှူဒါန်းခဲ့ပါတယ် တူတူလှူ ဒါန်းပေးကြတဲ့သူများ အားလုံးကိုလဲ ကျေးဇူးပါရှင့် ” ဆိုပြီး သူမရဲ့ Facebook Account ထက်မှာ တင်ပေးလာခဲ့တာပါ။ အခုလို အခြေအနေမျိုးမှာ တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့်ကူညီနေတဲ့ ဆောင်းယွန်းတို့ သူငယ်ချင်းရဲ့ ပုံတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source & Photo Credit – Saung Yoon San’s FB account