ပရိသတ္ႀကီးေရ.. အသံခ်ိဳခ်ိဳေလး နဲ႔ သီခ်င္းေကာင္းေလး ေတြ မ်ားစြာ သီဆိုေဖ်ာ္ေၿဖ တတ္တဲ့ အဆိုေတာ္ မေလး ေမလသံစဥ္ကေတာ့ ဂီတအႏုပညာေလာကမွာ အသက္ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္မႈေတြအခိုင္အမာ ရရွိထားသူပဲ ျဖစ္ပါတယ္..။ ကိုယ္ပိုင္ အရည္အခ်င္းေတြ နဲ႔ ေလၽွာက္လွမ္းရပ္တည္ေနတဲ့ ေမလသံစဥ္ကေတာ့ လက္ရွိ အေျခအေနေတြမွာလည္း လႈပ္ရွားမႈေတြျပဳလုပ္ၿပီး ေတာ္လွန္ေရးတိုက္ပြဲ ႀကီးမွာ ျပည္သူေတြ နဲ႔ တစ္သားတည္း ရပ္တည္ေနသူေလးပါ..။

လက္ရွိအခ်ိန္မွာ တတ္နိုင္သေလာက္ အားျဖည့္ပါဝင္ေနတဲ့ ေမလသံစဥ္ ကေတာ့ အလႉေတြ ျပဳလုပ္ၿပီး က်ဆုံးသြားၾကတဲ့သူရဲေကာင္းျပည္သူေတြအတြက္ ရည္စူးကုသိုလ္ေလးေတြနဲ႔ အမၽွေဝေကာင္းမႈျပဳေပးခဲ့တာလည္း ေတြ႕ရပါတယ္..။ ေတာ္လွန္ တိုက္ပြဲႀကီးမွာ က်ဆုံးသြားၾကတဲ့အနယ္နယ္အရပ္ရပ္က သူရဲေကာင္းျပည္သူေတြအတြက္ ရည္စူးကာ ဒီကေန႔ တေပါင္းလျပည့္ ေန႔မွာ အာဟာရဒါနအျဖစ္ သီလရွင္ေက်ာင္းမွာ MILO ေတြ လႉဒါန္းခဲ့တာျဖစ္ပါတယ္..။

“တေပါင္းလျပည့္ေန႔အလႉ🌕 အခု ေနာက္ပိုင္း ကုသိုလ္တခုျပဳၿပီးတိုင္း အမၽွေဝတဲ့ အခါ ကိုးကြယ္တဲ့ ဘာသာတူတူ မတူတူ ခံယူခ်က္တူတဲ့ က်ဆုံးသြားေသာ အစ္ကို အစ္မ ေမာင္ေလး ညီမေလးေတြ ကိုပါ ေလးေလးနက္နက္ အမၽွေပးေဝ ဆုေတာင္းေပးျဖစ္ပါတယ္ 🙏🙏🙏..” ဆိုၿပီး အလႉကို ေဝမၽွေျပာျပထားတာပါ..။ က်ဆုံးသြားၾကတဲ့ သူရဲေကာင္းေတြ အတြက္လည္း ျပဳသမၽွကုသိုလ္ေတြ ကို အမၽွေပးေဝရင္း ဆုေတာင္းစကားေလး ဆိုလိုက္တဲ့ ေမလသံစဥ္ရဲ့အလႉပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြအားလုံးက သာဓုေခၚဆုေတာင္းေပးထားၾကတာ ေတြ႕ရပါတယ္..။

Photo Credit – ေမလသံစဥ္ May Melody’s Fb Acc

unicode

ပရိသတ်ကြီးရေ.. အသံချိုချိုလေး နဲ့ သီချင်းကောင်းလေး တွေ များစွာ သီဆိုဖျော်ဖြေ တတ်တဲ့ အဆိုတော် မလေး မေလသံစဉ်ကတော့ ဂီတအနုပညာလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေအခိုင်အမာ ရရှိထားသူပဲ ဖြစ်ပါတယ်..။ ကိုယ်ပိုင် အရည်အချင်းတွေ နဲ့ လျှောက်လှမ်းရပ်တည်နေတဲ့ မေလသံစဉ်ကတော့ လက်ရှိ အခြေအနေတွေမှာလည်း လှုပ်ရှားမှုတွေပြုလုပ်ပြီး တော်လှန်ရေးတိုက်ပွဲ ကြီးမှာ ပြည်သူတွေ နဲ့ တစ်သားတည်း ရပ်တည်နေသူလေးပါ..။

လက်ရှိအချိန်မှာ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတဲ့ မေလသံစဉ် ကတော့ အလှူတွေ ပြုလုပ်ပြီး ကျဆုံးသွားကြတဲ့သူရဲကောင်းပြည်သူတွေအတွက် ရည်စူးကုသိုလ်လေးတွေနဲ့ အမျှဝေကောင်းမှုပြုပေးခဲ့တာလည်း တွေ့ရပါတယ်..။ တော်လှန် တိုက်ပွဲကြီးမှာ ကျဆုံးသွားကြတဲ့အနယ်နယ်အရပ်ရပ်က သူရဲကောင်းပြည်သူတွေအတွက် ရည်စူးကာ ဒီကနေ့ တပေါင်းလပြည့် နေ့မှာ အာဟာရဒါနအဖြစ် သီလရှင်ကျောင်းမှာ MILO တွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်..။

“တပေါင်းလပြည့်နေ့အလှူ🌕 အခု နောက်ပိုင်း ကုသိုလ်တခုပြုပြီးတိုင်း အမျှဝေတဲ့ အခါ ကိုးကွယ်တဲ့ ဘာသာတူတူ မတူတူ ခံယူချက်တူတဲ့ ကျဆုံးသွားသော အစ်ကို အစ်မ မောင်လေး ညီမလေးတွေ ကိုပါ လေးလေးနက်နက် အမျှပေးဝေ ဆုတောင်းပေးဖြစ်ပါတယ် 🙏🙏🙏..” ဆိုပြီး အလှူကို ဝေမျှပြောပြထားတာပါ..။ ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေ အတွက်လည်း ပြုသမျှကုသိုလ်တွေ ကို အမျှပေးဝေရင်း ဆုတောင်းစကားလေး ဆိုလိုက်တဲ့ မေလသံစဉ်ရဲ့အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအားလုံးက သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit – မေလသံစဉ် May Melody’s Fb Acc