ပရိတ်သတ်ကြီးရေ….အဆိုတော် မီးနိုကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူ ပရိသတ်တွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက်ပါဝင်အားဖြည့်နေကြတဲ့ ပြည်သူ တွေအားလုံးနဲ့အတူ မီးနိုကလည်း အလှူလေး တွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာပါ။အခုလို အခြေအနေတွေမတည်ငြိမ်နေသေးချိန်မှာ အခက်အခဲ တွေနဲ့မပြည့်မစုံ ရင်ဆိုင်နေရရှာတဲ့ ပြည်သူများထံကို မိတ်ဆွေ တွေနဲ့စုပေါင်းကာ အစားအသောက်များလည်း လှူဒါန်းခဲ့ပါသေးတယ်။

အခုလည်း ရင်ဘက် ကျည်ထိမှန်ကာ ဒဏ်ရာရရှိထားတဲ့ အန်တီဆီကို ကိုယ်တိုင်သွားရောက်ကာ အလှူရှင်တွေနဲ့စုပေါင်းပြီး အလှူငွေများနဲ့ လိုအပ်တဲ့ အစားအသောက်များ သွားရောက် လှူဒါန်းခဲ့ပြန်ပါတယ်။အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” မီးနို အရမ်းသွားထပ်လှူချင်နေတဲ့ ရင်ဘက် ကျည်ထိမှန်အန်တီဆီ သွားရောက် လှူတန်းပြီးပါပြီ..အန်တီက လှဲအိပ်လို့မရတော့ အန်တီအတွက် လိုအပ်တဲ့ Dream bed, မွေ့ယာ ,ခေါင်းအုံး, ပန်ကာ, ငွေသား ၁သိန်း ၈သောင်း နဲ့ အခြေခံစားသောက်ကုန်တွေကို သွားရောက်ပြီး ထပ်လှူခဲ့ပါတယ်..

မီးနိုကို ယုံကြည်ပြီး အလှူငွေတွေထည့်ပေးကြလို့လဲ အရမ်းကိုကျေးဇူးတင်ပါတယ်..အန်တီက အပတ်စဉ် ဆေးကုသ စရိတ်တွေ ကုန်ကျနေတာမို့ ကိုယ်တိုင်ကိုယ် ကျသွားရောက် လှူတန်းချင်တဲ့သူတွေရှိရင်လဲ မီးနိုကို လိပ်စာလာတောင်းလို့ရပါတယ်..”ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံးကို အထူပင်ကျေးဇူးတင်ရှိပါတယ်…။

Credit – Cele Zone
Photo – Mee No

ZAW GYI

ပရိတ္သတ္ႀကီးေရ….အဆိုေတာ္ မီးနိုကေတာ့ လက္ရွိအေျခအေနေတြမွာ ျပည္သူ ပရိသတ္ေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ရရာေနရာကေနတတ္နိုင္သေလာက္ပါဝင္အားျဖည့္ေနၾကတဲ့ ျပည္သူ ေတြအားလုံးနဲ႔အတူ မီးနိုကလည္း အလႉေလး ေတြနဲ႔ တစ္တပ္တစ္အားပါဝင္ေနတာပါ။အခုလို အေျခအေနေတြမတည္ၿငိမ္ေနေသးခ်ိန္မွာ အခက္အခဲ ေတြနဲ႔မျပည့္မစုံ ရင္ဆိုင္ေနရရွာတဲ့ ျပည္သူမ်ားထံကို မိတ္ေဆြ ေတြနဲ႔စုေပါင္းကာ အစားအေသာက္မ်ားလည္း လႉဒါန္းခဲ့ပါေသးတယ္။

အခုလည္း ရင္ဘက္ က်ည္ထိမွန္ကာ ဒဏ္ရာရရွိထားတဲ့ အန္တီဆီကို ကိုယ္တိုင္သြားေရာက္ကာ အလႉရွင္ေတြနဲ႔စုေပါင္းၿပီး အလႉေငြမ်ားနဲ႔ လိုအပ္တဲ့ အစားအေသာက္မ်ား သြားေရာက္ လႉဒါန္းခဲ့ျပန္ပါတယ္။အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” မီးနို အရမ္းသြားထပ္လႉခ်င္ေနတဲ့ ရင္ဘက္ က်ည္ထိမွန္အန္တီဆီ သြားေရာက္ လႉတန္းၿပီးပါၿပီ..အန္တီက လွဲအိပ္လို႔မရေတာ့ အန္တီအတြက္ လိုအပ္တဲ့ Dream bed, ေမြ႕ယာ ,ေခါင္းအုံး, ပန္ကာ, ေငြသား ၁သိန္း ၈ေသာင္း နဲ႔ အေျခခံစားေသာက္ကုန္ေတြကို သြားေရာက္ၿပီး ထပ္လႉခဲ့ပါတယ္..

မီးနိုကို ယုံၾကည္ၿပီး အလႉေငြေတြထည့္ေပးၾကလို႔လဲ အရမ္းကိုေက်းဇူးတင္ပါတယ္..အန္တီက အပတ္စဥ္ ေဆးကုသ စရိတ္ေတြ ကုန္က်ေနတာမို႔ ကိုယ္တိုင္ကိုယ္ က်သြားေရာက္ လႉတန္းခ်င္တဲ့သူေတြရွိရင္လဲ မီးနိုကို လိပ္စာလာေတာင္းလို႔ရပါတယ္..”ဆိုၿပီးေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ဖတ္ရႈေပးၾကတဲ့ ပရိတ္သတ္ေတြအားလုံးကို အထူပင္ေက်းဇူးတင္ရွိပါတယ္…။

Credit – Cele Zone
Photo – Mee No