ယခုျဖစ္ေပၚေနတဲ့အေျခအေန ေတြမွာဆိုရင္ လူမွန္းသိတတ္စအရြယ္ ကေလးငယ္ေလးေတြ ကပါ အသက္ေပးေနရတာျဖစ္ပါတယ္။မိဘေတြအေနနဲ႔လည္း မိမိတို႔ရဲ့အဖိုးတန္သားသမီးေလးေတြကို ဆုံးရႈံးလိုက္ရလို႔ ရင္ကြဲမတက္ ျဖစ္ေနၾကတာျဖစ္ပါတယ္။မေန႔ကဆိုရင္လည္း ေရႊဘိုၿမိဳ႕က (၁၃)ႏွစ္အရြယ္သာရွိေသးတဲ့ ေယာက္်ားေလးတစ္ေယာက္ကေတာ့ ဘာမွန္းမသိလိုက္ခင္အခ်ိန္မွာပဲ က်ည္ဆံထိမွန္ သြားၿပီး အသက္ဆုံးရႈံးသြားတာပဲျဖစ္ပါတယ္။ဖခင္ျဖစ္သူကလည္း သားေလးရဲ့ခႏၶာကိုယ္ကို က်စ္က်စ္ပါ ေအာင္ဖက္ရင္း ငိုေနရွာတာျဖစ္ပါတယ္။

ေယာက္်ားရင့္မာႀကီးတစ္ေယာက္ျဖစ္ေပမယ့္လည္း အရမ္းခ်စ္ရတဲ့ သားေလးကိုဆုံးရႈံးလိုက္ရတဲ့အတြက္“ကၽြန္ေတာ့္သား ေသသြားတာ”ဆိုၿပီး ေအာ္ဟစ္ငိုယိုေနတာ ျဖစ္ပါတယ္။သားေလးကို မၾကာခင္မွာရွင္ျပဳေပးဖို႔အတြက္စီစဥ္ထားတာ ျဖစ္ေပမယ့္လည္း မိဘေတြရဲ့အေပ်ာ္ဆုံးေန႔ျဖစ္တဲ့ သားရွင္ျပဳေန႔ကိုေတာင္ မေရာက္နိုင္ေတာ့တာျဖစ္ပါတယ္။ သားေလးရဲ့အျပဳံးေတြ၊ကစားေနတဲ့ ပုံေလးေတြကို ေနာက္ထပ္ျမင္ေတြ႕ခြင့္မရနိုင္ေတာ့တဲ့ ဖခင္ကေတာ့ ႐ူးမတတ္ခံစားေနရတာျဖစ္ပါတယ္။

ေမၽွာ္လင့္ခ်က္အလင္းေရာင္ေလးေပ်ာက္ကြယ္သြားလို႔ ယူၾကဳံးမရျဖစ္ေနတဲ့ ဖခင္ျဖစ္သူရဲ့ ခံစားခ်က္ကို ျပည္သူေတြကလည္း နားလည္ၿပီး ထပ္တူထပ္မၽွခံစားေနၾကရတာျဖစ္ပါတယ္။ဒီလိုမ်ိဳးအျဖစ္အပ်က္ေတြေၾကာင့္ လူငယ္ေတြရဲ့ အနာဂတ္၊မိဘေတြရဲ့ေမၽွာ္လင့္ခ်က္ေတြကို ဆုံးရႈံးေနရတာပဲျဖစ္ပါတယ္။သားေလးကို သူ႔ရဲ့ခႏၶာကိုယ္ေပၚမွာေပြ႕ဖက္ၿပီး ေျဖသိမ့္လို႔မရနိုင္ေအာင္ ရွိုက္ႀကီးတငင္ငို ေနရွာတဲ့ ဖခင္ျဖစ္သူရဲ့ ဗီဒီယိုဖိုင္ေလးကို ၾကည့္ၿပီး နာက်င္ခံစားရလို႔ ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Source&Video Credit: Original Uploder

uinicode

ယခုဖြစ်ပေါ်နေတဲ့အခြေအနေ တွေမှာဆိုရင် လူမှန်းသိတတ်စအရွယ် ကလေးငယ်လေးတွေ ကပါ အသက်ပေးနေရတာဖြစ်ပါတယ်။မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့အဖိုးတန်သားသမီးလေးတွေကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတက် ဖြစ်နေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း ရွှေဘိုမြို့က (၁၃)နှစ်အရွယ်သာရှိသေးတဲ့ ယောက်ျားလေးတစ်ယောက်ကတော့ ဘာမှန်းမသိလိုက်ခင်အချိန်မှာပဲ ကျည်ဆံထိမှန် သွားပြီး အသက်ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။ဖခင်ဖြစ်သူကလည်း သားလေးရဲ့ခန္ဓာကိုယ်ကို ကျစ်ကျစ်ပါ အောင်ဖက်ရင်း ငိုနေရှာတာဖြစ်ပါတယ်။

ယောက်ျားရင့်မာကြီးတစ်ယောက်ဖြစ်ပေမယ့်လည်း အရမ်းချစ်ရတဲ့ သားလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်“ကျွန်တော့်သား သေသွားတာ”ဆိုပြီး အော်ဟစ်ငိုယိုနေတာ ဖြစ်ပါတယ်။သားလေးကို မကြာခင်မှာရှင်ပြုပေးဖို့အတွက်စီစဉ်ထားတာ ဖြစ်ပေမယ့်လည်း မိဘတွေရဲ့အပျော်ဆုံးနေ့ဖြစ်တဲ့ သားရှင်ပြုနေ့ကိုတောင် မရောက်နိုင်တော့တာဖြစ်ပါတယ်။ သားလေးရဲ့အပြုံးတွေ၊ကစားနေတဲ့ ပုံလေးတွေကို နောက်ထပ်မြင်တွေ့ခွင့်မရနိုင်တော့တဲ့ ဖခင်ကတော့ ရူးမတတ်ခံစားနေရတာဖြစ်ပါတယ်။

မျှော်လင့်ချက်အလင်းရောင်လေးပျောက်ကွယ်သွားလို့ ယူကြုံးမရဖြစ်နေတဲ့ ဖခင်ဖြစ်သူရဲ့ ခံစားချက်ကို ပြည်သူတွေကလည်း နားလည်ပြီး ထပ်တူထပ်မျှခံစားနေကြရတာဖြစ်ပါတယ်။ဒီလိုမျိုးအဖြစ်အပျက်တွေကြောင့် လူငယ်တွေရဲ့ အနာဂတ်၊မိဘတွေရဲ့မျှော်လင့်ချက်တွေကို ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။သားလေးကို သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာပွေ့ဖက်ပြီး ဖြေသိမ့်လို့မရနိုင်အောင် ရှိုက်ကြီးတငင်ငို နေရှာတဲ့ ဖခင်ဖြစ်သူရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး နာကျင်ခံစားရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Video Credit: Original Uploder