ပီျပင္ ပိုင္နိုင္ လြန္းတဲ့ သ႐ုပ္ေဆာင္ေကာင္းမႈ ေတြနဲ႔ အတူ ဆယ္စုႏွစ္ေတြ ကတည္းက ယေန႔အခ်ိန္ထိ ျပည္သူပရိသတ္ေတြ ရဲ့ရင္ထဲ အခိုင္အမာ ေနရာယူထားသလို ပရဟိတ အလုပ္ေတြလည္း တစိုက္မတ္မတ္ လုပ္ေဆာင္ေနသူ ကေတာ့ အကယ္ဒမီဦးေက်ာ္သူ ပဲ ျဖစ္ပါတယ္..။ပရဟိတ မင္းသားႀကီး အျဖစ္ အမ်ားျပည္သူခ်စ္ခင္ ေလးစားေန ၾကရတဲ့ ဦးေက်ာ္သူ ဟာ လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ နဲ႔ ပတ္သက္ၿပီးေတာ့လည္း ျပည္သူေတြ နဲ႔အတူ တစ္သားတည္းရပ္တည္ေနတာလည္း အားလုံး ျမင္ေတြ႕ရမွ ာပါေနာ္..။

မၾကာခင္ ကမွ ကိုဗစ္ေရာဂါ ကုသေပ်ာက္ကင္း ခဲ့တဲ့ ဦးေက်ာ္သူဟာ က်န္းမာေရးအရ လမ္းေလၽွာက္ လႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ မပါဝင္နိုင္ေပမယ့္လည္း အမ်ားျပည္သူေတြ အိမ္ျပန္ခရီး အဆင္ေျပေစ နိုင္ဖို႔အတြက္ ကားေမာင္းၿပီး အခမဲ့ပို႔ေဆာင္ကာ ေပးခဲ့တာ ေတြ႕ရပါတယ္..။အားလုံး နဲ႔ တစ္သားတည္းရပ္တည္ကာ တတ္နိုင္သေလာက္ ပါဝင္အားျဖည့္ၿပီး ေရသန႔္ ၊ မုန႔္ ၊ အခ်ိဳရည္ဗူး ေတြနဲ႔ ရႉေဆးကဒ္ ေတြ ေဝငွခဲ့တဲ့အျပင္ ျပည္သူေတြ အိမ္ျပန္ခရီးကို အခမဲ့ ပို႔ေဆာင္ေပးနိုင္ဖို႔အတြက္ ေနပူပူထဲ ရပ္ေစာင့္ၿပီး တစ္တပ္ တစ္အားပါဝင္ ကူညီခဲ့တာ ျဖစ္ပါတယ္ေနာ္..။

“ကမ္ဘာေအး ေျမာက္ ဥကၠလာ ဝန္ေဆာင္မႈ ။ ဆူးေလမွာ ေနျခစ္ျခစ္ ေတာက္အပူ၊ ရင္ထဲက အ ပူမီးမ်ားျဖင့္ ျပန္လာၾကေသာ ေက်ာင္းသူ၊ ေက်ာင္းသား၊ ဝန္ထမ္း၊ ျပည္သူလူထုတို႔အား ရန္ကုန္ၿမိဳ႕ သမၼတ႐ုပ္ရွင္႐ုံ ေရွ႕မွ အျပန္ခရီးအတြက္ ကမ္ဘာေအး၊ ေျမာက္ဥကၠလာ အထိ အခမဲ့ဝန္ေဆာင္မႈတို႔အား ေသာက္ေရသန႔္ ဗူးမ်ား၊ အားျဖည့္ အခ်ိဳေရဗူးမ်ား တိုက္ေကၽြးကာ ကုသိုလ္ျဖစ္လုပ္ေဆာင္ေပးေနပါသည္။..” ဆိုၿပီး ေဝမၽွေျပာျပထားသလို”အုတ္တစ္ခ်ပ္၊သဲတစ္ပြင့္ႏွလုံးခြဲစိတ္ေသြးေၾကာေလးေခ်ာင္းလဲထား၊ ဒီၾကားထဲ ကိုဗစ္ကျဖစ္ခဲ့ရေတာ့အေမာသိပ္မခံနိုင္။

လမ္းေလၽွာက္ဆႏၵျပမႈ မလုပ္နိုင္ ၍ ကိုယ္နိုင္ရာ ေရသန႔္ ၊ မုန႔္မ်ား ၊ အ ခ်ိဳရည္ဗူးမ်ား ၊ ရႉေဆးကဒ္မ်ား ေဝငွျခင္းအျပင္ အမ်ားျပည္သူလူထုတို႔၏ အိမ္ျပန္ခရီးအဆင္ေၿပ ေခ်ာမြတ္ရန္ အတြက္ ဖယ္ရီ ပို႔ေဆာင္ျခင္း ဒါနကို ျပဳခဲ့ပါသည္။အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ ေပါ့ ခင္ဗ်ာ။..” ဆိုၿပီးေတာ့လည္း တစ္ေထာင့္တစ္ေနရာကေန ပံ့ပိုးကူညီခဲ့တာေလးေတြကိုလည္း ေဝမၽွထားပါေသးတယ္ေနာ္..။

သတင္းအရင္းျမစ္: Kyaw Thu’s Fb Acc

UNICODE

ပီပြင် ပိုင်နိုင် လွန်းတဲ့ သရုပ်ဆောင်ကောင်းမှု တွေနဲ့ အတူ ဆယ်စုနှစ်တွေ ကတည်းက ယနေ့အချိန်ထိ ပြည်သူပရိသတ်တွေ ရဲ့ရင်ထဲ အခိုင်အမာ နေရာယူထားသလို ပရဟိတ အလုပ်တွေလည်း တစိုက်မတ်မတ် လုပ်ဆောင်နေသူ ကတော့ အကယ်ဒမီဦးကျော်သူ ပဲ ဖြစ်ပါတယ်..။ပရဟိတ မင်းသားကြီး အဖြစ် အများပြည်သူချစ်ခင် လေးစားနေ ကြရတဲ့ ဦးကျော်သူ ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေ နဲ့အတူ တစ်သားတည်းရပ်တည်နေတာလည်း အားလုံး မြင်တွေ့ရမှ ာပါနော်..။

မကြာခင် ကမှ ကိုဗစ်ရောဂါ ကုသပျောက်ကင်း ခဲ့တဲ့ ဦးကျော်သူဟာ ကျန်းမာရေးအရ လမ်းလျှောက် လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် မပါဝင်နိုင်ပေမယ့်လည်း အများပြည်သူတွေ အိမ်ပြန်ခရီး အဆင်ပြေစေ နိုင်ဖို့အတွက် ကားမောင်းပြီး အခမဲ့ပို့ဆောင်ကာ ပေးခဲ့တာ တွေ့ရပါတယ်..။အားလုံး နဲ့ တစ်သားတည်းရပ်တည်ကာ တတ်နိုင်သလောက် ပါဝင်အားဖြည့်ပြီး ရေသန့် ၊ မုန့် ၊ အချိုရည်ဗူး တွေနဲ့ ရှူဆေးကဒ် တွေ ဝေငှခဲ့တဲ့အပြင် ပြည်သူတွေ အိမ်ပြန်ခရီးကို အခမဲ့ ပို့ဆောင်ပေးနိုင်ဖို့အတွက် နေပူပူထဲ ရပ်စောင့်ပြီး တစ်တပ် တစ်အားပါဝင် ကူညီခဲ့တာ ဖြစ်ပါတယ်နော်..။

“ကမ်ဘာအေး မြောက် ဥက္ကလာ ဝန်ဆောင်မှု ။ ဆူးလေမှာ နေခြစ်ခြစ် တောက်အပူ၊ ရင်ထဲက အ ပူမီးများဖြင့် ပြန်လာကြသော ကျောင်းသူ၊ ကျောင်းသား၊ ဝန်ထမ်း၊ ပြည်သူလူထုတို့အား ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ ရှေ့မှ အပြန်ခရီးအတွက် ကမ်ဘာအေး၊ မြောက်ဥက္ကလာ အထိ အခမဲ့ဝန်ဆောင်မှုတို့အား သောက်ရေသန့် ဗူးများ၊ အားဖြည့် အချိုရေဗူးများ တိုက်ကျွေးကာ ကုသိုလ်ဖြစ်လုပ်ဆောင်ပေးနေပါသည်။..” ဆိုပြီး ဝေမျှပြောပြထားသလို”အုတ်တစ်ချပ်၊သဲတစ်ပွင့်နှလုံးခွဲစိတ်သွေးကြောလေးချောင်းလဲထား၊ ဒီကြားထဲ ကိုဗစ်ကဖြစ်ခဲ့ရတော့အမောသိပ်မခံနိုင်။

လမ်းလျှောက်ဆန္ဒပြမှု မလုပ်နိုင် ၍ ကိုယ်နိုင်ရာ ရေသန့် ၊ မုန့်များ ၊ အ ချိုရည်ဗူးများ ၊ ရှူဆေးကဒ်များ ဝေငှခြင်းအပြင် အများပြည်သူလူထုတို့၏ အိမ်ပြန်ခရီးအဆင်ပြေ ချောမွတ်ရန် အတွက် ဖယ်ရီ ပို့ဆောင်ခြင်း ဒါနကို ပြုခဲ့ပါသည်။အုတ်တစ်ချပ် သဲတစ်ပွင့် ပေါ့ ခင်ဗျာ။..” ဆိုပြီးတော့လည်း တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီခဲ့တာလေးတွေကိုလည်း ဝေမျှထားပါသေးတယ်နော်..။

သတင်းအရင်းမြစ်: Kyaw Thu’s Fb Acc